My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Friday, September 19, 2008

မင်္ဂလာပါ နံနက်ခင်း……..




မင်္ဂလာပါလောကကြီးရေ….ဝရန်တာကနေထွက်ပြီး လောကကြီးကိုကြည့်တယ်.. မ
နက်ခင်းလေးက လှနေပါတယ်.. စာတွေများလို့ မနက်လေးနာရီလောက် စာထဖတ်တာပါ…
အခု ငါးနာရီလေးဆယ့်ငါးရှိပြီဆိုတော့ ညောင်းလို့ ဝရန်တာ ထွက်ရပ်ရင်းလောကကြီးကို ကြည့်မိတယ် နားထဲမှာ အသံလေးတွေကြားလို့ ကြည့်မိတော့ ရေသဖန်းပင်ပေါ်မှာ ရှဉ့်လေးတွေ သဖန်းသီးတွေ စားရင်းပြေးလွှားနေကြတယ်။

ချစ်စရာကောင်းလိုက်တာနော်..၊ တစ်ယောက်ကို ဟယ်လာကြည့်ပါဦးလို့ ခေါ်ပြချင်စိတ်ဖြစ်မိတယ်၊ အရင်က သူတို့ကစားနေကြတာတွေ မြင်နေကြဆိုပေမယ့် အခုက ကပ်သီးကပ်သပ် အဖျားစွန်း သေးသေးလေးမှာ ရီးလေးဇောက်ထိုးခိုနေကြတာလေ၊

သြော် .. ဆက်ပြီး စဉ်းစားမိတာက အခုခေါ်ပြစရာ လူမရှိ ငါတစ်ယောက်တည်းဆိုတဲ့ အတွေးလေး ဝင်မိတယ်၊ ဒါပေမယ့် တစ်ယောက်ယောက်သာ ရှိခဲ့ရင်ကော ခေါ်ပြရင်လာကြည့်မှာတဲ့လား၊ အေးနော် ချစ်စရာလေးတွေ ဆိုပြီး ကိုယ်နဲ့ အတွေး ထပ်တူ ရှိပါ့မလား။

ရာခိုင်နှုန်း နည်းပါတယ်နော်။ ဒီမှာ အိပ်ကောင်းနေတုန်းလို့ ပြန်အော်နိုင်တယ်။ ငါက ရှဉ့်မချစ်ပါဘူးလို့ ပြောနိုင်တယ်။ လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေလေ။ အမွှာတွေတောင် တူကြတာမှ မဟုတ်တာလေ။

ဒါပေမယ့် အတူအကွနေ
--> ထိုင်မှု --> တို့ ပေါင်းသင်းဆက်ဆံရေးတို့က အနုပညာဆန်ပါတယ်။ လူအတ္တတွေကို ညှိယူကြရတာလောက် သိမ်မွေ့တဲ့အရာ ရှိမယ်မထင်ဘူး။

သီချင်းဆိုတတ်ဖို့ဆိုရင် သံစဉ်ကိုနားလည်ရသလို အတူတကွနေထိုင်ဖို့ ဆိုရင် တစ်ယောက် သဘောထားကို တစ်ယောက်မြင်တတ်ရပါမယ်။ သံစဉ်မှာ အနိမ့်အမြင့်ရှိသလိုပဲ ကိုယ်နဲ့ အတူရှိနေသူရဲ့ စိတ်အခြေအနေကို သိတတ်မှ နှစ်ယောက်သား အဆင်ပြေနိုင်မယ်လေ။

ကိုယ့်ဖက်ကမြင့်သင့်မြင့် လိုက်ရသလို နိမ့်သင့်နိမ့်ပေးမှ သာသာယာယာရှိမှာလေ။ တစ်ဘက်သက်ကြီးနိမ့်နေ မြင့်နေရင် ရေရှည်မှာ ဘယ်လိုမှ သာယာနိုင်မှာ မဟုတ်ဘူးလေ။ ဥပမာ- ခုနက ရှဉ့်ကလေးတွေကို ခေါ်ပြချင်တာ မျိုးပေါ့ နှစ်ယောက်ရှိရင် တစ်ယောက်က စိတ်မဝင်စားပေမယ် ကိုယ့်အနားမှာ ရှိနေတဲ့ အဖော်က ခေါ်ပြတာကို အလေးအနက်ထားပြီး လာကြည့်ပြီး အေးနော်လို့ လုပ်တတ်ရပါမယ်။

သူ့ပျော်ရွှင်မှုကို မျှဝေခံစားတတ်တဲ့သူအဖြစ် ပြတဲ့တစ်ယောက်ကိုလည်း စိတ်ပျော်ရွှင်စေ သလို သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပိုခိုင်စေမယ်လို့ ထင်တယ်။ ပြတဲ့သူကလည်း သူမနက်စောစော အဲဒီလိုခေါ်တာ မကြိုက်ဘူး ဆိုတာမျိုး သိတတ်ရမှာပေါ့ ခဏခဏ မခေါ်ပြနဲ့ အဲဒီလိုမျိုးပေါ့။ ကျွန်မက ဟန်ဆောင် ခိုင်းတာမဟုတ်ပါဘူး။

တစ်ခါတစ်ခါ ကိုယ်မကြိုက်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်က ကိုယ်ချစ်တဲ့သူတွေ စိတ်ချမ်းသာဖို့ စိတ်ပါလက်ပါ အလိုက်သိ အလိုက်သင့်နေတတ်ရင် ရေရှည်ဆက်ဆံရေး အတွက် ကောင်းတယ်လို့ ထင်တာပါ။ အိမ်ထောင်ပြုဖို့ ဆိုရင်လည်း အဲဒါကလည်း အရေးအကြီးဆုံး ထည့်စဉ်းစား ရမယ့် အချက်လို့ ထင်တယ်လေ..


ဟော.. ဟိုတွေး ဒီတွေးနဲ့ အဝေးကပေမယ့် ငါးထပ်မှာနေတဲ့ ကျွန်မ အတွက် နီးနီးလေးလို လှမ်းမြင်နေရတဲ့ တောင်တန်းစိမ်းစိမ်းတွေဆီကို နေရောင်ပြပြလေးတောင် ပြေးနေပြီ သိပ်လှတဲ့ နံနက်ခင်းကို ဆက်ခံစားနေလို့ မရတော့ဘူး ကျွှန်မလည်း စာကြည့်တိုက်မှာ နေရာဦးဖို့ ပြေးရဦးမှာ

………..ကျွန်မရဲ့..အခန်းလေးထဲမှာတော့ ကိုငှက်ကြီးနဲ့ အောင်ရင်က … ကိုယ်တို့နှစ်ယောက်ရဲ့ အချစ် လမ်းဆန်းမှုရှိရင် အမုန်းများဝေးသွား….. ရင်ခုန်သံတွေ နှလုံးသားတေးသစ်….ကြားလားဟေ့ ချစ်သူ မဆုံးတဲ့တေးသွား… ဆိုနေမယ် အချစ်သီချင်းလေး….လို့.. ဆိုနေလေရဲ့……။

5 comments:

thonn thonn said...

မနက်စောစောစထကျက်တာ ကောင်းတယ်။ စိတ်ကြည်လင်လန်းဆန်းတာပေါ့။ တင်ထားတဲ့ပုံကလေးကလည်း မြင်ရတာနဲ့ သွားနေချင်စိတ်ပေါက်သွားတယ်။

Anonymous said...

ဆရာသုမောင်ရဲ့ စာတစ်ပုဒ်မှာဖတ်ဖူးတာသူ့ကို ဆရာသော်တာဆွေကလားဘယ်သူလဲတော့သေချာမသိတော့ဘူး
ပြောတယ်တဲ့ ကောင်လေး မနက်စောစောစာရေးပါလား
အဲ့ဒါဟာဘာအချိန်နဲ့မှမတူဘူးတဲ့
ညီမလဲ ရေးကြည့်ဖို့ကြိုးစားပါတယ် ဟိ..ဒါပေမယ့်တစ်ခါမှ နိုးဖူး အစောကြီး...
နိုးတဲ့အခါမျိုးဆက်ရေးပါ
အမြဲလာဖတ်ပြီး အားပေးလျက်ပါ

ဇင်ယော် said...

ရှုခင်းလေးက စိမ်းစိုနေတာပဲဗျာ။ ဒီလိုနေရာလေးမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့  စာဖတ်နေရရင် တော်တော်ကောင်းမှာပါ။ မနက်လေးနာရီ ထတယ်လား။ ဟေဟေ. အနော်တို့ က အိပ်ရာတောင် မ၀င်သေးဘူးဗျ။ ဇီးကွက်လေ။ ဟီးဟီး။

Han Thit Nyeim said...

`ဟန်´ တစ်လုံးဆောင် အမှန်တောင်မဆင်းရဲ ဆိုတာ ယုံပြီမဟုတ်လား။ ဒါနဲ့ မေးရဦးမယ်။ အဲဒီနေရာမှာ ဗျုန်းကနဲ ဠင်းတတစ်ကောင်ထပ်ရောက်လာတယ် ဆိုပါတော့.... ဠင်းတကိုချစ်လား၊ ရှဥ့်ကိုချစ်လား။ တစ်ခုခုတော့ ချစ်ရမယ်။

အလွမ်းပြေ said...

ဠင်းတ....ဠင်းတ... ;P