My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Friday, September 19, 2008

မင်္ဂလာပါ နံနက်ခင်း……..




မင်္ဂလာပါလောကကြီးရေ….ဝရန်တာကနေထွက်ပြီး လောကကြီးကိုကြည့်တယ်.. မ
နက်ခင်းလေးက လှနေပါတယ်.. စာတွေများလို့ မနက်လေးနာရီလောက် စာထဖတ်တာပါ…
အခု ငါးနာရီလေးဆယ့်ငါးရှိပြီဆိုတော့ ညောင်းလို့ ဝရန်တာ ထွက်ရပ်ရင်းလောကကြီးကို ကြည့်မိတယ် နားထဲမှာ အသံလေးတွေကြားလို့ ကြည့်မိတော့ ရေသဖန်းပင်ပေါ်မှာ ရှဉ့်လေးတွေ သဖန်းသီးတွေ စားရင်းပြေးလွှားနေကြတယ်။

ချစ်စရာကောင်းလိုက်တာနော်..၊ တစ်ယောက်ကို ဟယ်လာကြည့်ပါဦးလို့ ခေါ်ပြချင်စိတ်ဖြစ်မိတယ်၊ အရင်က သူတို့ကစားနေကြတာတွေ မြင်နေကြဆိုပေမယ့် အခုက ကပ်သီးကပ်သပ် အဖျားစွန်း သေးသေးလေးမှာ ရီးလေးဇောက်ထိုးခိုနေကြတာလေ၊

သြော် .. ဆက်ပြီး စဉ်းစားမိတာက အခုခေါ်ပြစရာ လူမရှိ ငါတစ်ယောက်တည်းဆိုတဲ့ အတွေးလေး ဝင်မိတယ်၊ ဒါပေမယ့် တစ်ယောက်ယောက်သာ ရှိခဲ့ရင်ကော ခေါ်ပြရင်လာကြည့်မှာတဲ့လား၊ အေးနော် ချစ်စရာလေးတွေ ဆိုပြီး ကိုယ်နဲ့ အတွေး ထပ်တူ ရှိပါ့မလား။

ရာခိုင်နှုန်း နည်းပါတယ်နော်။ ဒီမှာ အိပ်ကောင်းနေတုန်းလို့ ပြန်အော်နိုင်တယ်။ ငါက ရှဉ့်မချစ်ပါဘူးလို့ ပြောနိုင်တယ်။ လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေလေ။ အမွှာတွေတောင် တူကြတာမှ မဟုတ်တာလေ။

ဒါပေမယ့် အတူအကွနေ
--> ထိုင်မှု --> တို့ ပေါင်းသင်းဆက်ဆံရေးတို့က အနုပညာဆန်ပါတယ်။ လူအတ္တတွေကို ညှိယူကြရတာလောက် သိမ်မွေ့တဲ့အရာ ရှိမယ်မထင်ဘူး။

သီချင်းဆိုတတ်ဖို့ဆိုရင် သံစဉ်ကိုနားလည်ရသလို အတူတကွနေထိုင်ဖို့ ဆိုရင် တစ်ယောက် သဘောထားကို တစ်ယောက်မြင်တတ်ရပါမယ်။ သံစဉ်မှာ အနိမ့်အမြင့်ရှိသလိုပဲ ကိုယ်နဲ့ အတူရှိနေသူရဲ့ စိတ်အခြေအနေကို သိတတ်မှ နှစ်ယောက်သား အဆင်ပြေနိုင်မယ်လေ။

ကိုယ့်ဖက်ကမြင့်သင့်မြင့် လိုက်ရသလို နိမ့်သင့်နိမ့်ပေးမှ သာသာယာယာရှိမှာလေ။ တစ်ဘက်သက်ကြီးနိမ့်နေ မြင့်နေရင် ရေရှည်မှာ ဘယ်လိုမှ သာယာနိုင်မှာ မဟုတ်ဘူးလေ။ ဥပမာ- ခုနက ရှဉ့်ကလေးတွေကို ခေါ်ပြချင်တာ မျိုးပေါ့ နှစ်ယောက်ရှိရင် တစ်ယောက်က စိတ်မဝင်စားပေမယ် ကိုယ့်အနားမှာ ရှိနေတဲ့ အဖော်က ခေါ်ပြတာကို အလေးအနက်ထားပြီး လာကြည့်ပြီး အေးနော်လို့ လုပ်တတ်ရပါမယ်။

သူ့ပျော်ရွှင်မှုကို မျှဝေခံစားတတ်တဲ့သူအဖြစ် ပြတဲ့တစ်ယောက်ကိုလည်း စိတ်ပျော်ရွှင်စေ သလို သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပိုခိုင်စေမယ်လို့ ထင်တယ်။ ပြတဲ့သူကလည်း သူမနက်စောစော အဲဒီလိုခေါ်တာ မကြိုက်ဘူး ဆိုတာမျိုး သိတတ်ရမှာပေါ့ ခဏခဏ မခေါ်ပြနဲ့ အဲဒီလိုမျိုးပေါ့။ ကျွန်မက ဟန်ဆောင် ခိုင်းတာမဟုတ်ပါဘူး။

တစ်ခါတစ်ခါ ကိုယ်မကြိုက်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်က ကိုယ်ချစ်တဲ့သူတွေ စိတ်ချမ်းသာဖို့ စိတ်ပါလက်ပါ အလိုက်သိ အလိုက်သင့်နေတတ်ရင် ရေရှည်ဆက်ဆံရေး အတွက် ကောင်းတယ်လို့ ထင်တာပါ။ အိမ်ထောင်ပြုဖို့ ဆိုရင်လည်း အဲဒါကလည်း အရေးအကြီးဆုံး ထည့်စဉ်းစား ရမယ့် အချက်လို့ ထင်တယ်လေ..


ဟော.. ဟိုတွေး ဒီတွေးနဲ့ အဝေးကပေမယ့် ငါးထပ်မှာနေတဲ့ ကျွန်မ အတွက် နီးနီးလေးလို လှမ်းမြင်နေရတဲ့ တောင်တန်းစိမ်းစိမ်းတွေဆီကို နေရောင်ပြပြလေးတောင် ပြေးနေပြီ သိပ်လှတဲ့ နံနက်ခင်းကို ဆက်ခံစားနေလို့ မရတော့ဘူး ကျွှန်မလည်း စာကြည့်တိုက်မှာ နေရာဦးဖို့ ပြေးရဦးမှာ

………..ကျွန်မရဲ့..အခန်းလေးထဲမှာတော့ ကိုငှက်ကြီးနဲ့ အောင်ရင်က … ကိုယ်တို့နှစ်ယောက်ရဲ့ အချစ် လမ်းဆန်းမှုရှိရင် အမုန်းများဝေးသွား….. ရင်ခုန်သံတွေ နှလုံးသားတေးသစ်….ကြားလားဟေ့ ချစ်သူ မဆုံးတဲ့တေးသွား… ဆိုနေမယ် အချစ်သီချင်းလေး….လို့.. ဆိုနေလေရဲ့……။
Friday, September 12, 2008

တောင်းပန်လွှာ....

အခုတစ်လော အလုပ်ရှူပ် စာများ ခေါင်းရှုပ်နေရတာကြောင့် ပို့စ်အသစ်လည်း မတင်နိုင် ဖြစ်နေ ရပါတယ်ရှင်.. လာလည်တဲ့ သူတွေကိုလည်း အားနာတာကြောင့် သူများတွေဆီ သွားလည်ရင်တောင် လာလည်ကြောင်း ခြေရာလေးတောင်မထားခဲ့ရဲဘူးလေ.. သူပြန်လာလည်ရင် ဘာမှ ဖတ်စရာ မရှိတာ အားနာလို့ လေ...ဒီလကုန် ကျောင်းက စာမေးပွဲတွေ ပြီးမှပဲ ပို့စ်အကြွေးတွေ ဆပ်ပါ့မယ်လို့ ...နော်...။


Wednesday, September 3, 2008

လတ်တလော ခံယူချက်တွေ....

ဦးလေးဂျူလိုင် နဲ့ အမှန်အစစ်မငြိမ်တဲ့ ဟန်သစ်ငြိမ်တို့က Tag ထားတဲအကြောင်း အသေအချာလာပြောကြတာနဲ့ ဒီကလဲပြောချင်ရဲ့ လက်တို့ချက်ခြင်းကို ရေးလိုက်တာပေါ့….

ကျွန်မရဲ့ လတ်တလော ခံယူချက်တွေက....


ကိုယ့်ရဲ့နာမည် - အလွမ်းပြေ။

ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ဖြူ ၊ ပေါသွပ်၊ အိညောင်အိညောင်၊ ချစ်ဆုံး ၊ ကောင်မစုတ် ။

ကိုယ်ဒီမှာနေတယ် - ကမ္ဘာမြေပေါ်နေထိုင်ရာ ခေါ်ဆိုခဲ့အိမ်။

ကိုယ့်ဆီဖုန်းဆက်ချင်ရင် - ဖုန်းပေါ်က ခလုတ်လေးတွေကို နှိပ်ပါ။

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက

အရောင်ဆိုရင် - အဖြူရောင်။

အ၀တ်အစားဆိုရင် - ကာလဒေသလိုက်ပေါ့ (အကြိုက်ဆုံးက - မြန်မာဝတ်စုံ)။

အစားအစာဆိုရင် - စားလို့ရတာ စားသင့်တယ်ထင်တာအကုန်(အကြိုက်ဆုံးက ငါးပိ)။

ပစ္စည်းဆိုရင် - အသုံးဝင်ပြီး ကိုယ်ကြိုက်တာ။

သီချင်းဆိုရင် - ကြိုက်ကြိုက် အားလုံးကြိုက်။

စာရေးစာဆရာ - အများကြီး။

စာအုပ် - အမျိုးအစားလိုက် အများကြီး။

Life style – ရှုပ်ရှူပ်ထွေးထွေး မလုပ်နဲ့ ရှင်းရှင်းပဲပေါ့ လူ့ဘဝကို ရိုးရှင်းစွာခရီးဆက်...။

ကိုယ့်ရဲ့ဝါသနာ - လူမှုရေးလုပ်ငန်း။

အလိုချင်ဆုံးလက်ဆောင် - ပေးတဲ့လူပျော်ရင၊် စေတနာနဲ့ပေးတဲ့ လက်ဆောင်တိုင်းက အလိုချင်ဆုံး။

ကိုယ့်ရဲ့ အချစ်ဆုံးသူက - အချစ်ဆုံး သူ ပဲပေါ့။

ကိုယ့်ရဲ့ အလေးစားဆုံးသူက - လေးစားသင့်တယ်လို့ စိတ်ထဲမှာ ခံစားမိတဲ့ သူအားလုံး...။

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - ကိုယ်လေတစ်ကယ်ပဲ ..တစ်ယောက်မကဘူး ။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - အမေ...။

ကိုယ့်ရဲ့ အမုန်းဆုံးသူက - ပြောကိုမပြောချင်ဘူး.....။

ရင်အခုန်ဆုံးအချိန် - မပြောပြဘူး သတ်ချင်သတ်.. ။

အကြောက်ဆုံးအချိန် - မဖြစ်မနေ လိမ်သင့်လို့လိမ်ပြောရတော့မယ့် အခြေအနေ။

အပျော်ဆုံးအချိန် - အခုအချိန်။

အမှတ်တရနေ့ - ချစ်သူက ချစ်တယ်လို့ပြောတဲ့နေ့ (အဲဒီနေ့က ရှက်ရှက်နဲ့ ခလုတ်တိုက်တာ ခြေမကွဲသွားလို့လေ)။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆု - ကမ္ဘာမြေငြိမ်းချမ်းပါစေ .. မြန်မာပြည် ငြိမ်းချမ်းတိုးတက်ပါစေ...။

အချစ်ဆိုတာ - ပေးဆပ်ခြင်းပါ။

အမုန်းဆိုတာ - အချစ်ရဲ့ဟိုးဘက်စွန်း။

အလွမ်းဆိုတာ - တမ်းတမှု။

သံယောဇဉ်ဆိုတာ - ရုန်းမရတဲ့ နွယ်ပင်။

ဘ၀ဆိုတာ - ကိုယ့်လုပ်ရပ်တွေရဲ့ ရောင်ပြန် ပန်းချီ။

သူငယ်ချင်းဆိုတာ - စိတ်ချင်းနီးသူတွေ။

ချစ်သူဆိုတာ - ချစ်တဲ့ သူ ပေါ့။

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - တော်ရှာပါပေတယ်။ အူကြောင်ကြား ။

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - Something is better than Nothing

အပြောချင်ဆုံးစကားတစ်ခွန်း - ချစ်သော မျက်စိနဲ့ ကြည့်တတ်ပါစေ။ နှလုံးသားနဲ့ ကြားတတ်ပါစေ။

ပုံပြင်လေးကတော့ ဒါပါပဲရှင်... ရှေ့က ဦးလေးတို့ ရှေးမူအတိုင်း.....

ကဲ...ကိုကိုဖရီးဖြိုးငယ် နဲ့ စိတ်ကူးရေ Tag လိုက်ပြီနော်……