My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Saturday, August 11, 2012

မေတ္တာ တံခါးပေါက်များ


 


ချစ်ခြင်းမေတ္တာဟာ မမျှော်လင့်တဲ့ တခါးကနေ ကျွန်မတို့ဆီကို ဝင်ရောက်လာတတ်ပါတယ်။ ယုံပါ။
မနေ့က ကလေးတစ်ယောက်က သူဆွဲထားတဲ့ ပန်းချီလေးကို လာပြရင်း ဘာမပြော ညာမပြော ကျွန်မလက်ကို ဆွဲပြီး တီချယ်ဖြူဖြူ တီချယ့်ကို သမီး ချစ်တယ်တဲ့။ သူပြောတာကို ကြားတော့ နောက် တခြား ကလေးတွေကလည်း သူတို့လည်း ချစ်တယ် ဆိုပြီး ကျွန်မကို ဝိုင်းပြောကြတော့ ကျွန်မလည်း သူတို့ကို ဖက်ပြီး တီချယ်လည်း သားတို့ သမီးတို့ကို ချစ်တယ်။ ချစ်လို့ သားတို့ သမီးတို့ ဆရာမ ဖြစ်ဖို့ ကြိုးစားနေတာပေါ့လို့ ပြန်ဖြေမိပါတယ်။ ကျွန်မ ရင်ထဲမှာ နွေးထွေးတဲ့ နူးညံ့တဲ့ ခံစားချက် တစ်ခုကို အပြည့်အဝ ခံစားလိုက်မိပါတယ်။

စိတ်ပညာအရလည်း ဖြစ်နိုင်တာ တစ်ခုကတော့   ကျွန်မအရွယ်ဟာ မိခင်တစ်ယောက်ဖြစ်ရမယ့် အရွယ်ပေမယ့် တစ်ယောက်တည်းနေဖြစ်တာ များတဲ့ ကျွန်မမှာ အတူနေတဲ့  သားသမီးလို ချစ်ရမယ့် တူ၊တူမလေး တွေလိုမျိုးမရှိသလို အလုပ်များတော့ ရှိတဲ့ ဝမ်းကွဲ တူ၊တူမ လေးတွေဆီ၊ သူငယ်ချင်းတွေရဲ့ ကလေးတွေဆီလည်း တစ်ခါ တစ်လေပဲ ရောက်ဖြစ်တယ်လေ။ နဂိုက ကလေး ချစ်တတ်တဲ့ ကျွန်မဟာ အခု ကျောင်းခန်းထဲမှာ သူတို့ကလေးတွေနဲ့ နေ့စဉ်လို ထိတွေ့နေရတဲ့ အခါ သူတို့ကို မသိစိတ်နဲ့ ကိုယ့်သားသမီးလေးတွေလို မိခင်စိတ်နဲ့ ချစ်မေတ္တာနဲ့ ချစ်မိသလို သူတို့ကလည်း ပြန်ချစ်ကြတော့  စိတ်ထဲက ကွက်လပ်လေး ပြည့်သွားတဲ့ ခံစားချက်မျိုးလည်း ဖြစ်နိုင်တယ်လို့ တွေးမိပါတယ်။

ကျွန်မ သူတို့ ဆရာမ ဖြစ်လာတဲ့ ဒီအချိန်တိုလေး အတွင်း ကျွန်မ ဆီမှာ သေချာတဲ့ ခံစားချက် တစ်ခုက ကျွန်မ ချစ်ခြင်းမေတ္တာကို နေ့တိုင်း အာဟာရလို ရရှိနေတဲ့ နူးညံ့တဲ့ ပြောပြလို့ မရနိုင်တဲ့ နှလုံးသားထဲက ခံစားချက် တစ်မျိုးပါပဲ။
တကယ်တော့ ကျွန်မ ချစ်ခြင်းမေတ္တာကို ပေးဖို့သာ ကြိုးစားခဲ့သူပါ။ သူတို့ဆီက ပြန်ရဖို့ကို အမှန်ပြောရရင် ကျွန်မ အတွေးထဲမှာ မျှော်လင့် မထားခဲ့  တွေးမထားမိခဲ့ဘူး။

ကျွန်မဘဝမှာ မှတ်မှတ်ရရ ဆရာ ရဲမြလွင် ဘာသာပြန်ပြီး မူရင်း ဂျပန် စာရေးဆရာမ ရိုးယာနာဂီ တက်စုကိုး ရဲ့ တော့တို့ဂျန် ဆိုတဲ့ ဂျပန်ဝတ္ထုလေးကို ဖတ်ပြီးကတည်းက ကျွန်မ ဘာလုပ်ချင်လဲ ဆိုတာကို ခေါင်းထဲမှာ ဝင်းကနဲ ဖြစ်သွားပါတယ်။ ကာတွန်းထဲမှာဆိုရင်တော့ မီးလုံးလေး ပွင့်သွားတာပေါ့။ ဒါကြောင့် ကျွန်မ လူကြီးတွေကို စာသင်ရင်း ကလေးတွေရဲ့ ဆရာမ ဖြစ်လာဖို့လည်း စိတ်ကူးယဉ် အိပ်မက်မက် ခဲ့သလို စာတွေဖတ်ရင်း လေ့လာခဲ့မိတယ်။

သီအိုရီတွေနဲ့ လက်တွေ့အလုပ်လုပ်ကိုင်မှု ကြားမှာ ကြည့်ရှုလေ့လာခြင်းဟာလည်း အရေးပါတဲ့ ကြားခံ အဆင့်တစ်ခုပါ။ ဒါကြောင့် ကျွန်မ ကလေးတွေအတွက် ဖွင့်ထားတဲ့ ကျွန်မ နှစ်သက် သဘောကျတဲ့ ပညာဥယျာဉ်တစ်ခုမှာ စေတနာ့ဝန်ထမ်း လုပ်ဖို့ ဆုံးဖြတ်ပြီး အဲဒီ ကျောင်းက တည်ထောင်သူ ဆရာကြီးကို ကိုယ်တိုင် သွားတွေ့ပြီး အကျိုးအကြောင်းပြောပြ ခွင့်တောင်းခဲ့ပါတယ်။ ဒီလိုနဲ့ ဆရာကြီးရဲ့ ခွင့်ပြုချက်နဲ့ ကျွန်မ စေတနာ့ဝန်ထမ်းအဖြစ်နဲ့ လေ့လာသင်ယူခွင့် ခဲ့ပါတယ်။

ကျွန်မ ကလေးတွေကို ချစ်တယ်။ သူတို့ မျက်နှာလေးတွေ အမြဲ ရွှင်လန်း နေတာကိုပဲ မြင်ခြင်တယ်။  ကောင်းမွန်စွာ ကြီးပြင်းခွင့် မရတဲ့ ကလေးတွေကို မြင်တိုင်း ကျွန်မ စိတ်မကောင်း ဖြစ်ရတယ်။ ဒီလိုနဲ့ ကျွန်မ ကလေးတွေရဲ့ ဆရာမ ဖြစ်ဖို့ ကြိုးစားခဲ့တာပါ။ အခုတော့ သူတို့က ကျွန်မကို ချစ်ခြင်း မေတ္တာ အကြောင်းကို ပြန်သင်ကြား ပေးနေကြပါတယ်။

ကလေးတွေ ဆီကရတဲ့ နွေးထွေးတဲ့ ခံစားချက်က ကျွန်မ ကို အားအင်တွေ ရစေတယ်။ အဲဒီ အားအင်တွေကြောင့် လူကြီးတွေကို စာသင်ရတဲ့ မူရင်း အလုပ်ကိုပါ ပို အဆင်ပြေလာစေသလိုပဲ.. အရင်ကထက် ပျော်ရွှင်လာသလို ခံစားရတယ်။

တကယ်ယုံလိုက်ပါ။ ချစ်ခြင်းမေတ္တာက သင်မထင်မှတ်တဲ့ တံခါးကနေ ဝင်လာတတ်ပြီး သင့်ကို ပျော်ရွှင်မှုတွေ ပေးနိုင်တယ် ဆိုတာ.. တစ်ခုပဲ သင့်နှလုံးသား တံခါးကို ဖွင့်ထားဖို့နဲ့ သင်ကလည်း ချစ်တတ်ဖို့ လိုပါလိမ့်မယ်။ ကျွန်မ အခုဆို တစ်ပတ် ၃ ရက် ကလေးတွေဆီ သွားတဲ့  နေ့တိုင်း ချစ်ခြင်း မေတ္တာရဲ့ နူးညံ့မှုနဲ့ ပျော်ရွှင်ခြင်းကို ခံစားနေရပါတယ်..။

ဒါကြောင့် ကျွန်မခံစားချက်ကို စာဖတ်သူတွေနဲ့ မျှဝေဖို့ ဒီစာ လေးကို ရေးဖြစ်တာပါ။


ခင်မင်စွာဖြင့်

အလွမ်းပြေ

2 comments:

Unknown said...

I feel your kindness ,too.
Very good work and your happy is very clean.i

Unknown said...

Have a nice day.