My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, December 29, 2011

အခွင့်အရေးဆိုတာ ... အခွင့်အရေး ယူပါ ( ၂ )

အခွင့်အရေး ဆိုတာ... အခွင့်အရေးယူပါ ( ၁ )

အခွင့်အရေးဆိုတာ … အခွင့်အရေးယူပါ ( ၂ ) 


သမိုင်းဆရာကြီးတွေ ပြောတတ်တဲ့ စကားရှိတယ်ရှင့်  သမိုင်းကို လေ့လာတာ၊ သင်ယူတာ၊ သင်ကြားပေးတာ မအ ရအောင်ပါတဲ့။ အဲဒီလိုပဲ ကျွန်မ တွေးမိတဲ့ နောက်တစ်ချက်က အယူအဆ၊ အယူဝါဒ တစ်ခုခု၊ ယုံကြည်မှု တစ်ခုခုပဲ ဖြစ်ဖြစ်၊ အကောင်း အဆိုး၊ အမှား အမှန် ဆိုတာ အခြေအနေနဲ့ အချိန်အခါ အပေါ် မူတည်နေတတ် ပါတယ်။ နောက်ပြီး အသုံးအနှုန်း တူပေမယ့် အဓိပ္ပါယ် ကောက်ယူပုံခြင်းလည်း ကွဲပြားနေတတ်ပါတယ်။ အမှန် အမှားကို ခွဲခြားဖို့အတွက်  ဒီအယူအဆတစ်ခု ဘာကြောင့် ပေါ်လာတယ် ။ ဘယ်လိုစပြီး ယူဆ တွေးခေါ် ခဲ့ကြတယ်။ ဘာကို အခြေခံတယ် ။ စတဲ့ အခြေခံ သမိုင်းကြောင်း ဆိုတာတွေကို နားလည်ထားမှ ကိုယ့်ရဲ့ လက်ရှိ အခြေအနေ နဲ့ အချိန်အခါ အပေါ်ကို သုံးသတ်ပြီးမှသာ ကိုက်ညီသလား မှန်ကန်သလား ပြန်လည် တွေးတော ယူနိုင်ဖို့ လိုအပ်ပါတယ်။ 




လူ့အခွင့်အရေးအကြောင်း ပြောမယ်ဆိုရင် သူ့သမိုင်းကြောင်းလေးကိုလည်း သိထားဖို့ လိုပါလိမ့်မယ်။ ကျွန်မတို့လည်း အခု လူအခွင့်အရေး ပြောချင်ရင် သူ့ရဲ့ သမိုင်းကြောင်းလေးနဲ့ ပေါ်ပေါက် လာပုံတို့ကို ပြန် ပြီး လေ့လာ ကြည့်ရရင်။ လူ့အခွင့်အရေးဆိုတာကို စပြီး ပြောလာကြတာ ၁၈ ရာစု မတိုင်ခင် ကတည်းကပဲ။  လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားမှုတွေကို ၁၉၇၀ လောက်က စပြီး အမေရိက၊ လက်တင် အမေရိက ၊ ဥရောပ စတဲ့ အနောက် နိုင်ငံတွေနဲ့ အရှေ့ဘက်က ဆိုရှယ်လစ်နိုင်ငံ တွေမှာ စတင် လာကြတာကို တွေ့ရပါတယ်။ အဲဒီတုန်းက အစိုးရတွေရဲ့ အကြွင်းမဲ့ အာဏာလွမ်းမိုးထားမှုတွေကို ဆန့်ကျင်တဲ့ အနေနဲ့ လူ့အခွင့်အရေး တောင်းဆိုမှုတွေကို လှုပ်ရှားလုပ်ဆောင်ခဲ့ကြတာပါ။ အခုနောက်ပိုင်း ၂၁ ရာစုနဲ့ နောက်ပိုင်းခေတ်ကာလတွေ ကတော့  ဒီအခြေခံ သဘောတရားအပြင် အခြား ဒီထက်ပိုတဲ့ အကြောင်းအရာတွေ သဘောတရားတွေကိုပါ ထပ်ပေါင်းလာကြတာကို တွေ့ရပါတယ်။ 

လူ့အခွင့်အရေး လှုပ်ရှားမှု ဖြစ်စဉ်တွေကို ကြည့်ရင်  Early Civilization ( လူယဉ်ကျေးမှုသမိုင်း အစောပိုင်းကာလ) ဒီအချိန်များမှာ ကတော့  အုပ်ချုပ်သူလူတန်းစားတွေရဲ့ အကြွင်းမဲ့ အာဏာအောက်က လွတ်မြောက်ဖို့ကို ဦးတည်ပြီး ကြိုးပမ်းခဲ့ကြပြီး ဦးဆောင် လှုပ်ရှားသူတွေက ဘာသာရေး ခေါင်းဆောင်တွေ ဖြစ်ကြတာကို တွေ့ ရပါတယ်။ သူတို့ရဲ့ နောက်လိုက်တွေရဲ့ ဆုံးရှုံးမှူတွေအတွက် ကာကွယ်ပေးချင်တဲ့ သဘော သက်ရောက်တာကို တွေ့ရပါတယ်။ ဒါကြောင့်  လူ့အခွင့်အရေး လှုပ်ရှားမှုဟာ နိုင်ငံရေးနဲ့ ဘာသာရေး ကို အခြေခံပြီး နိုင်ငံသားအခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို ဦးတည် ခဲ့ကြတာ တွေ့ရပါတယ်။ 

၁၈ နဲ့ ၁၉ ရာစု အတွေးအခေါ်ပညာရှင်တွေက သဘာဝအခွင့်အရေး (Natural Rights) အကြောင်းကို အများအပြား ဆွေးနွေးတွေးခေါ် ခဲ့ကြပါတယ်။ ဒီအယူအဆက ဘယ်နိုင်ငံ၊ ဘယ်ယဉ်ကျေးမှု၊ ဘယ်ဘာသာတရား အောက်မှာကို အခြေမခံဘဲ  လူသားတစ်ယောက်အဖြစ် ကမ္ဘာမြေပေါ်မှာ မွေးဖွားလာကတည်းက လူတိုင်း ကိုယ်စီမှာ သူ့ရဲ့ မွေးရာပါ သဘာဝတရားက ပေးထားတဲ့ အခွင့် အရေး ရှိပြီး ကမ္ဘာပေါ်ရှိ လူသားတိုင်းမှာ ဒီ တူညီတဲ့ အခွင့်အရေးကို ရယူ ကျင့်သုံး ပိုင်ခွင့် ရှိတယ် ဆိုတာပါပဲ။




၁၉ ရာစုအလယ်ပိုင်းနဲ့ နောင်းပိုင်း ကာလတွေမှာ ကျွန်စနစ်တွေ၊ အဖိနှိပ်ခံ အလုပ်သမားတွေ၊ လယ်သမား တွေရဲ့ အရေးကိစ္စတွေ ပြဿနာတွေဟာ ဒီ လူ့သားအခွင့်အရေး ဆိုတာကို အသိပြုဖို့ ပိုမို ပေါ်လွင်စေ အကြောင်းအရာတွေ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံအလိုက် ဒေသအလိုက် လူတွေဟာ သူတို့ရဲ့ ထိခိုက် နစ်နာ မှုတွေကို သဘောပေါက်နားလည် လာကြပြီး အစုအဖွဲ့အလိုက် သူတို့ရဲ့ အခွင့်အရေးအတွက် ဖိနှိပ် သူတွေကို ဆန့်ကျင် တောင်းဆိုမှုတွေ ဖြစ်လာတယ်။ ဥပမာ- အလုပ်သမားအဖွဲ့ အစည်းက ဦးဆောင်ပြီး အလုပ်သမားတွေရဲ့ အလုပ်ချိန်၊ လုပ်ခ လစာ၊ ခံစားခွင့်တွေကို တောင်းဆို ခဲ့ကြတာမျိုးတွေပါ။ အစောပိုင်း ကာလ လှုပ်ရှားမှုတွေဟာ အတော်ကြမ်းတမ်းပြီး အခွင့်အရေး ဆုံးရှုံးသူများနဲ့ ပိုမိုရယူထားသူများကြားက ပဋိပက္ခဟာ တော်တော် ကြမ်းတမ်းပြီး  ပြဿနာအတော်များတယ် ဆိုတာကို အဲဒီခေတ် ပတ်ဝန်းကျင်က သပိတ်တွေ၊ လှုပ်ရှားမှုတွေ အကြောင်းကို ပြန်ကြည့်ရင် တော်တော် သိသာပါတယ်။ ဒီနေရာမှာ လှုပ်ရှားမှု အကြောင်းတွေကို အပိုင်းတွေ အများကြီးခွဲရအောင် ရှည်သွားမှာ စိုးလို့ အကျယ်ချဲ့ပြီး မပြောတော့ပါဘူး။ 


နောက်ပိုင်း မျက်မှောက်ခေတ်ကို ကြည့်ရင်တော့ အသင်းအဖွဲ့ တစ်ခုရဲ့ အခွင့်အရေးထက် တစ်ဦးချင်းစီရဲ့ အခွင့်အရေးဘက်ကို ပိုမိုဦးတည်လာကြပြီး ဥပမာ ပြောရရင် ဘာသာရေးအသင်းအဖွဲ့ အောက်ကနေ နိုင်ငံသားတွေရဲ့ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို တောင်းဆိုတာမျိုးထက် တစ်ဦးချင်း အခွင့်အရေး ဆုံးရှုံးတယ် ထင်တဲ့ သူတွေ စုပေါင်း ဖွဲ့စည်းတဲ့ အသင်းအဖွဲ့တွေနဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ထင်ထင်ရှားရှား တွေ့လာရပါတယ်။ လိင်တူ ဆက်ဆံ သူများ အသင်းနဲ့ ၄င်းတို့ရဲ့ အခွင့်အရေး တောင်းဆိုတဲ့ လှုပ်ရှားမှုများ လိုမျိုးပါ။ 
မျက်မှောက်ခေတ် လူ့အခွင့်အရေးလှုပ်ရှားမှုတွေဟာ Freedom ( လွတ်လပ်ခွင့် ) နဲ့ Equality ( သာတူညီမျှရှိမှု) တို့ကို ပိုဦးတည် ပြောဆိုလာကြတာကို တွေ့ရပါတယ်။ ကမ္ဘာအနှံ့မှာ လွတ်လပ်စွာ ပြောဆိုရေးသား ပိုင်ခွင့်၊ အမျိုးသမီး အခွင့်အရေး၊ လိင်တူဆက်ဆံသူချင်း လက်ထပ်ခွင့် စတဲ့ လှုပ်ရှားမှု တွေကို လှုပ်ရှားမှုတွေအဖြစ် တွေ့ရှိနိုင်ပါတယ်။ တစ်နည်းအားဖြင့် ဘာသာရေး၊ လူမျိုးရေး တွေကို အခြေမခံဘဲ လူသားတစ်ယောက်ရဲ့ အခွင့်အရေး ဆိုတဲ့ အတွေးအခေါ် ပိုမို စိုးမိုးလာတယ်လို့ ပြောလို့ရပါတယ်။ 




လူအခွင့်အရေးဆိုတာဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် နှင့် တန်းတူညီမျှမှုကို ရည်ညွှန်းတာမို့ တစ်ဖက်က အာဏာကြီးစိုးမှုတွေ၊ အနိုင်ကျင့် ထိန်းချုပ်မှုတွေ၊ တရားမမျှတမှုတွေကို ဆန့်ကျင်ပြီး လူသားအချင်းချင်း အတူတူ နေထိုင်နိုင်ဖို့ တစ်ဦးနဲ့ တစ်ဦးအကြားမှာ တစ်ဦးအခွင့်အရေးကို တစ်ဦး လေးစားစေချင်တဲ့ ရည်ရွယ်ချက်ကို ဖော်ညွှန်းတာပါပဲ။



ဒါဟာ ပဋိပကတွေကို ရပ်စေချင်ပြီး ပိုကောင်းတဲ့ ကမ္ဘာကြီးဖြစ်ဖို့နဲ့  ငြိမ်းချမ်းရေးကို ဖော်ဆောင်စေချင်တဲ့  လူသားအချင်းချင်း ကြားက Social Contract ( လူမှု သဘောတူညီချက်) ပါပဲ။ 



လူ့အခွင့်အရေး လို့ ဘယ်အချက်တွေ သတ်မှတ်ထားလဲ အဲလို သတ်မှတ်ဖို့ ဆိုင်ရာ သဘောတူညီချက်တွေ ကမ္ဘာမှာ ပေါ်လာဖို့ ဘယ်လို အဆင့်ဆင့် လုပ်ဆောင် ခဲ့ကြလည်း ဆိုတာကို ဆက်ပြောပြချင်ပါသေးတယ်။ 

 ( ဆက်ပါဦးမည်)


အလွမ်းပြေ 


References :
Wikipedia

0 comments: