My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, September 3, 2008

လတ်တလော ခံယူချက်တွေ....

ဦးလေးဂျူလိုင် နဲ့ အမှန်အစစ်မငြိမ်တဲ့ ဟန်သစ်ငြိမ်တို့က Tag ထားတဲအကြောင်း အသေအချာလာပြောကြတာနဲ့ ဒီကလဲပြောချင်ရဲ့ လက်တို့ချက်ခြင်းကို ရေးလိုက်တာပေါ့….

ကျွန်မရဲ့ လတ်တလော ခံယူချက်တွေက....


ကိုယ့်ရဲ့နာမည် - အလွမ်းပြေ။

ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ဖြူ ၊ ပေါသွပ်၊ အိညောင်အိညောင်၊ ချစ်ဆုံး ၊ ကောင်မစုတ် ။

ကိုယ်ဒီမှာနေတယ် - ကမ္ဘာမြေပေါ်နေထိုင်ရာ ခေါ်ဆိုခဲ့အိမ်။

ကိုယ့်ဆီဖုန်းဆက်ချင်ရင် - ဖုန်းပေါ်က ခလုတ်လေးတွေကို နှိပ်ပါ။

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက

အရောင်ဆိုရင် - အဖြူရောင်။

အ၀တ်အစားဆိုရင် - ကာလဒေသလိုက်ပေါ့ (အကြိုက်ဆုံးက - မြန်မာဝတ်စုံ)။

အစားအစာဆိုရင် - စားလို့ရတာ စားသင့်တယ်ထင်တာအကုန်(အကြိုက်ဆုံးက ငါးပိ)။

ပစ္စည်းဆိုရင် - အသုံးဝင်ပြီး ကိုယ်ကြိုက်တာ။

သီချင်းဆိုရင် - ကြိုက်ကြိုက် အားလုံးကြိုက်။

စာရေးစာဆရာ - အများကြီး။

စာအုပ် - အမျိုးအစားလိုက် အများကြီး။

Life style – ရှုပ်ရှူပ်ထွေးထွေး မလုပ်နဲ့ ရှင်းရှင်းပဲပေါ့ လူ့ဘဝကို ရိုးရှင်းစွာခရီးဆက်...။

ကိုယ့်ရဲ့ဝါသနာ - လူမှုရေးလုပ်ငန်း။

အလိုချင်ဆုံးလက်ဆောင် - ပေးတဲ့လူပျော်ရင၊် စေတနာနဲ့ပေးတဲ့ လက်ဆောင်တိုင်းက အလိုချင်ဆုံး။

ကိုယ့်ရဲ့ အချစ်ဆုံးသူက - အချစ်ဆုံး သူ ပဲပေါ့။

ကိုယ့်ရဲ့ အလေးစားဆုံးသူက - လေးစားသင့်တယ်လို့ စိတ်ထဲမှာ ခံစားမိတဲ့ သူအားလုံး...။

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - ကိုယ်လေတစ်ကယ်ပဲ ..တစ်ယောက်မကဘူး ။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - အမေ...။

ကိုယ့်ရဲ့ အမုန်းဆုံးသူက - ပြောကိုမပြောချင်ဘူး.....။

ရင်အခုန်ဆုံးအချိန် - မပြောပြဘူး သတ်ချင်သတ်.. ။

အကြောက်ဆုံးအချိန် - မဖြစ်မနေ လိမ်သင့်လို့လိမ်ပြောရတော့မယ့် အခြေအနေ။

အပျော်ဆုံးအချိန် - အခုအချိန်။

အမှတ်တရနေ့ - ချစ်သူက ချစ်တယ်လို့ပြောတဲ့နေ့ (အဲဒီနေ့က ရှက်ရှက်နဲ့ ခလုတ်တိုက်တာ ခြေမကွဲသွားလို့လေ)။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆု - ကမ္ဘာမြေငြိမ်းချမ်းပါစေ .. မြန်မာပြည် ငြိမ်းချမ်းတိုးတက်ပါစေ...။

အချစ်ဆိုတာ - ပေးဆပ်ခြင်းပါ။

အမုန်းဆိုတာ - အချစ်ရဲ့ဟိုးဘက်စွန်း။

အလွမ်းဆိုတာ - တမ်းတမှု။

သံယောဇဉ်ဆိုတာ - ရုန်းမရတဲ့ နွယ်ပင်။

ဘ၀ဆိုတာ - ကိုယ့်လုပ်ရပ်တွေရဲ့ ရောင်ပြန် ပန်းချီ။

သူငယ်ချင်းဆိုတာ - စိတ်ချင်းနီးသူတွေ။

ချစ်သူဆိုတာ - ချစ်တဲ့ သူ ပေါ့။

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - တော်ရှာပါပေတယ်။ အူကြောင်ကြား ။

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - Something is better than Nothing

အပြောချင်ဆုံးစကားတစ်ခွန်း - ချစ်သော မျက်စိနဲ့ ကြည့်တတ်ပါစေ။ နှလုံးသားနဲ့ ကြားတတ်ပါစေ။

ပုံပြင်လေးကတော့ ဒါပါပဲရှင်... ရှေ့က ဦးလေးတို့ ရှေးမူအတိုင်း.....

ကဲ...ကိုကိုဖရီးဖြိုးငယ် နဲ့ စိတ်ကူးရေ Tag လိုက်ပြီနော်……

6 comments:

ဖြိုးငယ် said...

တက်ထားတာကို ရေးပေးချင်ပါတယ်ဗျာ ...
ဒါပေမဲ့ အဲဒါက ရေးပြီးသား ဖြစ်နေတယ်ဗျာ

JulyDream said...

တော်ရှာပေတယ် အူကြောင်ကြားရယ်လို့ပဲ ပြောလိုက်ချင်ပါတော့တယ်။ အဟက်...

ကေမောင်ငြိမ်း said...

kyun taw lal ko han thit pay htar lote tag hart tal byote,
ohn pwa ... ohn pwa chan ma kwal twar tal so lar , ga u site ma pop nge tu ma gi yat, :P

lar comment pout pay par ohn byar

http://jokesandpoem.blogspot.com

Han Thit Nyeim said...

အလွမ်းပြေက အလွမ်းမပြေသေးပဲကိုး...။

thonn thonn said...

ချစ်သော မျက်စိနဲ့ ကြည့်တတ်ပါစေ။ နှလုံးသားနဲ့ ကြားတတ်ပါစေ။ ...
ဒီစာသားလေးကောင်းတယ်။ သူငယ်ချင်းတစ်ယောက်ပြောဖူးတာ ပြန်သတိရမိတယ်။ ရင်ဘတ်နဲ့ လမ်းလျှောက်တတ်ပါစေ တဲ့။

ဇင်ယော် said...

ညီမရေ...ဖုံးပေါ်က ခလုပ်လေးတွေကို နှိပလိုက်ပါဆိုတော့ ဘယ်ကိုနှိပ်ရပါ့။ ၁၉၉ လားဟင်။ အင်းအစားအစာကတော့ ......။ ရှောင်လင်ကျောင်းက စာရင်းထဲ ပေါင်းထားမယ်နော်။ မုန့် ကျွေးခိုင်းရင် ရှောင်ပြေးရအောင်လို့ ပါ။ အမှတ်တရနေ့....အင်း ကြားဖူးတာ မိုးမမြင် လေမမြင်။ ဒီကောင်မလေးကျမှ ပလက်ဖောင်းမမြင် ခဲလုံးမမြင်ဆိုပြီး ပြောင်းရဦးမယ် ထင်ပါ့။