My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Tuesday, September 4, 2012

ချစ်သူ့ ညချမ်းများ




သည် မွေးမြလို့ နေ၏။ ပို ပြည့်စုံ နေရတဲ့ အကြောင်းအရင်းသည် သူ ကျွန်မ နားတွင် ရှိနေသောကြောင့်လည်း ဖြစ်နေပေလိမ့်မည်။

  ဒီလို အချိန်လေးတွေက ချစ်သူတွေရဲ့ ဘဝမှာ ရခဲတယ် မဟုတ်လား။ ကျွန်မတို့ နှစ်ဦးစလုံး မော့ကြည့်နေသော ကောင်းကင်မှ ကြယ်များသည်လည်း ကျွန်မတို့ နှစ်ဦး ဘေးကို ခုန်ဆင်းလာတော့ မလို ကောင်းကင်နှင့် ကျွန်မတို့ နီးနီးလေး လိုလို။ 
ကျွန်မက လက်များကို ဆန့်တန်းပြီး 'မောင် တို့ကို ကြယ်တွေ ခူးပေးပါ' လို့ ပြောတော့ သူက ခူးပေးဖို့မှ မလိုတာ  ကြယ်က ရှိနေတယ်လေ.. တို့ အနားမှာ တဲ့။
ဘယ်မှာလဲ မောင်ရဲ့... အပျင်းထူလိုက်တာ.. မောင် မခူးပေးလဲ နေကွာ .. 
ကိုယ့်ဘာသာ ကြယ်တွေရေ ဆင်းလာတော့လို့ အော်ခေါ်လိုက်မှာနော်.. လို့ ပြန်ပြောတော့ ..
ဟး... ဒီလောက် ဆိပ်ငြိမ်ပြီး လှနေတဲ့ ညလေးကို မဖျက်ဆီးလိုက်ပါနဲ့ကွာ...။ 
ကိုယ်တို့ ဘဝအမောတွေ အများကြီး ရှိနေသေးတာ... ဖြတ်ခဲ့ရတဲ့ ဘဝ အမောတွေရော... အခုလို လှတဲ့ ညလေးကို ငြိမ်ငြိမ်သက်သက်လေး ခံစားကြရအောင် လို့ သူက ပြောလာတယ်...။ 

ကျွန်မလည်း  နျှုတ်ခမ်းစူပြီး တွေ့လား .. မောင်က တို့ အသံကို အခုတော့ အနှောက်အယှက်လို မြင်ပြီ ပေါ့လေ..

 မောင်မောရင် ပျော်ရွှင်အောင် သီချင်းဆိုပြနေကျ ကျွန်မရဲ့ အသံကို မောင်က ကြယ်လေးတွေနဲ့ ယှဉ်လိုက်တော့ ငြိုငြင်ပြီးပေါ့.. တော်ပြီကွာ... ကြယ်တွေကို မနာလိုဘူး... နောက်ဆို ကြယ်တွေကို မချစ်တော့ဘူး.. လို့ ပြောမိတယ်။ စိတ်ထဲမှာလည်း စိတ်ကောက်လာတယ်။ 

ချစ်ရင် သဝန်တိုတတ်တ မိန်းကလေးတွေရဲ့ သဘာဝပဲ ထင်ပါရဲ့နော် မောင်ရယ်။ ကြယ်လေး တွေနဲ့ ယှဉ်တာတောင် ကျွန်မ မနာလို ဖြစ်မိတယ်။ 
ဟား..ဟား..ဟား..
ကျွန်မ စကားအဆုံးမှာ.. မောင့်ရဲ့ က ကြည်ကြည်စင်စင် ဟက်ဟက်ပက်ပက် ရယ်သံက ပေါ်လာသည်
ကျွန်မရဲ့ နှုတ်ခမ်းက ပိုပြီး စူသွားတာပေါ့..။ ကြည့်စမ်း ကျွန်မကို ရယ်နေပုံများ..။ မုန်းစရာ လို့တော့ မပြောရက်ပါ..။

ကလေးပေါက်စ ကြနေတာပဲ… စကားကို ကြတော့ သေသေချာချာ နားမထောင်ပဲနဲ့.. လို့ မောင်က ပြောတော့ ကျွန်မက ပိုကောက်ချိတ်လာတာပေါ့။

သူက ဆက်ပြောသေးတယ်…. အခုတလောနော်… မနာလိုလည်း ဖြစ်တတ်လာတယ်… စိတ်လည်း ပိုကောက်တတ်လာတယ်... သူချစ်ပါတယ် ဆိုတဲ့ ကြယ်တွေ ကိုတောင်  တို တတ်လာတာကိုး… ကဲပါ ..လာ မောင် .. ပြောပြမယ် နားထောင်နော်..။

သူက ကျွန်မကို သူ့လက်မောင်ပေါ်မှာ အိပ်စေပြီး…
နားထောင်နော် မောင် ကဗျာရွတ်ပြမယ်… စိတ်မကောက်နဲ့တော့…
ကဗျာလေးတွေကို ချစ်သော ကျွန်မ စိတ်ကောက်တိုင်း မောင်က ကဗျာလေးတွေ ရွတ်ပြပြီး ချော့နေ ကျလေ.. 
ကြယ်တွေကို ကြည့်ရင်း... မောင့်ပခုံးမှာ ခေါင်းအုံးလို့... ကျွန်မ မောင် ရွတ်ပြမယ့် ကဗျာလေးကို နားစွင့်နေမိတယ်... 
ညလေပြေမှာ .. မောင့်အသံက နူးနူးညံ့ညံ့နဲ့ သြသြလေး... ပျံ့လွင့်လို့.. 

“I have made You the polar star of my existence;

never again can I lose my way in the
voyage of life.
Wherever I go, You are always there to
shower your benefience all around me.

Your face is ever present before my mind's eyes.
If I lose sight of You even for a moment,

I almost lose my mind.
Whenever my heart is about to go astray, just
a glance of You makes it feel ashamed of itself.’

တဂိုး ရဲ့ My polar star ဆိုတဲ့ ကဗျာလေးလေး.. မောင့် ရဲ့ ကြယ်ကလေးက မင်းပဲဟာ ဒါကြောင့် အစောကြီး ကတည်းက တခြား ကြယ်တွေကို ဆင်းလာဖို့ ခေါ်စရာ မလိုဘူးလို့ ပြောတာပေါ့..။ 
ကိုယ့် ဘဝမှာ မင်းက အဓိကပဲ လောကမှာ တခြားကြယ်တွေတော့ ရှိနေတာပဲလေ..။ အဲဒီ ကြယ်တွေက မင်းနဲ့ အတူတူ ငေးကြည့်ပြီး ခုလို ခံစားဖြစ်ရင် ဖြစ်မယ်..။ကိုယ့်ဘဝရဲ့ လက်တွဲဖော်နဲ့  တိုင်ပင်ဖော်၊ ဘဝအဖော်က မောင့်ရဲ့ ကြယ်လေး မင်းပဲလေ..။  မင်းက မရှိမဖြစ် ကိုယ့်ရဲ့ ကြယ်ကလေးပါကွာ..။
ကျွန်မ စိတ်ထဲက ကြည်နူးမှုနဲ့  မောင့် နသယ်စလေးတွေကို လှမ်းနမ်းမိတယ်..။
               အမှောင်ထဲမှာ မောင် နှုတ်ခမ်း ပြုံးသွားမယ် ဆိုတာ ကျွန်မ ခံစားမိတာပေါ့  ကျွန်မ နှုတ်ခမ်းတွေလည်း ပြုံးနေတယ်လေ..။ 
တကယ်တော့ ကျွန်မရဲ့ Polar Star ကသာ မောင်ပါ။ ကျွန်မလည်း မောင်မရှိဘဲ ဘဝ ခရီးကို တစ်ယောက်တည်း မဆက်နိုင်ဘူး။ မောင့် ရှိမှ ဖြစ်မယ်။ ကျွန်မကို ခွဲမသွားပါနဲ့နော် လို့ မောင့်ကို တောင်းဆိုမိတယ်။
မောင်က ကျွန်မကို တင်းတင်း ပြန်ပွေ့ဖက်ထားရင်း..
စိတ်ချ မောင်တို့ ဘယ်တော့မှ မခွဲဘူးလို့ တိုးတိုး ရွတ်ဆိုလိုက်တယ်..
ကြည်စင်နေတဲ့ကောင်းကင်နဲ့ ညလေပြေညင်းက လိုက်ဖက်စွာ…
ကြယ်တွေ စုံရဲ့ ညခင်းဟာ အချစ်ရဲ့ ရနံ့များနဲ့ ထုံသင်းနေတာ… နောင် နှစ်များစွာ တိုင်အထိပဲ ဖြစ်ပါစေ … ကျွန်မအတွက် ဘဝမှာ  မောင်ဟာ... မရှိမဖြစ် လိုအပ်တယ် မောင်ရယ်.. မောင်ရှိမှာ ပြည့်စုံလိမ့်မယ်..
ကျွန်မ တိုးတိုးလေး ဆုတောင်းမိတယ်... 
ချစ်သူများရဲ့ ညခင်းတွေ ထာဝရ တည်မြဲပါစေသား။ 

အလွမ်းပြေ 


0 comments: