My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, March 6, 2013

ကံ့ကော် ဝေဒနာ


  

မျက်စိ မှိတ်ထားရင်း ဥသြ ဆိုတဲ့ အသံလေးကို နားထောင်မိတယ်။  ကျွန်မ မျက်နှာပေါ်ကို ကံ့ကော်ဝတ်ဆံလေးတွေများ ကျလာသလား။ ရနံ့လေးတွေ မွှေးလာတယ်။ အမှန်တော့ ရင်ထဲက မှတ်ဥာဏ်ထဲက လာတဲ့ မွှေးရနံ့လေးရယ်ပါ။ နူးညံ့တဲ့ အဝါရောင် ဝတ်ဆံလေးနဲ့ ဖြူဖြူစင်စင် လှပနေတဲ့ မပျော့လွန်း မမာလွန်းတဲ့ ပွင့်ဖတ်လေးတွေ… နွေဦး လေပြေနဲ့အတူ ရောက်လာတတ်တဲ့ ကံ့ကော်လေးတွေလေ။ 
ကျွန်မ ပါးလေးတွေ နွေးလာတယ်… ဟော နွေလေရူးက ကျွန်မ ပါးကို နမ်းရှိုက်သွားခဲ့တာပဲ။ အလစ် အငိုက်မို့ ကျွန်မ မသိလိုက်ဘူး။  နွေလေရူးက ကျွန်မ ရှေ့က မြက်ရိုင်းပင်လေးတွေကိုပါ ဆော့ကစား သွားကြတယ်။ ယိမ်းနွဲ့သွားတဲ့ မြက်ရိုင်း ပင်တွေနဲ့အတူ ကျွန်မ စိတ်လည်း လှုပ်ရှားလာတယ်။ နွေလေရူး ပြန်လည် ခေါ်ဆောင်ရာ သိပ်မဝေးသေးတဲ့ အတိတ်ဆီကို စိတ်တွေ အပြေးအလွှားလိုက်ပါလို့… 

စာအုပ်ကို ငုံ့ဖတ်နေတဲ့ ကျွန်မ မြင်ကွင်းထဲကို အဝါရောင် ဝတ်ဆံ၊ အဖြူရောင်ပွင့်ဖတ်၊ အစိမ်းရောင် အရွက်ကလေးနဲ့ ကံ့ကော်ပန်းလေး တစ်ခက် ဝင်လာတယ်။ မော့ကြည့်လိုက်တော့ ကျွန်မကို တစ်ချက် စိုက်ကြည့် ပြုံးပြပြီး သူမဟုတ်သလို လှည့်ထွက်သွားတယ်။ ကျွန်မ ရင်ထဲ ဖိုကနည်း ဖြစ်သွားရရရင်း ရှက်ကိုး ရှက်ကန်းနဲ့ စိတ်ထဲ ယူလိုက်ရင်ကောင်းပါ့မလား တွေးမိသေးတယ် ဒါပေမယ့် သေချာတာကတော့ ဖြူစင်လှပသော ကံ့ကော်ပွင့်လေးတွေကို ဥပက္ခာဘယ်တုန်းက မလုပ်နိုင်သူလေ။ 

ကော်ရစ်တာထောင့်မှာ ပြန်ဆုံတော့ ကျွန်မ နားကြားမှာ ကပ်ပြီး ပန်ထားတဲ့ ကန့်ကော်လေးကို သူက စိုက်ကြည့်သွား သလို ကျွန်မ မျက်နှာမှာလည်း ရှက်ရိပ်တဝက်နဲ့ မျက်လုံးချင်း ဆုံမိကြတယ်။ သူက ကျေနပ်ပြုံး ကျွန်မက ရှက်ပြုံး အပြုံးချင်း ခလုတ်တိုက်မိတဲ့ ရင်ခုန်သံဟာ အိပ်မက်တွေထဲအထိ နယ်ကျော်လာခဲ့တယ်။ 

အသက်ဝင်တဲ့ မနက်ခင်းတွေ… ကံကော်ပွင့်လေးနဲ့ ကျွန်မရဲ့ ခုံလေး… သူရပ်နေတတ်တဲ့ ကော်ရစ်ဒါ ထောင့်လေးတွေ၊ စာဖတ်ရင်း ခိုးကြည့်တတ်တဲ့ အကြည့်တွေရဲ့ နောက်ပိုင်းမှာ… ညနေခင်း လမ်းလျှောက်ရင်း ကဗျာတွေအကြောင်း၊  နှစ်ယောက် အတူ ဆုံဖြစ်ကြတဲ့…. ကော်ဖီ ဆိမ့်ခါးခါး.. စကားပြောချိန်တွေ...

လူတွေဟာ ငှက်ကလေး တွေလိုပါပဲ…. အတောင်ပံတွေ ဖြန့်ဖြန့် ပျံကြရင်း… အဆုံးစမဲ့ ကောင်းကင်မှာ လမ်းတွေ ရှာဖွေကြရင်း နားခိုရာ မတူတဲ့အခါ… ဝေးဝေးကုန်ကြပြန်တယ်…

ဘယ်လိုပဲ ဝေးဝေး ကံ့ကော်ဦးနဲ့အတူ ကျွန်မ အနား ပြန်လာစေချင်လိုက်တာ… သူ့ကို ပြန်မလာရင် စိတ်ကောက်ခွင့် ကျွန်မမှာ ရှိရဲ့လား…  ကံကော်ပွင့်လို့မှ အရောက်မလာရင် စိတ်နာခွင့် ကျွန်မမှာ ရှိရဲ့လား..

ဘာဖြစ်ဖြစ် ကျွန်မ မျှော်နေတာ သူ့ကို ကံ့ကော်ပွင့်တွေက သတိပေး စေချင်လိုက်တာ..
ကံ့ကော်ရနံ့တွေက ကျွန်မဆီကို လမ်းပြခေါ်ဆောင်လာစေချင်လိုက်တာ…
သူမရှိသော နွေဦးသည် ကျွန်မအတွက် ကံ့ကော် မပန်ဖြစ်သော နွေဦးပင် ဖြစ်သည်။
ကိုယ့်ဘာသာ ခူးပန် ဝယ်ပန်လို့ ရပေမယ့် သူပေးခဲ့ဖူးသော ကံ့ကော်ကိုဖြင့် အစားမထိုး နိုင်ခဲ့တာ
သူသိစေချင်လိုက်တာ… 
ဟိုအရင်တုန်းက နေ့တွေကို လွမ်းနေသူ… စောင့်နေသူ ရှိတယ်ဆိုတာ သူသိပါရဲ့လား..

နွေဦး ကံ့ကော်အတူ ပြန်လာခဲ့ပါ ချစ်သူ …။


0 comments: