My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, September 27, 2012

သစ်တောလမ်း



လင်းတစ်ဝက် မှောင်တစ်ဝက်ကြားက နွေးသလိုလို အေးသလိုလို။ စိတ်ကို ညှို့ယူထားတာများ အနားက ဘယ်မှ ထွက်မသွားချင်လောက်အောင်ပဲ။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ သူနဲ့ကိုယ့်ကြားက မသိခြင်းတစ်ခု ခုကို သိနေသလို စိတ်ထဲက စိုးထိတ်မှု တစ်စုံတစ်ရာ ကလည်း အားကောင်းနေပြန်တယ်။
စိုးထိတ်ပေမယ့်လည်း လှည့်ထွက်ပြေးချင်စိတ်ကြတော့လည်း မရှိ။ တဖြည်းဖြည်း ပျော်ဝင်ဖို့ချည်း စိတ်လော နေမိအောင် ဆွဲဆောင်ထားပြန်လို့ တစ်စစ တိုးဝင်။ မှိုင်းညှို့ ညို့ စိမ်းလဲ့လဲ့ .. သူ့အနားမှာပဲ ပျော်ဝင်နေမိတယ်။
သူပြောလာမယ့် စကားသံတွေဆီကိုလည်း မျှော်လင့်တကြီး နားထောင် ချင်တဲ့ စိတ်နဲ့ သူဆိုညည်းပြတဲ့ သီချင်းသံတွေကို မြတ်နိုးစိတ်နဲ့ တိတ်တဆိတ် နားစွင့်ရတာကိုက ကျွန်မ ဘဝမှာ အနှစ်သက်ဆုံး အရာတွေပါ။
သူရဲ့ လောကကြီး ပေါ်အမြင် ဘယ်လို ရှိလိမ့်မလဲ ဆိုတာကလည်း ကျွန်မ အမြဲ တွေးတော အဖြေရှာနေမိတဲ့ အရာ။  
သူဖြတ်သန်းရတဲ့ နေ့တွေ၊ သူဘဝ ထဲက အကြောင်းအရာတွေ။ လောကအပေါ်ထားတဲ့ သူရဲ့ မေတ္တာ၊ ဥာဏ်ပညာနဲ့ စွမ်းအား။ သူ့ဘဝ ထဲက အကြောင်းအရာတွေက ကျွန်မကို စိတ်မဝင်စားပဲ မနေနိုင်အောင် ပြုစားထားတယ်။
ကျွန်မ ဘဝမှာ သူ့အကြောင်း စဉ်းစားမိလေ သူ့ကို တန်ဖိုးထားမိလေ။ သူ့ကို မြတ်နိုးတန်ဖိုးထား မိလေပါပဲ။
ကျွန်မ သူ့ကို ချစ်တယ်။ သူ့ဘဝထဲကို ကျွန်မ ဖြတ်သန်းသွားနေရတဲ့ အချိန်တိုင်းမှာ သူ့အနားမှာ နေရတဲ့ အချိန်တိုင်းမှာ ပိုပို ချစ်မိလာတယ်။
တကယ်တော့ သူက ကျွန်မနဲ့ ကျွန်မရဲ့ ကမ္ဘာလေးကို ငြိမ်းချမ်းခြင်း၊ လုံခြုံခြင်း၊ ပျော်ရွှင်ခြင်း တွေပေးပြီး ကျွန်မ သူ့ကို သတိမထား မိခင်ကတည်းက ချစ်နေတဲ့ သူပါတဲ့လေ။
ကျွန်မ သူ့ကို ချစ်သည်ဖြစ်စေ ၊ မချစ်သည် ဖြစ်စေ ကျွန်မအပေါ် အမြဲ တစ်ဖက်သတ် ချစ်ခြင်းတရားသက်သက်ကို ထာဝရ ပေးပြီးသားတဲ့လေ။ ကဲ ကျွန်မ ဘယ်လောက်များ ကံကောင်းလိုက်သလဲနော်။ ကျွန်မလည်း သူ့ ချစ်ခြင်းကို အပြန်အလှန် တန်ဖိုးထားပြီး ချစ်ဖို့ ဆုံးဖြတ်ထားတယ်။ သူဟာ ကျွန်မဘဝ ၊ ကျွန်မ ကမ္ဘာအတွက် မရှိမဖြစ်ပါ။ ကျွန်မ အသက်ရှူတိုင်း သူ့ကို လိုအပ်နေတယ်။
အားလုံးကိုလည်း အဲဒီလို ချစ်ခြင်းတရား ကို ခံစားမိစေချင်မိတယ်။
တောအုပ်လေး တစ်ခုထဲ ရောက်သွားရင် ၊ လမ်းလျှောက်မိရင် ရှင်တို့လည်း ဒီချစ်ခြင်းတွေကို ခံစားမိပါလိမ့်မယ်။
ကျွန်မ သစ်တောတွေ သဘာဝ ပတ်ဝန်းကျင်ကို ချစ်တယ်။ ရှင်တို့ကိုလည်း တောအုပ်ကလေးဆီ လမ်းလျှောက်သွားရင်း သူ့ချစ်ခြင်းတွေအကြောင်းကို ပြန်တွေး ခံစားကြည့်စေချင်တယ်။ သူ့တန်ဖိုးတွေကို သတိထား မိစေချင်ပါတယ်။ ချစ်ခြင်းတရားနဲ့ ကမ္ဘာမြေကို လှပစေချင် မိပါတယ်။

အလွမ်းပြေ 

0 comments: