My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Monday, November 17, 2008

အလွမ်း…. ၂


အိမ်မှာ ..
တစ်ကမ္ဘာလုံးနဲ့ ဆက်သွယ်လို့ရတဲ့
အင်တာနက်မရှိပေမယ့်
နှလုံးသားချင်း ဆက်ထားတဲ့
မိသားစုဝင်တွေရဲ့
နွေးထွေးမှုရှိတယ်။

အိမ်ပြန်လာရင်
အမေရေလို့
အော်ခေါ်ပြီး နမ်းရမယ့်
အမေ့ပါးပြင်ရှိတယ်
ပြန်လာပြီလား
မိုးချုပ်တယ်လို့
ဆူမယ့် အဖေရှိတယ်
ခုလို ..
ခြောက်ကပ်ကပ် အခန်းက
ငါ့ကို မထိတ်လန့်စေဘူး။

အိမ်ကိုပြန်ဖို့
ကားကျပ်ကျပ် စီးရပေမယ့်
အနားမှာ
ကာကွယ်ပေးမယ့်
ချစ်သူရှိတယ်
မော့ကြည့်ရင်
အားပေးမယ့် သူ့အပြုံးရှိတယ်
ခုလို..
အပြုံးတွေက ခြောက်ကပ်မနေဘူး…။

ညနေခင်းတွေမှာ
လှမ်းလျှောက်ရင်း..
လက်ဖက်ရည်ဆိုင် ထိုင်ရင်း..
ဘဝအမောတွေအတွက်
ရင်ဖွင့်စရာ….
တိုင်ပင်စရာ..
ငယ်ပေါင်းတွေ ရှိတယ်..
ငြင်းခုန် ပျော်ရွှင်ခဲ့ကြတယ်..
လေအေးပေးစက် အစွမ်းနဲ့
အေးစက်စက် ဖြစ်နေတဲ့
ကော်ဖီဆိုင်က
ကော်ဖီလို ခါးသက်သက် မဟုတ်ဘူး။

ဝမ်းနည်းစရာ ကြုံလာတဲ့အခါ
ငိုရမယ့် နွေးထွေးတဲ့
ချစ်သူရင်ခွင်ရှိတယ်..
အားပေးတဲ့
စကားသံတွေရှိတယ်
ဘာတုန့်ပြန်မှုမှ
မပေးနိုင်တဲ့
ခေါင်းအုံးတွေလို
တိတ်ဆိတ်မနေဘူး။

မွန်းကျပ်လာရင်
ထမင်းပွဲမှာ ဟင်းလုပြီး..
တီဗွီ ချာနယ်လုရင်း…
ရှာကျန် ရန်ဖြစ်
ပြန်ချော့တတ်တဲ့
မောင်လေးရှိတယ်
ကွန်ပျူတာကို
ငေးကြောင်ကြောင်ကြည့်ရင်း
စားရတဲ့ ခြောက်ကပ်ကပ်
ညနေစာ မဟုတ်ဘူး.။

အိမ်မှာ…..
အိမ်မှာ….....

7 comments:

Welcome said...

သယ်ချင်း
ဘဝမှာ နေတတ်ရင် နေပျော်ပါတယ်၊ နွေးထွေးတဲ့ မိသားစုနဲ့ဆိုရင်ဖြင့်
အတိုင်းထက်အလွန်ပေါ့နော်..

အားပေးလျက်ပါ
http://winzaw-mdy.blogspot.com

Anonymous said...

အတူတူပါပဲဗျာ ... ဒီမှာလည်း ဒီလိုပဲ ခြောက်သွေ့အက်ကွဲပြီး အထီးကျန်နေတာပါပဲ။ ကိုယ်ချင်းစာပါရဲ့ဗျာ။

Han Thit Nyeim said...

နေတတ်ရင် ကျေနပ်စရာ
နေပျော်ရင် သေပျော်... အဲ... အဖေခေါ်... အဲ... အဖြေပေါ်... အသေအော်... အဲ... မသိတော့ဘူး...
နေပျော်ရင် နေပျော်တယ်လို့သာမှတ်။

မဆုမွန် said...

ွှအလွမ်းပြေနော်
..ငိုချင်ပါတယ်ဆိုမှ လက်တို့နေတယ်

ငါ့ညီမ ကဗျာလေးက အစ်မ တကယ်ခံစားရတယ်..
အေးဟာ..
ကိုယ့်တိုင်းပြည်မှာ ကိုယ့်မိသားစု အတူနေပြီး ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်ချင်တယ် အဲ့တာဆို အပိုကုန်တဲ့ ပိုက်ဆံလဲ သူများကို မပေးရတော့ဘူး အိမ်လခပေးခါနီးတိုင်း စိတ်နာတယ်...
အိမ်ပြန်ချင်တယ်လို့အော်တိုင်း ပြန်ပေါ့လို့ပြောလာရင် နူတ့်ဆွံပြီး မျက်ရည်ဝဲမိတယ်

ဗီလိန် said...

အဲ့ဒီအလွမ်းတွေကို
တစ်ယောက် လှုပ်ချတယ်။
တစ်ယောက်က ခါချတယ်။
တစ်ယောက်က တံချူနဲ့ထိုးတယ်။
တစ်ယောက်က တစ်ပင်လုံးခုတ်လှဲတယ်။

:'(
မခံနိုင်တော့ပါဘူးဆိုမှ။ အဟင့်။

GreenGirl said...

ဘ၀တူတွေပါ သူငယ်ချင်းရယ်း(

ဇင်ယော် said...

အင်း အိမ်ကိုလွမ်းတဲ့ အလွမ်းကလည်း အတော်ဆိုးသဗျ။ ပျော်ရာမှာ မနေပဲ တော်ရာမှာနေရတဲ့ နာတို့ ဘ၀တွေမှာတော့ အိမ်ကိုလွမ်းတဲ့ အလွမ်းက ရင်းနှီးကျွမ်းဝင်နေခဲ့တာ ကြာခဲ့ပါပြီကော။