Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Friday, September 23, 2011
အနာဂတ်၏ ကြယ်ပွင့် ကလေးများနှင့် ပတ်ဝန်းကျင်
12:06 PM | Posted by
အလွမ်းပြေ |
Edit Post
“ ကလေးသူငယ်သည် လူ၏ ဖခင်ဖြစ်သည်။ ကလေးသူငယ်သည် မမှန်ကန်သော နည်းလမ်းဖြင့် ကြီးပြင်းရပါမူ အနာဂတ်တွင် လူသားအားလုံးအမှားနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ကလေးသူငယ်သည် မျိုးစေ့ဗီဇဖြစ်သည်။ အကယ်၍ မျိုးစေ့ ဗီဇကိုယ်တိုင်က အဆိပ်ဝင်နေလျှင်၊ ပြုစုသူ၏ မသိ မလိမာမှုကြောင့် အဆိပ်ဖြစ်နေလျှင်၊ ပိုးဝင်နေလျှင် လွတ်လပ်သောလူသား ဖြစ်ပေါ်လာဖို့ အတွက် မျှော်လင့်ချက် ကင်းဝေးသွားပြီး ယင်းအိမ်မက်မျိုးသည် အိမ်မက်အဖြစ်သာ ဖြစ်နေပြီး အကောင်အထည်ပေါ်လာဖို့ ဖြစ်နိုင်တော့မည် မဟုတ်ပေ” ဟု ဆရာကြီး ပါရဂူက သူ၏ ကလေး ပြဿနာစာအုပ်တွင် ရေသားခဲ့ပါသည်။
ကလေးပြုစု စောင့်ရှောက်ခြင်းသည် တကယ်တော့ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်လျှက်ရှိပေသည်။ မျိုးစေ့ကောင်းမှ အပင်သန်မည် ဆိုသကဲ့သို့ ကျွန်မတို့ နိုင်ငံတော်၏ အနာဂတ်သည် ကျွန်မတို့ မွေးထုတ်လိုက်သော မျိုးဆက်သစ်များ၏ လက်ထဲတွင် တည်နေပေသည်။
ထို့ကြောင့် အနာဂတ်နိုင်ငံတော်အတွက် စွမ်းရည်မြင့်မားသော နိုင်ငံသားကောင်းများ လိုအပ်သည်ဖြစ်ရာ နိုင်ငံတော် တည်ဆောက်ရေးတွင် ကလေးသူငယ်များ၏ အခန်းကဏ္ဍသည်လည်း အရေးပါသော နေရာတွင်ရှိနေပါသည်။ ကလေးသူငယ်များအား မှန်ကန်သော နည်းလမ်းဖြင့် ကြီးပြင်းစေရေးအတွက် မည်သို့ စောင့်ရှောက်ရမည်ဆိုသည့် အကြောင်းအရာသည် လွန်စွာ အရေးပါလျှက်ရှိပါသည်။
အထူးသဖြင့် မိဘနေရာ ယူလာကြရမည့် သူများသည် ထိုဗဟုသုတများရှိရမည် ဖြစ်သည်မှာ အသေအချာပင် ဖြစ်သော်လည်း လူတိုင်း လူတိုင်းလည်း သိထားသင့်ပေသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်မတို့ ပတ်ဝန်းကျင်တွင် ကလေးများနှင့် ကင်းနေသည် မဟုတ် တနည်းတဖုံ အမြဲ ဆက်စပ် ဆက်ဆံနေကြသည်ပင် ဖြစ်သောကြောင့် ဖြစ်သည်။
အထူးသဖြင့် ကျွန်မတို့ မြန်မာနိုင်ငံသည် လွတ်လပ်သော ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန် အပြောင်းအလဲအတွက် ကြိုးစားနေကြသော အချိန်တွင် ထိုကလေးသူများ၏ အရေးကြီးပုံကို သတိထားမိစေရန် သတိပေးလိုခြင်းပင် ဖြစ်ပါသည်။
အနာဂတ် အပြောင်းအလဲများ နှင့် ကလေးငယ်
တကယ်တော့ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာစေအောင် တွန်းအားပေးနိုင်သူ၊ စွမ်းဆောင်နိုင်သူများအဖြစ် လူအများစုသည် လူကြီးများ၊ အရွယ်ရောက်ပြီးသော သူများကိုသာ ပြေးမြင်တတ်ကြသည်။ တကယ်တော့ ကလေးသူငယ်များသည် ပြောင်းလဲမှု တစ်စုံတရာ ဖြစ်ပေါ်စေရန် တကယ်တန်း ထိရောက်စွာ စွမ်းဆောင်နိုင်သူများထဲတွင် ပါဝင်ပါသည်။
နိုင်ငံတစ်နိုင်ငံ၏ အသေးဆုံး ယူနစ်သည် မိသားစုပင်ဖြစ်သည်။ ကလေးကြောင့် မိသားစုထဲမှ ဖြစ်ပေါ်လာတတ်သည့် အကြောင်းအရာများကို ပြန်စဉ်းစားကြည့်ကြရမည် ဖြစ်သည်။
ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန် မဂ္ဂဇင်းတွင် ၂၀၁၀ခုနှစ် ဧပြီလထုတ်ပါ ဆောင်းပါးရှင် ခွန်းသု၏
“ သက်ငယ်စကား သက်ကြီးကြား” ဆိုသည့် ဆောင်းပါးတွင် စာရေးဆရာမ မြနှောင်းညို၏ အတွေ့အကြုံ တစ်ခုကို ထည့်သွင်းရေးသား ထားရာတွင် ဆရာမ၏ မောင်ငယ် ဖြစ်သူ ၁၀ နှစ်သားအရွယ်တွက် ဖခင်ဖြစ်သူကို ပြောလိုက်သော “ အရက်မသောက်ပါနဲ့တော့လား ဖေဖေရယ်” ဟူသော စကားသံကြောင့် ဖခင် အရက်ပြတ်သွားပြီး မိသားစု ချောင်လည်လာသည်ဟု ဆရာမက ပြောပြသည်ကို ထည့်သွင်းရေးသားထားပြီး ကလေးစကား၏ ထိရောက်ပုံ နှင့် ယခု လက်ရှိ စီးပွားရေး လုပ်ငန်းများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း လုပ်ဆောင်သူများ ကလေးများကို အဓိကပစ်မှတ်အဖြစ် ထားလာပုံကို ရေးသားထားသည်ကို တွေ့ရသည်။ ထိုတင်ပြချက်သည် မှန်ကန်သလောက် မှန်ကန်သည်ဟု ဆိုနိုင်ပါသည်။
မိမိတို့ ပတ်ဝန်းကျင်ရှိ ကလေးများကို လေ့လာကြည့်လျှင် ကလေးများသည် စူးစမ်းလေ့လာမှုကို အလွန်စိတ်အားထက်သန်ကြပြီး သိလိုသမျှကို မေးမြန်းတတ်ကြသည်။ မိမိတို့ တွေ့ရှိသမျှကိုလည်း မိသားစုကို ပြန်ပြောပြလေ့ရှိသည့် အလေ့အထ ရှိသည်ကို အထင်အရှား တွေ့ရှိနိုင်ပါသည်။
ကလေးသည် ပကတိ အမှန်တရားကို သိရှိ မြတ်နိုးကြသူများဖြစ် မမှန်ဘူးထင်လျှင် ပွင့်လင်းစွာ မြင်သည်ကို မြင်သည့်အတိုင်း ပြောတတ်သည့်အပြင် ကလေးနှင့် လည်းကောင်း၏ မိသားစုဝင်များ၏ ဆက်သွယ်ချက်သည် ကြီးမားသော ချစ်ချင်းမေတ္တာအင်အားပင်ဖြစ်သည်။ ထို့ကြောင့်ပင် ကလေးများသည် မိသားစုဝင် လူကြီးများကို ပြောင်းလဲစေသော စွမ်းအားရှင်များ ဖြစ်လာကြခြင်းပင်ဖြစ်ပါသည်။
ထိုနှစ်ခုကို ဆက်စပ် စဉ်းစားကြည့်လျှင် စူးစမ်းလေ့လာသော ကလေးအတွက် မှန်ကန်သော အတွေးအခေါ် အသိဥာဏ်များ ရရှိစေနိုင်အောင် စွမ်းဆောင်ပေးနိုင်ပါက ထိုကလေးသည် အနာဂတ်တွင် လူကောင်းသူကောင်း ဖြစ်နိုင်သည်ဟူသော ယူဆချက်အပြင် ထိုကလေး၏ ပတ်ဝန်းကျင်ရှိ စံလွဲနေသော လူကြီးများကိုလည်း ပြုပြင်ပေးစေနိုင်သည်ကို မှန်းဆကြည့်လို့ ရနိုင်ပါသည်။ ဖြစ်နိုင်ချေ အနည်းအများကို ငြင်းစရာ ရှိသော်လည်း ဖြစ်နိုင်ချေ ရှိသည်ကိုတော့ လက်ခံရမည်ပင်ဖြစ်သည်။

ထို့ကြောင့် ကလေးငယ်များသည် ကျွန်မတို့ ပတ်ဝန်းကျင်အတွက် အရေးပါသော Change Agents များပင် ဖြစ်သည်။ ထို့ကြောင့် အနာဂတ် ကျွန်မတို့ တိုင်းပြည် ကောင်းမွန်သော အနာဂတ်အတွက် ကလေးများ၏ စွမ်းအားကို မေ့မထားသင့်ပါဟု ဆိုချင်ပါသည်။
အနာဂတ် ပတ်ဝန်းကျင်ကောင်းအတွက် မိဘများနှင့် မိဘလောင်းများဝန်တာ
လူတိုင်း လူတိုင်း၏ ရင်ထဲတွင် မိမိတိုင်းပြည် မိမိလူမျိုးကို ကောင်းစားစေလိုသော စိတ်များ ရှိကြသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့သို့ မဟုတ် တစ်ကိုယ်ကောင်းတွေးတတ်သူပင်လျှင် မိမိအတွက် အနာဂတ်ပတ်ဝန်းကျင်ကောင်းကို အလိုရှိကြသူချည်းပင် ဖြစ်သည်။
အချို့သော လူများသည် တိုင်းပြည်အရေး၊ နိုင်ငံ့အရေး လုပ်ရင်း ၊ လူမှုရေးလုပ်ငန်းများလုပ်ရင်း အချိန်ကုန်ပြီး မိသားစုကို လှည့်မကြည့် နိုင်သူများရှိသလို၊ မိသားစုအရေးလုပ်ရင်း အများအကျိုး မလုပ်ဖြစ်ပါဘူးဟု ညည်းညူသူများကိုလည်း ကျွန်မတို့ ပတ်ဝန်းကျင်တွင် တွေ့နေရပါသည်။ တစ်ချို့ကလည်း မိသားစုအတွက် စီးပွားရှာရင် မိသားစုအတွက်၊ ပတ်ဝန်းကျင်အတွက် အချိန်မပေးနိုင်ပါဘူး ဟု ပြောဆိုနေသူများလည်း ရှိသည်။ ဘာကြောင့်ပါနည်း။
ထိုသူတို့သည် မိမိ မိသားစုတွင်းရှိ ကလေးငယ်၏ တန်ဖိုးကို အပြည့်အဝ နားမလည်သေးဟု ဆိုချင်ပါသည်။ တကယ်တော့ မိမိပတ်ဝန်းကျင် အနာဂတ်တွင် ပိုမိုကောင်းမွန်လာမှုသည် ထိုကလေးများတွင် တည်သည်ကို ကောင်းစွာနားလည်ခဲ့ပါလျှင် အပြင်မှာချည်း အလုပ်လုပ်နေသူသည် မိမိကလေးကိုလည်း အရေးပါသူ တစ်ယောက်အဖြစ် ထည့်သွင်းစဉ်းစားပြီး အချိန်ပေးလာမည်ဖြစ်ပြီး အိမ် ထဲ တွင်သာ ကလေးအတွက် အချိန်ကုန်နေရသော မိခင်သည် မိမိသည် ပတ်ဝန်းကျင်ကောင်းကျိုးအတွက် လုပ်နေသည်ကို သိရှိနားလည်ပြီး ဂုဏ်ယူနေမည်သာ ဖြစ်သည်။
ထိုသို့သော နားလည်မှုသည် ယခုလက်ရှိ မိသားစုဘဝ သာယာရေးကို များစွာ အထောက်အကူ ပြုမည့်အပြင် တိုင်းပြည် အနာဂတ်အတွက်လည်း ကောင်းမွန်စေသောကြောင့် များစွာ အကျိုးရှိမည် ဟု မြင်မိပါသည်။
ထို့ပြင် ကလေးမိဘများနှင့် မိဘလောင်းလျာများသည် ကလေးကို မည်သို့ စနစ်တကျ ပြုစုပျိုးထောင်ရမည် ဆိုသည်များနှင့် ကလေး စိတ်ပညာစသည်များကို သိရှိသင့်သလောက် လေ့လာ သိရှိထားသင့်ပါသည်။ သို့မှသာ ကလေးတို့ အနာဂတ်ကို ကောင်းမွန်အောင် နည်းလမ်းတကျ ပြုစုပျိုးထောင်နိုင်ပြီး စံလွဲမှုများမှ ကင်းဝေးစေမည် ဖြစ်ပါသည်။ ထို့ကြောင့် မိဘများနှင့် မိဘလောင်းများသည် ကလေးငယ်တို့၏ တန်ဖိုးများကို သိရှိလေ့လာနားလည် အလေးထားကြဖို့ တာဝန်ရှိသည်ဟု ဆိုချင်ပါသည်။
အနာဂတ် ကြယ်ပွင့်များအတွက် လိုအပ်သော ပြင်ဆင်မှုများ
ကလေးတို့၏ တန်ဖိုးနှင့် အရေးပါပုံကြောင့် ကလေးတို့ကို့ ပြုစုပျိုးထောင်မှုသည် အလွန်အရေးကြီးသော အလုပ်တစ်ခု ဖြစ်သည်ကို အထင်ရှားသိရှိနိုင်ပါသည်။ ထိုသို့ သော အနာဂတ်ကြယ်ပွင့်များကို ပြုစုပျိုးထောင်နိုင်ရန် ကျွန်မတို့ ပတ်ဝန်းကျင်အတွက် ပြင်ဆင်မှုများပြုလုပ်ရန် လိုအပ်သည်ဟု ခံစားမိပါသည်။
ဆရာကြီး ဦးတင်မိုးပြောခဲ့ဖူးသလိုပင် ကလေးများ၏ စိတ်တွင် စွဲထင်စေမည့် ကလေးကဗျာလေးများ ကလေးစာပေများသည် သူတို့၏ ဘဝ တစ်လျှောက်လုံးအတွက် အလွန် အရေးပါသော အရာများပင် ဖြစ်သည်။ သူတို့၏ စိတ်ထားကို များစွာ ပြုပြင်ဖန်တီးနိုင်ပေသည်။ ထို့ကြောင့် ကလေးစာပေ ဖွံ့ဖြိုးတိုးတက်မှုကိုအလေးထားသင့်သည်ဟု ဆိုချင်ပါသည်။
ကျွန်မတို့ မြန်မာနိုင်ငံတွက် ကလေးများအတွက် စာကြည့်တိုက်သည် မရှိသလောက်ရှားပါသည်။ ထို့ကြောင့် ကလေးစာကြည့်တိုက်များ ပေါ်ပေါက်လာစေရန် ကြိုးပမ်းသင့်သည်ဟု ယူဆပါသည်။ ထို့ပြင် ကိုယ့်ကျင့်တရားဆိုင်ရာ ကျင့်ဝတ်များ၊ နိုင်ငံသားကောင်း၏ တာဝန်များ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတများ အစရှိသည့် ကလေးငယ်၏ အရွယ်အလိုက် သိသင့်သိထိုက်သည်များကို လက်တွေ့ ဆန်ဆန်၊ ကလေး စိတ်ဝင်စားသည့် နည်းလမ်းများဖြင့် ကလေးငယ်များထံ အရောက်ပို့နိုင်မည့် လုပ်ဆောင်ချက်များ ကိုလည်း စဉ်းစား အကောင်အထည်ဖော်မှုများ ပိုမိုထိရောက်စွာ ပြုလုပ်နိုင်ရန်လည်း လိုအပ်လျှက်ရှိနေပါသေးသည်။
ထို့ပြင် အခြား အဓိကကျသော အကြောင်းအရာမှာ ကလေးစိတ်ပညာနှင့် ကလေးကို စနစ်တကျ ပြုစုပျိုးထောင်ရေးအကြောင်း ပညာပေးရေး လုပ်ငန်းများပင်ဖြစ်သည်။ ထိုသို့ ပညာပေးသော စာပေများ၊ ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲ (Workshop) များ ပြန့်ပွား များပြားလာ အောင်လည်း လုပ်ဆောင်သင့်ပါသည်။ ထို့ပြင် အရေးအကြီးဆုံး ဖြစ်သော ကလေးငယ်များ ပညာရေးအတွက် ပထမဆုံး ထိတွေ့ရမည့် အခြေခံပညာရေး၏ သင်ကြားမှုစနစ်၊ သင်ရိုးနှင့် ဆရာများစွမ်းရည်သည်လည်း များစွာအရေးပါသောကြောင့် ကလေးများအတွက် ကောင်းမွန်သောပညာရေး စနစ်ဖြစ်ရန် လေ့လာဆန်းစစ် ပြုပြင်စရာများရှိက ပြုပြင်မှုများ ပြုလုပ်ရေးသည်လည်း လွန်စွာ အရေးကြီးနေပြီဖြစ် ကြောင်း ဆွေးနွေးတင်ပြ လိုက်ပါသည်။

အလွမ်းပြေ
( ၂၂.၇.၂၀၁၀)
( ၂၂.၇.၂၀၁၀)
@ ပုံအသုံးပြုခွင့်ပေးသော သူငယ်ချင်း စိုးကြီးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း။
( ဒီဆောင်းပါးလေးနှင့် အတူ လောကအလှ ( Online Magazineယ July 2010 ) အင်တာဗျူး ကဏ္ဍမှ ကလေးငယ်များကို သွန်သင်ဆုံးမခြင်းနှင့် ကလေးများ၏ အနာဂတ် အရေးပါပုံတို့ကို “ကလေးများ၏ အနာဂတ”် ခေါင်းစဉ်ဖြင် ကိုအေးချမ်းမောင် (MYIA) ၊မဟနစံ(One Dollar Fund - Myanmar ( ODF )ှ မခင်မြတ(်Myanmar Orphan Support Network ) ၊ မဖြူဖြူသီ (Bridging Educational Access to Migrants (BEAM) တို့နှင့် ဆွေးနွေးတင်ပြထားသည်ကိုပါ ဆက်လက်ဖော်ပြလိုက်ပါသည်။ )
ကလေးများ၏ အနာဂတ် |
လောကအလှ ။ ။ ကလေးတွေကို ပြုစုပျိုးထောင်ခြင်းအကြောင်း စပြောကြရအောင်။ ကလေးတွေကို စောင့်ရှောက်ဖို့ ဘယ်အရွယ်ထဲက စ အရေးကြီးပါသလဲ။ ဖြူဖြူသီ ။ ။ အစကောင်းမှ အနှောင်းသေချာ ဆိုသလို မွေးကင်းစ အရွယ်က စပြီးကို အရေးပါတယ်လို့ ပြောချင်ပါတယ်။ ကလေးလေးတွေ ကမ္ဘာမြေကို စရောက်ချိန်ကစပြီး သူတို့ Learn စလုပ်နေကြပါပြီ။ အဲဒီအချိန်ကတည်းက စံလွဲမသွားဖို့ အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ ဟနစံ ။ ။ ကလေး မွေးစ လသားအရွယ်တည်းက အရေးကြီးပါတယ်။ ကလေးဆိုတာဘာမှ နားလည်တာမှ မဟုတ်ဘဲလို့ ပြောလို့မရပါဘူး။ ကလေးတွေဟာ ရာသီဥတု၊ မိုးလေဝသ ပူခြင်း၊ အေးခြင်းဒဏ်၊ ဆာလောင်ခြင်းဒဏ်ကို ခံစားတတ်ပါတယ်။ ဝေဒနာခံစားမှုတွေကနေ နောက်ဆက်တွဲ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ ခင်မြတ် ။ ။ မမွေးခင်ကတည်းက အရေးပါတယ်လို့ ထင်ပါတယ်.. အရေးကြီးတဲ့အချိန်ကတော့ သုံးနှစ်အရွယ် လို့ထင်ပါတယ် အဲဒီအချိန်ဟာ အရာအားလုံးကို မှတ်မိနိုင်စွမ်း အများဆုံးဖြစ်ပြီး စိတ်ဒဏ်ရာ ရဖို့ အလွယ်ကူဆုံး လို့ မှတ်သားဖူးတယ်။ လောကအလှ ။ ။ ကလေးတစ်ယောက်ရဲ့ အတွေးအမြင်တွေဟာ ဘယ်အတိုင်းအတာထိ အရေးပါ ပါသလဲ။ ဖြူဖြူသီ ။ ။ ကလေးတစ်ယောက်ရဲ့ အတွေးအမြင်ဟာ သူပတ်ဝန်းကျင်က လူကြီးတစ်ယောက်ရဲ့ အတွေးအမြင်ကိုပါ ပြောင်းလဲစေတဲ့ အထိ အရေးပါတယ်လို့ ဆိုချင်ပါတယ်။ ကလေးနဲ့လူကြီင်္း ကြားက ဆက်ဆံရေးဟာ ချစ်ခြင်းမေတ္တာကိုပဲ အရင်းတည်တာများပါတယ် လူကြီးအချင်းချင်းလို မာနတွေဘာတွေ ကြားခံမနေတတ်ပါဘူး။ နောက်ပြီး ကလေးတွေဟာ ရိုးရိုးလေးပဲ လူကြီးတွေ တွေးဖို့ မေ့နေတဲ့ ထောင့်တွေကနေ တွေးပြီးပြောတတ်ကြတာကို ကလေးတွေနဲ့ နီးစပ်ရင် ကြုံဖူးကြမယ် ထင်ပါတယ်။ ဟနစံ ။ ။ တိုင်းပြည်တစ်ခု တည်ဆောက်တည်ထောင်ဖို့၊ ပြောင်းလဲဖို့အထိ အရေးပါ ပါတယ်။ ခင်မြတ် ။ ။ အရမ်းကို အရေးပါပါတယ်။ တစ်ခါတစ်လေ လူကြီးတွေက ကလေးပဲဆိုပြီး ကလေးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို အလေးမထားဘဲ ကလေးဘက်က တွေးလိုက်ပြီး ငါကတော့ဖြင့် ကလေးကောင်းစေချင်လို့ လုပ်တာပဲဆိုတဲ့ ဆင်ခြေတစ်ခုနဲ့ ကလေးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့် အခွင့်အရေးကို အလေးမထားကြပါဘူး။ တကယ်တမ်းတော့ ကလေးတစ်ယောက်ရဲ့ ကိစ္စကို ဆုံးဖြတ်ရာမှာ သူ့ကိုပါ ထည့်သွင်းစဉ်းစားခိုင်းစေလိုပါသည်။ ဥပမာ - အိမ်ပြောင်းသွားသဖြင့် လက်ရှိကျောင်းမှ တစ်ခြားကျောင်းသို့ ပြောင်းဖို့ ကလေးတစ်ယောက်ဆီက အကြံဥာဏ်ယူဖူးပါသလား။ လူကြီးတွေအတွက်ပဲ စဉ်းစားပြီး ကောင်းမယ်လို့ ထင်လိုက်ပေမဲ့ နေရာရွှေ့ပြောင်းခံရတဲ့ ကလေးတစ်ယောက်အတွက် သူ့အဖော်၊ သူ့ဆရာမတို့နဲ့ နေသားတကျ ဖြစ်နေတတ်သဖြင့် ကလေးစိတ်ထဲ ဝမ်းနည်းတာမျိုးတွေ မိဘတွေနဲ့ အရေးတယူမထားကြပါဘူး။ ဒါကြောင့် ကလေးတစ်ယောက်ရဲ့ အတွေးအမြင်ဟာ တစ်ချို့နေရာတွေမှာ အရေးပါပါတယ်။ လောကအလှ ။ ။ ကလေးတစ်ယောက်ရဲ့ အနာဂတ်ဟာ ဘယ်အပေါ်မှာ မှီတည်နေမယ်လို့ ယူဆပါသလဲ။ ဟနစံ ။ ။ အခြေအနေအများကြီးအပေါ်မှာ မှီတည်နေပါတယ်။ မိဘ၊ ဆရာ၊ ပတ်ဝန်းကျင်၊ ကံကြမ္မာ။ ဖြူဖြူသီ ။ ။ ကလေးတစ်ယောက်ရဲ့ အနာဂတ်ဟာ သူ့ဗီဇပတ်ဝန်းကျင် နှင့် ပြုစုပျိုးထောင်သူရဲ့အပေါ် များစွာ မှီတည်နေပါတယ်။ ကလေးဟာ သူနဲ့ အနီးကပ်ဆုံး အရာတွေကနေ စတင် Learn လုပ်နေတာပါ။ ခင်မြတ် ။ ။ လူကြီးအားလုံးရဲ့ ပေါ်မှာ မှီတည်နေတယ်လို့ ခင်မြတ်တော့ ထင်ပါတယ်။ လောကအလှ ။ ။ ကလေးရဲ့ အနာဂတ်နဲ့ တိုင်းပြည်အနာဂတ် ဆက်စပ်နေပုံကို ရှင်းပြပေးပါဦး။ ဖြူဖြူသီ ။ ။ ရိုးရိုးလေးပဲ တွေးရင် လူကောင်းတွေရှိတဲ့ လူမှုပတ်ဝန်းကျင်ဟာ ပတ်ဝန်းကျင်ကောင်းလို့ သတ်မှတ်ရမှာပါပဲ။ ဒါဆို အနာဂတ်တိုင်းပြည်ကောင်းစေချင်ရင် နိုင်ငံသားကောင်း လူကောင်း လူတော်တွေ အများကြီးလိုအပ်တာပေါ့။ ဒီကလေးရဲ့ လက်ထဲမှာ အနာဂတ် တိုင်းပြည်ဆိုတာရှိတာပါ။ ဒါကြောင့် ကလေးတွေရဲ့ အနာဂတ်ဟာ တိုင်းပြည်ရဲ့ အနာဂတ်ပါပဲ။ နိုင်ငံသားကောင်းတွေရှိမှ တိုင်းပြည်ဟာကောင်းမှာမို့ ကလေးတွေအနာဂတ်မှာ နိုင်ငံသားကောင်းတွေ ဖြစ်လာဖို့ လိုအပ်ပါတယ်။ ဟနစံ ။ ။ ဒီနေ့ကလေးတွေဆိုတာ နောင်တချိန်မှာ လူကြီးတွေအဖြစ် တိုင်းပြည်တာဝန်ကို ပခုံးပြောင်း လွှဲပြောင်းယူကြမယ့်သူတွေဆိုတော့ ကလေးရဲ့ အနာဂတ်ဟာ တိုင်းပြည်ရဲ့ အနာဂတ်ပါပဲ။ ခင်မြတ် ။ ။ ကလေးတွေရဲ့ အနာဂတ်ကောင်းမှ တိုင်းပြည်ကို နောင် ကောင်းစွာ အုပ်စိုးနိုင်မှာပါ။ အေးချမ်းမောင် ။ ။ လူငယ်ဆိုတာ အနာဂါတ် ရဲ ခေါင်းဆောင်လောင်းလျာတွေပါ။ လူငယ်တွေ အနာဂါတ်မှာ ကောင်းမွန်စွာ ခေါင်းဆောင်တာဝန် ထမ်းနိုင်ဖို့ က ပညာရေး နဲ့ အများကြီးသက်ဆိုင်ပါတယ်။ နောက် က နေ ပြန်လှန် ပြောရရင် ပညာရေး ဆိုတာ မှာလည်း ကျောင်း မှာ သင်ပေးတဲ့ ပညာ က တင် ပညာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ မိဘ ရဲ့ အုပ်ထိန်းမှု တွေ က ရတဲ့ ပညာရပ် မိဘဆွေမျိုးတွေဆီ က သွန်သင်ပေးတဲ့ ယဉ်ကျေးမှု ပညာရပ် အများကြီးပါပဲ။ အဲ့လို တွေးခေါ်မှုတွေ ခံယူချက်တွေ ကို တဖြည်းဖြည်း တိုးတတ်ပြီးကြီး ထွားလာအောင် ကျောင်းစာသင်ချိန် မှာ ထပ်မံ မွန်းမံ ခြယ်သရပြန်ပါတယ်။ အဲဒီအနေအထားမှာလည်း သင်ပေးတဲ့ ဆရာ ရဲ့ သင်ကြားမှု သင်ယူရတဲ့ အနေအထား၊ သင်ကြားရတဲ့ ဘာသာရပ်တွေ အပေါ်မှာ မူတည် ပြီး လူငယ်တစ်ယောက်ရဲ့ အခြေ ခံ တွေ က ထပ်မံ သိပ်သည်း ပြီး အခြေကျအောင် တွေးခေါ်တတ်လေ့လာဖြစ်အောင် သင်ကြား လေ့လာရတဲ့ ပညာရပ်တွေ အဖြစ် သင်ယူရပြန်ပါတယ်... အဲ့မှာ လည်း လမ်းကြောင်းကောင်းရင် ကောင်းသလို ကလေး တစ်ယောက်ရဲ့ အခြေ ခံ ကို ကျကျနန ဖြစ်အောင် ပြန်လည် ပုံသွင်းလို့ ရသေးတဲ့အနေအထားမှာရှိနေသေးတယ်ပေါ့ဗျာ။ အဲ့လို အဆင်ဆင့်တတ်လာပြီး အဆင့်မြင့်ပညာရပ်တွေ ကို ထပ်မံ လေ့လာမှု ကျတော့ လူငယ်တစ်ယောက် ဘယ်လောက်အခြေ ကျခဲ့တယ်ဆိုတာ မူတည်ပြီး ခံယူချက်တွေ သင်ကြားမှုတွေ ပြောင်းလဲ သွားတယ်။ လေ့လာမှုတွေ စူးစမ်းမှုတွေ ပြောင်းလဲ သွားတယ် ဆိုတာ ရှိလာပါတယ်။ လောကအလှ ။ ။ ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အနာဂတ်အတွက် ဘယ်သူတွေမှာ တာဝန်အရှိဆုံးလဲ။ ဟနစံ ။ ။ မိဘ၊ ဆရာသမား၊ ကလေးရဲ့ အနီးနားက ပတ်ဝန်းကျင်မှာတာဝန်ရှိပါတယ်။ ဖြူဖြူသီ ။ ။ လူတိုင်းမှာ တာဝန်ကိုယ်စီရှိပါတယ်။ တစ်ဦးချင်းစီကနေ နိုင်ငံအစိုးရအထိ အားလုံးမှာ တာဝန်ရှိပါတယ်။ မိသားစု level ကနေ စပြောရင် ကလေး မိဘတွေကအစ အဖိုးအဖွား၊ ဦးလေး အဒေါ် ၊ မိသားစုဝင်တိုင်းမှာ တာဝန်ရှိပါတယ်။ ကိုယ့်ရဲ့ လုပ်ဆောင်ချက် အပြောအဆို အပြုအမူတွေကို ကလေးက learn လုပ်နေတယ် ဆိုတာ လောက်ကို အနည်းဆုံး သတိပြုမိသင့်တယ် ထင်ပါတယ်။ နောက်ပြီး အဓိက ကလေးမိဘတွေ ကလေးကို ပြုစုပျိုးထောင်ရသူတွေဟာ ကလေးတစ်ယောက်ရဲ့ ကြီးပျင်းမှု အခြေအနေနဲ့ ကလေးစိတ်ပညာကို အနည်းနဲ့ အများ နားလည်ထားသင့်တယ်လို့ ထင်ပါတယ်။ လူတစ်ယောက်ဟာ ငယ်ငယ်ကတည်းက စိတ်အနာ၊ စိတ်ဒဏ်ရာရသွားရဲ့မယ်ဆိုရင် သူရဲ့ အနာဂတ်ဟာ အနာဂတ်ကောင်းဖြစ်ဖို့ အတော့်ကို ခက်ခဲမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတဲ့သူ ဖြစ်လာနိုင်လို့ပါပဲ။ ခင်မြတ် ။ ။ မိဘ နှင့် ဆရာ၊ ဆရာမ နောက်ပြီး ကလေးရဲ့ ဆွေမျိုး ပတ်ဝန်းကျင်။ အေးချမ်းမောင် ။ ။ မိဘတွေရဲ့ သင်ကြားပေးမှု ဆိုတာ ပထမဆုံး ကလေး တစ်ယောက်အနေနဲ့ထိတွေ ရတဲ့ သင်ကြားရတဲ့ ပညာရပ်ပါ.. မိဘတွေ ရဲ့ အလိုလိုက်မှု သွန်သင်မှုတွေ က နေ ကလေး တစ်ယောက်ရဲ့ အခြေခံ တွေ ကျသွားပါတယ်။ အဲ့အခြေခံ ကို မှ ဆွေမျိုးအသိုင်းအဝိုင်း က ထပ်မံ မွန်းမံ ပြီး ထပ်ဆင့် သင်ကြားရပြန်တာပါ။ အဲ့အပေါ်မှာ လိုက်ပြီး ကလေး တစ်ယောက် ရဲ့ ပညာရပ် ပေါ်ခံယူချက်တွေ ပတ်ဝန်းကျင်အပေါ် ဆက်ဆံ မှု တွေ၊ တွေးခေါ်မှုတွေ စတာတွေ က လမ်းကြောင်းမှန်ခဲ့ရင် မှန်သလောက် ခံယူချက် ရှိရင်ရှိသလောက် ထပ်မံ သင်ကြားခွင့် လေ့လာခွင့် ကို ပိုမိုစေတာပါ။ဒါကြောင့် ပထမဆုံး မိဘ နဲ့ ဆွေမျိုးများရဲ့ သွန်သင်မှု ဟာလည်း လူငယ်တစ်ယောက်အတွက် အရေးကြီး အရေးပါတယ်လို့ ယူဆ ခံယူပါတယ်။ ကျွန်တော်ခံယူထားတဲ့ လူငယ်တစ်ယောက်အတွက် မိဘ ဆွေမျိုး နဲ့ ဆရာ တို့ ရဲ့ အခြေ ချပေးမှု အပေါ်မှာ မူတည်ပြီး လူငယ်တစ်ယောက်ရဲ့ အနာဂါတ် ဟာ ပြောင်းလဲ လာတယ်။ လူငယ်တွေ အတွက် အနာဂါတ်မှာ ဘယ်လို မျိုးတွေ ကိုယ်တွေ ဖြစ်စေချင်ပေမယ့် ကိုယ်တွေ က လည်း အဲ့လို အလုပ်မျိုးတွေ ကို ကိုယ့်အလှည့်ရောက်လာရင် တကယ်လုပ်နိုင်မှာလားလို့ ပြန်လည်တွေးယူရတော့မယ်။ အဲ့ဒီတော့ လူငယ်တွေ ရဲ့ အနာဂါတ် ကောင်းမွန်လာ ဖို့ လူကြီးတွေ ရဲ့ အကျင့်တွေ အရင်ပြင်မှ အဆင်ပြေမယ်လို့ အဖြေ က ထွက်လာတယ်ဗျာ။ လောကအလှ ။ ။ ကလေးတွေကို ရိုက်နှက်ဆုံးမခြင်းအပေါ် အမြင်များကို သိပါရစေ။ ဖြူဖြူသီ ။ ။ ခုနက ပြောခဲ့တာကို ဆက်ပြောရရင် ရိုက်နှက်ခြင်းဟာ အကြမ်းဖက်နည်း တစ်ခုပါ။ ဆုံးမခြင်းထက် အကြမ်းဖက်နည်းသုံးပြီး အာဏာပြ ချိန်းခြောက်ပြီး မဖြစ်မနေလုပ်ခိုင်းတဲ့ ပုံစံဆံပါတယ်။ အဲဒီအတွက်ရလဒ်က ကလေးကို အကြောက်တရားဖိစိစေပြီး လွတ်လပ်စွာ တွေးခေါ်မှု၊ လုပ်ကိုင်မှုကို ငယ်စဉ်ကတည်းက သတ်လိုက်သလို ဖြစ်စေပါတယ်။ နောက်တစ်ချက်က လူတစ်ယောက်ဟာ ကိုယ့်ကို နာကျင်အောင် လုပ်တဲ့သူကို ဘယ်သူမှ ချစ်ခင်နိုင်မယ် မထင်ပါဘူး။ ဒါကြောင့် ရိုက်နှက်တဲ့ မိဘနဲ့ သားသမီးကြားမှာ ချစ်ခင်မှုလျော့ပါးစေပြီး ကလေးကို လမ်းလွဲစေပါတယ်။ နောက်ဆက်တွဲက မကြေလည်မှု ပြဿနာအများကြီး ဆက်တိုက်ပေါ်လာပြီး မိသားစုတွင်းမှု မိသားစု ပြဿနာတွေ ပေါ်လာနိုင်ပါတယ်။ နောက်တစ်ချက်က ကလေးကို စိတ်ဒဏ်ရာဖြစ်စေပြီး သူမသိစိတ်ကလည်း ဒါကို ဆုံးမနည်းအဖြစ် စိတ်ထဲမှာ မှတ်သားသွားနိုင်ပါတယ်။ ငယ်ငယ်က ရိုက်နှက်ခံရတဲ့ သူဟာ အသက်အရွယ်ရလာတဲ့အခါ ဆယ်ကျော်သက်အရွယ် မှာ ရန်ဖြစ်ရိုက်နှက်တတ်ပြီး ကိုယ်ပိုင်မိသားစု ရလာတဲ့အခါ သားမယားနဲ့ ကလေးတွေကို ရိုက်တတ်တဲ့သူ ဖြစ်လာတတ်တယ်လို့ စိတ်ပညာအရ အဆိုရှိပါတယ်။ ဟနစံ ။ ။ ကလေးရဲ့ စိတ် ပုံမှန်ဖြစ်ပြီး ကြီးပြင်းဖို့ ခက်ခဲသွားပါမယ်။ ကြီးပြင်းလာတဲ့ခါမှာ စိတ်မှာ အနည်းဆုံးတော့ ဒဏ်ရာလေးရှိနေပါတယ်။ တစ်ခါတစ်ရံမှာ လူတချို့ကို လူ့ပတ်ဝန်းကျင်မှာ တစ်မျိုးကြီးတွေလို့ ကျွန်မတို့က မြင်တတ်တာမျိုးရှိပါတယ်။အဲဒီ လူ တစ်မျိုးကြီးတွေက အကြောင်းမဲ့ တစ်မျိုးကြီးတွေ ဖြစ်နေကြတာမဟုတ်ပါဘူး။ ငယ်စဉ်ကလေးဘဝက အတွေ့အကြုံတွေနဲ့ စိတ်မှာ ဒဏ်ရာအနည်းနဲ့အများရရှိထားသူတွေပါ။ လူတစ်မျိုးကြီးတွေတင်လောက်သာတင်မကဘဲနဲ့ သူနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ကိုပါ ဒုက္ခပေးနိုင်တဲ့ထိ စိတ်မှာ ဝေဒနာဖြစ်တတ်ပါတယ်။ ခင်မြတ် ။ ။ ကလေးတစ်ယောက်ကို ရိုက်နှက်စရာမလိုဘဲ ဆုံးမနိုင်ပါတယ်။ ကလေးတစ်ယောက်ကို ရိုက်နှက်ခြင်းကြောင့် လိမ္မာသွားတဲ့ ကလေးရှိသလို ဆိုးသွမ်းသွားတဲ့ကလေးက ပိုများပါတယ်။ များသောအားဖြင့် အသက်ကြီးလာရင် အဲဒီကလေးဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဆိုတာ လျော့နည်းသွားနိုင်တယ်။ ခင်မြတ် အဖေက တအားရိုက်တယ်။ စာတော်အောင်လို့ဆိုပြီး ရိုက်တာပါ။ စာတော်ခဲ့ပါတယ် ဒါပေမဲ့ လူရှေ့မှာ အခုထိ စကားထွက်ပြောဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါတယ်။ လောကအလှ ။ ။ ကလေးတွေကို ဘယ်လို ဘယ်ပုံမျိုး ဆုံးမသင့်သလဲ။ ဖြူဖြူသီ ။ ။ ကလေးတွေကို ငယ်စဉ်ကတည်းက တာဝန်ယူတတ်စိတ်နဲ့ အမှားအမှန်ခွဲခြား သိမြင်နိုင်တဲ့ အသိဉာဏ် ရင့်သန်လာအောင် လေ့ကျင့်ပေးသင့်တယ်လို့ ထင်ပါတယ်။ အမှားလုပ်တယ်ဆိုရင် ဘာလို့အမှားလို့ သတ်မှတ်တာလည်း ဘာတွေကြောင့်လဲ ။ သူ့အမှားရဲ့ နောက်ဆက်တွဲဟာ ဘာတွေဖြစ်လာနိုင်လည်း ဆိုတဲ့ အရာတွေကို သူတို့နဲ့ ဆွေးနွေးပေးသင့်ပြီး သူ့အမှားကို အမှန်ဖြစ်အောင် သူဘယ်လို ပေးဆပ်ပြင်ဆင်သင့်တယ်ဆိုတာကို နားလည်အောင် အကျိုးအကြောင်းတကျ ပြောဆိုဆုံးမသင့်တယ်လို့ထင်ပါတယ်။ သူ့အမှားကို သူ့ကိုယ်တိုင် အမှန်ဖြစ်အောင် ပြင်ဆင်နိုင်တဲ့ သူဖြစ်အောင် အဲလို ပြင်ချင်စိတ်ဖြစ်လာအောင် လူကြီးတွေက လမ်းပြပေးရမှာ ဖြစ်ပါတယ်။ ကလေးတစ်ယောက်ကို ဆုံးမနိုင်ဖို့ ဆုံးမတဲ့ လူကြီးကိုယ်တိုင်ကလဲ သူတို့အတွက် စံပြဖြစ်မှ ဖြစ်နိုင်ပါမယ်။ ဒါကြောင့် ကလေးကို ဆုံးမနိုင်ဖို့ ပြုပြင်သူ မိဘကိုယ်တိုင် လိုက်နာဖို့ အရင်ဆုံး လိုအပ်တယ်ဆိုတာပါပဲ။ ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုတာ မျိုးက ရလဒ်ကောင်းမယ် မထင်ပါဘူး။ ဒါကြောင့် ကလေးကို ဆုံးမနိုင်ဖို့ ပြုပြင်သူ မိဘကိုယ်တိုင် လိုက်နာဖို့ အရင်ဆုံး လိုအပ်တယ်ဆိုတာပါပဲ။ ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုတာ မျိုးက ရလဒ်ကောင်းမယ် မထင်ပါဘူး။ ဒါကြောင့် ကိုယ့်သားသမီးကောင်းဖို့ ကိုယ်တိုင် မိဘကောင်းဖြစ်အောင် အရင် ကြိုးစားကြပါစို့လို့ ပြောချင်ပါတယ်။ ဟနစံ ။ ။ နားဝင်လက်ခံလာအောင်ပါ။ ကျွန်မ အမြင်နဲ့ အကောင်းဆုံးကတော့ သင်ခန်းစာပေးတဲ့ ပုံပြင်များမှ တဆင့်ပေါ့။ ကလေးတွေဆိုတာ ပုံပြင်ကြိုက်ပါတယ်။ ပုံပြင်ပြောပြရင် သူတို့ စိတ်ထဲမှာ စွဲနေပါတယ်။ ပုံပြင်ထဲက ရိုးသားကြိုးစားတဲ့ ဖိုးသခွားလေးတွေ၊ သူရဲကောင်းတွေ၊ ကိုယ်ကျိုးစွန့်အနစ်နာခံသူတွေ၊ ဖြောင့်မတ်သူတွေ…ဒါတွေဟာ ကလေးတွေ အားကျအတုယူစေမှာပါ။ ခင်မြတ် ။ ။ Baby Mild က မူကြိုဆရာမများအတွက် လုပ်ပေးတဲ့ Child Awareness Training မှာ ကလေးတွေအပြစ် လုပ်ခဲ့ရင် ဘယ်လိုဆုံးမနိုင်သလဲဆိုတာ ပြောခဲ့တယ်။ အဲဒါကတော့.. (၁) ဒီအပြစ်ကို ဘာကြောင့်လုပ်ရတာလဲဆိုတာ ကလေးကို မေးရပါမယ်။ (၂) ပြီးတော့မှ ဒီအပြစ်လုပ်ရင် ဖြစ်ပေါ်နိုင်တဲ့ ဆိုးကျိုးတွေကို ကလေးနားလည်အောင် ပြောပြရပါမယ်တဲ့။ (၃) နောက်ကလေးက ဒီအပြစ်မလုပ်ခဲ့ရင် သူ့ကို ချက်ချင်း ချီးကျူးပြောဆိုပါ။ အဲဒါကိုတော့ လုံးဝမမေ့ပါနဲ့တဲ့။ (၄) တကယ်လို့ အဲဒီအပြစ်ကို ကလေးက လုံးဝမလုပ်တော့ဘူးဆိုရင် ဆုလက်ဆောင်အနေနဲ့ တစ်ခုခုဝယ်ပေးပြီး သူ့ရဲ့ ကောင်းတဲ့ အကျင့်အတွက် ချီးကျူးဂုဏ်ပြုပါတဲ့။ ဒီနေရာမှာ ပြောချင်တာက မိဘတွေအနေနဲ့ ကလေးအထင်အမြင်လွဲအောင် လုပ်မိတာတွေ ရှိနိုင်ပါတယ်။ တကယ့်အဖြစ်အပျက်ကလေးပါ။ ဘေဘီမိုင်းပွဲသွားတုန်းက တစ်ခြားတစ်ယောက် sharing လုပ်တာကို နားထောင်ခဲ့တာပါ။ အပြစ်တစ်ခု လုပ်မိတဲ့ ကလေးကို အဖေက စိတ်ဆိုးမာန်ဆိုးနဲ့ ရိုက်လိုက်မိတယ်။ အဲဒီအချိန်မှာ ကလေးခေါင်းက သွေးထွက်သည်အထိ ဖြစ်သွားပါတယ်။ အဲဒါကိုမြင်တဲ့ဖခင်ဖြစ်သူက အရမ်းကို စိတ်မကောင်းဖြစ်သွားပါတယ်။ ဒါကြောင့် ကလေးကြိုက်တတ်တဲ့ ချောကလက်တွေ၊ အရုပ်တွေ ဝယ်ခဲ့ပြီး သူ့ကလေးကို ပြန်ချော့ပါတယ်။ နောက်ပိုင်းသူ ဘယ်တော့မှ ကလေးကို မရိုက်တော့ပါဘူး။ ဒါပေမဲ့ ကလေးကတော့ အရိုက်ခံချင်နေမိတယ်။ ဘာလို့လဲဆိုတော့ သူ့အတွက် ခေါင်းပေါက်တယ်ဆိုတာ သူဆော့ရင်လဲ ဖြစ်နေကျမို့လို့ သူ့ဖခင်ရိုက်လို့ ဖြစ်သွားတဲ့အချိန်မှာ သူ့အတွက် သိပ်မထူးဆန်းတဲ့ကိစ္စ တစ်ခုဖြစ်နေခဲ့တယ်။ သူ့ဖခင်အတွက်တော့ သူ့သားသမီးကို တစ်ခါမှ အဲလိုဖြစ်အောင် မလုပ်ဖူးတဲ့အတွက် အရမ်းကို စိတ်မကောင်းဖြစ်ချင်ဖြစ်သွားမယ်။ ကလေးကမှတ်သွားတာကတော့ သူ့အဖေက သူအပြစ်လုပ်လို့ ရိုက်ရင် သူငိုမယ်။ အဲဒီအခါကျရင် မုန့်တွေအများကြီးစားရမယ်ဆိုတဲ့ အတွေးပါဘဲ။ ဒါကြောင့် ကလေးတစ်ယောက်ကို ဆုံးမတတ်ဖို့ တအားကို အရေးကြီးပါတယ်။ ဒါကြောင့်မရိုက်ဘဲ ကလေးကို နားဝင်အောင် ပြောနိုင်ဖို့ တအားအရေးကြီးပါတယ်။ အခုလို ဆွေးနွေးပေးကြတဲ့ မဖြူဖြူသီ၊ မခင်မြတ်၊ ကိုအေးချမ်းမောင်နဲ့ မဟနစံတို့ကို လောကအလှမှ ကျေးဇူးတင်ပါတယ်။ |
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments: