My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Tuesday, September 20, 2011

တိုးတိတ်စွာ တွယ်တာသူ





ဒီမိန်းကလေးကို မြင်တော့ သူသတိရခြင်းတွေနဲ့ ငေးကြည့်နေမိသည်။

သူမ ပြန်ရောက်လာပြီလား…။ သူမလေးကို မတွေ့တာ တော်တော် ကြာပါပေါ့လား။

သူမလေးကတော့ သူ့ကို သတိမပြုမိသလို ဘာကိုမှလည်း သိပ်သတိမထားသလိုလို ခပ်တွေတွေ ငေးရင်း ခပ်ဖြေးဖြေး လှမ်းလာသည်။

လူသွားလူလာ ရှင်းချိန်မို့.. သူမခြေလှမ်းများကို သူ လိုက်မှတ်သားနေမိသည်။

တစ်နေရာတွင်တော့ သူမလေး၏ ခြေလှမ်းများ တုန့်ကနဲ ရပ်သွားသည်..။ ခပ်ငုံ့ငုံ့ ဖြစ်နေသော သူမ၏ ဦးခေါင်းလေး ခပ်ကနဲဆို မော့လာပြီး အထက် တစ်နေရာကို ငေးကြည့်သည်..။

သူ သိပါသည်..။ သူမ ငေးကြည့်သော ထိုနေရာသည် အခန်းတစ်ခု၏ ပြူတင်းတစ်ခုပင် ဖြစ်သည်။ သူမသည် ထိုပြူတင်းလေးမှနေကာ သူ့ကို ညနေတိုင်း ငေးကြည့်ဖူးတာကို သူ အမှတ်ရမိသည်။

ထို့အတူ သူမ၏ ချစ်သူ ကောင်လေးသည်လည်း ခပ်မတ်မတ် လှမ်းလာရင်း အခု သူမ ရပ်သောနေရာမှ တစ်ချက် ရပ်ကာ ထိုပြူတင်းလေးကို မော့ကြည့်တတ်သည်။ အနည်းငယ် မြင့်သော ထိုပြူတင်းလေးမှ ငေးနေသော သူမနှင့် ထိုနေရာမှ ရပ်ကြည့်ပြီးမှ ဆက်လှမ်းသွားတတ်သော သူမ၏ ချစ်သူ ကောင်လေးသည် တစ်ဦးကို တစ်ဦး သဲကွဲစွာ မြင်ရမည်မဟုတ်သော်လည်း မေ့ကြည့်ရင်းပြုံးတတ်သော ထိုကောင်လေး၏ အပြုံးကို မြင်တိုင်း ပြူတင်းတွင် ငေးနေသော သူမလေးပါ ပြုံးနေမည်ဟု သူ မှန်းဆကြည့်မိသည်။

တခါတရံ သူမနှင့် သူမ ချစ်သူကောင်လေးသည် အတူ ချစ်စကားဆို ရယ်မောရင်း၊ စနောက်ရင်း ဖြတ်သန်းသွားသည်ကိုလည်း သူ တိတ်တဆိတ် ငေးကြည့်နေဖူးသည်။ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးရဲ့ အမှတ်တရတွေထဲမှာ သူ တိတ်ဆိတ်စွာ ပါဝင်နေတာ သတိမှ ပြုမိပါရဲ့လား။

အခုလည်း ပြူတင်းကို မေ့ငေးနေသောသူမလေးသည် ဝေ့လာသော မျက်ဝန်းမှ မျက်ရည်များကို မျက်တောင်ဖြင့် ပုတ်ခတ်ဖယ်ရှားရင်း ခြေလှမ်းကို ညင်သာစွာ ဆက်လှမ်းသွားသည်.. သူမ ဆက်လက် ထွက်ခွာသွားလေပြီ… ။ သူမမြင်တော့သည့် အဆုံးမှာ ချိုးကွေ့သွားသော ကောင်မလေး ကျောပြင်နှင့်အတူ သက်ပျင်းမောချသံကို သူ နောက်ဆုံးကြားလိုက်ရသည်။

ကောင်မလေး ဘာကြောင့် သူ့အနားက ပြောင်းသွားတာလဲ။ ထို့အတူ သူမလေး ရှိနေကြ ပြူတင်းလေးကနေ သူ့ကို ဘာကြောင့် မျှော်ငေးမကြည့်နိုင်တော့တာ.. သူမထံ လာလည်လေ့ရှိသော ချစ်သူ ကောင်လေးလည်း မလာတော့တာ ဘာကြောင့် လဲ ။

နောက် ဘယ်တော့မှ ပြန်တွေ့ရမှာလဲ… ဒါတွေ သူမသိနိုင်ပါ.. လိုက်လည်း မတွေးအားတော့ပါ..

တကယ်တော့ ထိုအကြောင်းအရာများသည် အထူးအဆန်းမဟုတ်။ ထိုကောင်မလေးသည် သူ့ကို နင်းဖြတ်သန်းသွားသူများထဲမှ တစ်ယောက်သာဖြစ်သည်။

ထိုကောင်မလေးနဲ့ ပတ်သတ်သော အရာရာ ပြောင်းလဲသွားလေပြီ။

ပြောင်းလဲမှုတွေအကြောင်း ၊ လူတွေရဲ့ အပြောင်းလဲ မြန်မှုတွေအကြောင်း သူသိပြီးသားမို့ သိပ်တော့ မထူးဆန်းပါဘူးဟု သူတွေးမိသည်။

သူ့ကို ဖြတ်သန်းသွားသော လူတွေ အမျိုးမျိုးပြောင်းလဲသွားပေမယ့်။ သူကတော့ မပြောင်းမလဲနိုင်ပါ။

သူတို့ တစ်ဦးချင်းစီရဲ့ ခြေလှမ်းတွေကို ရေတွက်ရင်း အမြဲ တိတ်ဆိပ်စွာရှိနေရတာကိုက သူရဲ့ ဖြစ်တည်မှုကိုး…

အခုကျောခိုင်းသွားတဲ့ သူမလေးရော သူဖြတ်သန်းနင်းဖြတ်သွားဖူးတဲ့ လမ်းကလေးကို သတိရနေမှလား..

လူတွေ ဘယ်လိုပဲ ပြောင်းလဲ ပြောင်းလဲ မပြောင်းလဲဘဲ ရှိနေတတ်တဲ့ သူဆိုတဲ့ လမ်းကလေးကတော့ မပြောင်းမလဲ ငြိမ်သက်စွာ ရှိနေဆဲဆိုတာ…လူတွေ သတိမှ ပြုမိကြရဲ့လား..

ဘာပဲ ဖြစ်ဖြစ် သူကတော့ ငြိမ်သက်စွာလဲလှောင်းရင်း သူတို့ကို တိတ်ဆိတ်စွာ ခင်တွယ်နေမည်သာ...။ ။

အလွမ်းပြေ

( ၉-၉-၂၀၁၀)

( ခရီးသွားရင်း လမ်းမှာ လမ်းတွေအကြောင်း ဖြတ်ကနဲ တွေးမိလို့ ရေးဖြစ်သွားခဲ့တယ်)

0 comments: