My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, September 29, 2011

အချစ်ရဲ့ အခြား တစ်ဖက်မှာ




(၁)
ကျွန်းပင်တွေကြားက လမ်းလေးမှာ ခွေးတစ်ကောင်က လွဲလို့ ဘယ်သူမှ မရှိပါလား။  
 အဝေးက နာရီသံကြားရသည်။ လမ်းပေါ် သစ်ရွက်ကြွေသံကအစ ကြားနေရသည်။ 
ကျောင်းကြီးက ဒီလို ဆိုတော့လည်း တိတ်ဆိတ်လိုက်တာများ… 
နေ့လည်နဲ့တော့ တစ်ခြားစီ…
ဂျိန်းးး  ဆိုသော အသံနှင့်အတူ မျက်လုံးထဲမှာ လင်းကနဲ အလင်းတန်းက ဖြတ်ပြေးသွားသည် ..
ဟာ… မိုးတွေ ရွာတော့မှာလား… အခုမှ ကျောင်းဝန်းထဲမှာပဲ ရှိသေးသည်။
ကျောင်းဝန်း အနောက်ဘက်ရှိ လမ်းတွင်ရှိသော သူမ အဆောင်ကို ရောက်ဖို့ …  တော်တော် သွားရဦးမည်..
လေတိုးသံက ဆူညံသထက် ဆူညံလာသည်…
အိုး .. ဒီ အတိုင်းလျှောက်နေလို့တော့ မဖြစ်.. ပြေးမှပါ.. 
စက်ဘီး ယူမလာမိသည့် ကိုယ့်ကို ကိုယ်သာ .. စိတ်ထဲမှ အပြစ်တင်ရင်း လက်ထဲက စာအုပ်တွေကို ကျစ်ကျစ်ပိုက်ကာ သူမ ကျောင်းပြင်ထွက်သည့် လမ်းတစ်လျှောက် သူမ စပြေးတော့သည်။
အခန်းရောက်တော့ မောဟိုက်လို့ နေပြီ… 
မိုးဖွဲတွေ စိုလာသောကြောင့် ချမ်းစိမ့်တက်လာသည်။
အိုးးးး ချမ်းလိုက်တာ….
ထိုစဉ် ဖုန်းသံက မြည်လာသည်… ကောက်ကိုင်ကြည့်လိုက်တော့… miscalls တွေ အများကြီး… 
ဖုန်းကိုင်လိုက်တယ် ဆိုရင်ပဲ… ဒေါသသံတစ်ဝက်နဲ့…
“ ချစ် ဘယ်ရောက်နေတာလဲ ….ဘာလို့ အခုမှ ဖုန်းကိုင်တာလဲ ခေါ်နေတာကြာလှပြီလေ ..”
“ ဟို… စာကြည့်တိုက်က ပြန်လာတာ.. အပြန်လမ်းမှာ မိုးတွေရွာလာတာနဲ့ ..အိမ်ကို ပြေး…”
“ ဘာ… ”
သူအော်လိုက်တဲ့ အသံကြောင့် ဖုန်းနားထောင်နေသည့် သူမ ကိုယ်လေးတောင် တုန်သွားသည်။
ခုနက မိုးရွာထဲ ပြေးလာတဲ့ ကြောက်စိတ်နဲ့ ပေါင်းပြီး လူက လန့်သလိုလို အားငယ် သလိုလို …
တိတ်သွားသော အသံကြောင့် သတိထားမိတဲ့ သူက..
 “ ဆောရီး .. လန့်သွားလား… မင်းလုပ်တာ စိတ်တိုဖို့ ဘယ်လောက်ကောင်းလဲ… ကိုယ်ပြောထားတယ်.. အဖော်မပါဘဲ ဒီအချိန်ထိ စာကြည့်တိုက်မှာ မနေပါနဲ့… နေရင်လည်း ညသန်းခေါင်မှ ထ မပြန်ပါနဲ့ဆိုတာ…  မင်းကွာ စကားနားမထောင်ဘူး… အခုရော မိုးရေတွေ စိုးပြီလား.. သုတ်ရော သုတ်ပြီးပြီ လား ....”
“ ဟုတ်… သုတ်မလို့..လုပ်တုန်း… အဲဒါ ..”
“ မင်းကွာ… ကဲ သုတ် ပြီးမှ ငါ့ကို ဖုန်းပြန်ဆက်လိုက်.. ကြားလား.. ဆက်ဆက် ပြန်ဆက်”
ပြောပြောဆိုဆို ဖုန်း ဆောင့်ချသွားသော အသံပါ ကြားလိုက်ရသည်။
မောလည်းမော.. ချမ်းလည်းချမ်းသည့် ကြားက .. အဆူခံလိုက်တော့ ..  ခေါင်းမှ မိုးရေတွေ သုတ်ရင်း ဘာလို့မှန်းမသိ မျက်ရည်တွေ ကျလာသည်။
သူမ ရှိုက်ကြီးတငင် စပြီး ငိုချ မိသည်။ အပြင်မှာလည်း မိုးတွေ အရမ်း ချိန်းပြီး လျှပ်စီးတွေ လက်လို့။ တစ်ယောက်တည်းမို့ အားငယ်လို့လေလား။ 
(၂)
တရှိုက်ရှိုက် ငိုရင်း… ငိုရင်း… သူမ သတိရတော့ အိပ်ရာထဲမှာပါလား..။
ခေါင်းတွေ ကျိန်းစပ်ပြီး လူက အားမရှိသလို လှုပ်လို့မရ… ဗိုက်ထဲကလည်း အောင့်သလိုလို… အာခေါင်တွေလည်း ခြောက်တယ်…
ခေါင်းအုံးမှာလည်း မျက်ရည်တွေ ရွှဲလို့..
ဝရန်တာ တံခါးကို မအိပ်ခင်က မပိတ်မိဘူးပဲ…. အပြင်က မိုးရွာနေသံတွေနဲ့ လျှပ်စီးလက်တာတွေကို မသဲမကွဲ.. အမှောင်ထဲကနေ မြင်နေရတယ်..

 ဖျားနေပြီပဲ… သူ မှာထားတယ်… တစ်ခုခုဆို ဖုန်းဆက်တဲ့..
အိပ်ရာဘေးက ဖုန်းကို လက်က စမ်းရှာရင်း..
ဖုန်းကို ကောက်ကိုင်မိတော့.. နံပါတ်တစ်ခုကို  ခေါ် ဖို့ ရှာမိတော့မှ.. ဟင်… မရှိတော့ဘူးလေ..
ဖုန်းလေးကို မေ့မေ့လျှော့လျှော့ ..ကျစ်ကျစ် ဆုတ်ကိုင်ထားမိတယ်…
ဒါ ….ဆို…. 
ဒါ.. ဆို..ခုနက သူမ အိပ်မက်တွေ မက်နေတာပါလား… 
တကယ့်မှ မဟုတ်တော့ တာပဲ....
ကြာခဲ့ပြီလေ...
လက်ထဲက ဖုန်းကလေး ပြုတ်ကျသွားသလို… သူမ အိပ်ရာထဲကို အရုပ်ကြိုးပြတ် ပြန်ပြီး အိပ်ချလိုက်မိတယ်။
( ၃ )
သူမ အိပ်ရာဘေးမှ ရေဘူးကိုယူကာ တဖြည်းဖြည်းသောက်ရင်း တဆက်တည်း ရေဘူးဘေးမှ ဆေးကပ်မှ ဆေးကိုပါ ယူသောက်လိုက်သည်။ 
ဝရန်တာ တံခါးကို သွားထပိတ်ဖို့ စိတ်ကူးမိပြီးမှ အင်အားမရှိသလိုမို့.. အိပ်ရာထဲသို ဒီအတိုင်းသာ ပြန်လှဲချရင်း အာရုံထဲမှာ..
သူမကို  သူ ပေးခဲ့ဖူးသည့် စာအုပ်များစွာထဲမှ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ နောက်ကြည့်မှန် ဝတ္ထုထဲမှ ညိုပြောသော စကားလေးကို ပြန်သတိရမိသည်.. 
တစ်ချိန်က ဆံပင်ရှည်ရှည်နဲ့  အမြဲအဆော့သန်သော သူမကို သူကပဲ ညိုဆိုသော ဇာတ်ကောင်နဲ့ ခပ်ဆင်ဆင် တူတယ်လို့ ပြောဖူးခဲ့တယ်လေ ။
ညိုက “ ညိုအမုန်းဆုံးအရာတွေက ညို့ဆီကို ချစ်စရာ အကောင်းဆုံး အမူအရာနဲ့ ရောက်လာတတ်ကြပြီး ညိုလိပ်ပြာလန့်အောင် ခြောက်လှန့်ပြီး လှောင်ပြောင်တာ ခံရစမြဲပါ။ ဆောင်းအိပ်မက်ထက် ကြောက်စရာ ကောင်းတဲ့ ကြမ္မာရိုင်းကို ညိုရင်ဆိုင်ဖို့ ဘာအကာအကွယ်မှ မမြင်ပါဘူး ” လို့ ကိုဖေသောင်းကို ပြောခဲ့သလိုပဲ..
သူဟာလည်း သူမဆီကို ချစ်စရာ အကောင်းဆုံး အမူအရာနဲ့ ရောက်ခဲ့သူပါ..
ခဲမှန်ဖူးတဲ့ စာသူငယ်လို ချစ်ရမှာ ကြောက်တဲ့ သူမကို  အစ်ကို တစ်ယောက်လို ..
အထီးကျန်ဆန်တဲ့ သူမကို သူငယ်ချင်းတစ်ယောက်လို .. မောင်ငယ်တစ်ယောက်လို …  အဖော်ပြုပေးခဲ့သလို.. 
အဝေးကို ခွဲခွာကာနီးတောင်မှ… သူမအတွက်… နောက်ဆံတင်းသူ…  

“ ချစ်.. တစ်ခုခုဆို ငါ့ဆီ ချက်ချင်း ဖုန်းခေါ်နော်.. စိတ်မချဘူး..ခေါင်းသိပ်မမာနဲ့ကြားလား.. နောက် ငါမရှိလည်း ငါ အနားမှာ ရှိတုန်းကလိုပဲ အမြဲပျော်ပျော်နေနော် ကြားလား.. စိတ်ချမယ်နော်..ဖုန်းဆက်နော်”
 “ မမ ခင်ဗျားလေး စိတ်မာချင်ယောင် ဆောင်မနေနဲ့  ခင်ဗျား စိတ်ဘယ်လောက် ပျော့တယ် ဆိုတာ ကျုပ်အသိဆုံး … ခင်ဗျား သဘောကောင်းတိုင်း သူများ အနိုင်ခံမနေနဲ့နော်.. နောက်ပြီး  ကြောက်ကြောက်နဲ့ စောင်ခြုံပြီး သရဲကားတွေ ကြည့်မနေနဲ့ ဦးကြားလား ကောင်မလေး”
“ ဖျားနေလည်း ဆေးသောက်ပြီး လျှောက်သွားမနေနဲ့ အလုပ်က ဘယ်အချိန် လုပ်လုပ်… အိပ်ရာထဲမှာ နားနေလေကွာ.. ပြောစကား နားမထောင်ဘူး ဘယ်တော့မှ ”
စတဲ့ ..ဂရုစိုက်မှုတွေနဲ့ … သူမ ဘဝကို တိုးလို့ ..  နေရာယူခဲ့သူ..
သူက လက်ထပ်ဖို့ ပြောရင်.. အေးတိ အေးစက်နဲ့မို့..
သူ့ကို မချစ်ဘူး သူက ထင်ပေမယ့်.. တကယ်တော့ …
သူမရင်ထဲက သံယောဇဉ်ကို .. သူမြင်မယ်လို့ .. ထင်ထားခဲ့မိသူပါ။
(၄)
ချစ်ခင်မှုရဲ့အဆုံးက အမုန်းတော့ မဟုတ်ပေမယ့်.. ခွဲခွာခြင်းကတော့ အမြဲရှိနေခဲ့တာပဲ။
လောကမှာ ခွဲခွာခြင်းပေါင်းများစွာထဲက  ခွဲခွာခြင်း က သူမတို့ နှစ်ဦးကြားကို အရောက်လာခဲ့သည်။
သူနဲ့ သူမ စတင် ခွဲခွာတုန်းကတော့ ခွဲခွာခြင်းရဲ့အဆုံးမှာ ဆုံတွေ့ခြင်း ရှိမယ်လို့ မှတ်ယူခဲ့ပေမယ့်
ညိုပြောခဲ့တဲ့ ဆောင်းအိပ်မက်ထက် ကြောက်စရာ ကောင်းတဲ့ ကြမ္မာရိုင်းကို ကျွန်မလည်း ကိုယ်တိုင်ကြုံရပြန်ပါပြီ။
အဲဒီနေ့…
သူမရဲ့ ဂျီတော့ထဲမှာလည်း သူ့အကောင့်လေး ပေါ်မလာခဲ့သလို..
ခေါ်နေကြ ဖုန်းသံလေးလည်း မြည်မလာခဲ့တဲ့အဆုံး …
သူ့ဖုန်းကို သူမ ဆက်လိုက်တော့ .. တော်တော်ကြာကြာ ဆက်ပေမယ့် ဘယ်သူမှ မကိုင်..
အဲဒီနေ့ တစ်ညလုံး သူမ အိပ်လို့ မရခဲ့…
ဒီလို.. တစ်နေ့ပြီး တစ်နေ့…  သူမ ရင်ထဲ ပူလောင်လွန်းလှပါတယ်...

တစ်ပတ်လောက် ကြာတဲ့ အချိန်မှာ ..   သူက ဖုန်း စဆက်လာခဲ့တော့...
သူလက်ထပ်လိုက်ပြီ… သူ့ကို မေ့လိုက်ပါတော့… ခွင့်မလွှတ်ပါနဲ့ တဲ့လား။
လာပါဟု ခေါ်သူသည် သူမ မဟုတ်ခဲ့သလို ပြန်တော့လည်း သူမ တားရန် မသင့်ဘူး မဟုတ်ပါလား။
ကြားလိုက်ရတဲ့ အချိန်မှာ … သူမမှာ ပြောစရာ စကားမရှိခဲ့ပါ။ 
ဒါပေမယ့်…  သူမ လက်ထဲမှာ ကိုင်ထားသော ဖန်ခွက်လေးကတော့ ကျကွဲသွားခဲ့တယ်။
သူမ နှလုံးသားလဲ ….. ထို့အတူ…..။
(၅)
သူ့ဆီမှာ ရှင်သန်နေတဲ့ သူတွေ ဘယ်လိုပဲ ပြောင်းလဲ တတ်ကြပေမယ့်..
ကမ္ဘာကြီး ကတော့  နေ့နဲ့ည ပုံမှန် လည်ပတ်နေသလိုပဲ.. အချိန်ကြာလာတော့လည်း အရာရာ ပုံမှန်… ပြန်ဖြစ်သွားခဲ့တာပါပဲ။ 
သူမဆီမှာ သူကို ချစ်တဲ့ အချစ်လည်း မရှိတော့သလို အမုန်းဆိုတာလည်း မရှိ.. ပကတိသာ..
ဒါပေမယ့် ရဖူးတဲ့ အကြင်နာတွေကပဲ အကျင့်ပါစေခဲ့တာလား…   ဒီလို သူမတစ်ယောက်တည်း နေမကောင်းချိန်မှာ သူကို အိပ်မက်မိခဲ့တာ..  သူရော နေကောင်းပါရဲ့လား..
နာကျင်စေခဲ့ဖူးသူ ဖြစ်ပေမယ့် .. လူတစ်ယောက်ကို ချစ်ခင်ကြင်နာဖို့ဆိုတာ စေတနာ လိုသေးတာမို့ ..
သူပေးခဲ့ဘူးတဲ့  ချစ်ခင်မှုတွေအတွက်လည်း သူမ ကျေးဇူးတင်မိပါရဲ့.. အခု..
ဘယ်မှာရှိလို့ ..
သူ ဘယ်လိုများ ရှိနေပါလိမ့်… 



အိပ်မက်တွေထဲမှာ

အရိပ်တွေထင်တဲ့အခါ

စိတ်ရဲ့နိမိတ်တွေလား

ထိတ်လန့်စွာလန့်နိုး

စိုးစိတ်နဲ့
တထိတ်ထိတ်

ရင်ထဲပူလောင်..

ဘလောင်ဆူ

အတွေးနဲ့

အမေးတွေ

ထပ်ခါ..ထပ်ခါ..

ကျိတ်မှိတ်ကာ

တိတ်ဆိတ်ရင်း..

တိုးတိုးလေးပဲ

ရေရွတ်ဆုတောင်း

ကံကောင်းပါစေ..

နေကောင်းပါစေ..

ရင်မှာချမ်းမြေ့ပါစေသား..။


အလွမ်းပြေ

0 comments: