My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Tuesday, November 11, 2008

စွန့်စားမှုများနှင့် ဘဝ.....




ကျွန်မတို့ တွေဟာ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တောင်မသိဘဲ ကိုယ်ဘာသာ ပိတ်လှောင်ထားကြတယ်။
ကျွန်မတို့ ကြီးပြင်းခဲ့ရပုံ နဲ့ သင်ကြားခံခဲ့ရတဲ့ ပုံစံကြောင့် ထင်ပါရဲ့။ စွန့်စားမှုကိုလုပ်ဖို့ ကြောက်တတ် ကြတယ်။ ဥပမာ တွေပြောရရင် အလုပ်အသစ်ရှာဖို့ ဆိုရင် ဒီအလုပ်ထက် ကောင်းနိုင်ပါ့မလား အဆင်ပြေ ပ့ါမလား ဆိုပြီး ရှာဖို့ ရွံ့နေရင်း ကိုယ့်ဝါသနာနဲ့ တကယ် ကိုက်ညီပြီး ကိုယ်တကယ်အောင်မြင် နိုင်တဲ့ အလုပ်မျိုးတွေဆီ မရောက်ပဲ တန့်နေတဲ့ လူတွေ အများကြီးရှိပါတယ်။ အချစ်ရေးမှာလဲ အသည်းတစ်ခါကွဲ ရုံနဲ့ ကြောက်ပြီး အပျိုကြီး လူပျိုကြီး အဖြစ်အရိုးထုတ်ရင်း မိသားစု နွေးထွေးမှု အပြည့်အဝမရဘဲ အဖိုးကြီး အဘွားကြီးဘဝကို ကုန်လွန်သွားရတဲ့ သူတွေရှိပါတယ်။ တစ်ချို့ဆိုရင်လည်း ကိုယ်အပေါ် သိပ်မကောင်းတဲ့ ကိုယ်နဲ့ သိပ်ကိုက်ညီမှု မရှိတဲ့ ချစ်သူကို ရထားပေမယ့် နောက်လူဆိုရင်လည်း ဒီထက် ဆိုးချင် ဆိုးမှာ၊ သူကောင်းလာမှာပါ ဆိုတဲ့မျှော်လင့်ချက် ၊ ရည်းစားနဲ့ ကွဲရမှာ ပတ်ဝန်းကျင်ကို ရှက်တာ ဒီလိုမျိုးတွေနဲ့ မသာယာတဲ့ အိမ်ထောင်ဆီကို ဦးတည်မိရက်သားဖြစ်ပြီး အဆုံးမှာ မသာယာတဲ့ အိမ်ထောင်ရေး ဝဲကရက်ထဲ ရောက်သွားရသူတွေ အများကြီးပါ။
စွန့်စားမှုတိုင်းဟာ ကောင်းတယ်လို့ ကျွန်မ မပြောချင်ပါဘူး။ ဒါပေမယ့် စွန့်စားမှု မရှိလို့ သေနေတဲ့ ဘဝတွေ အကြောင်း တွေးမိတာပါ။ စွန့်စားမှု ကို တံခါးတစ်ခြပ်လို့ ကျွန်မမြင်မိတယ်။ တံခါးပိတ်ထားတဲ့ အခါ ဟိုဘက်အခြမ်းမှာ ရှိနေတဲ့ အခွင့်အလမ်းသစ်တွေ ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေ အောင်မြင်မှုတွေ ရှုံးနှိမ့်မှုတွေ ဒါတွေ အားလုံးကို ဘာမှ မမြင်ရပါဘူး။ တခါးဖွင့် လိုက်တဲ့ အခါမှာတော့ ဒါတွေကို မြင်ရပါမယ်.. ပုံသေ ဘာလို့တော့ တံခါးမဖွင့်ခင် မှန်းမရ နိုင်ပါဘူး ။ တခါးဖွင့် လိုက်တဲ့ အကျိုးဆက်ဟာ အများကြီး ဖြစ်နိုင်တာမို့ ရင်ဆိုင်နိုင်ဖို့အားတွေ လဲကျရင် ရုန်းထနိုင်ဖို့ အားတွေလည်း လိုတာမို့ တခါးမဖွင့်ခင် ကြိုတင်ပြင်ဆင်မှုတွေလဲ လိုပါတယ်။ အဆင်သင့်ဖြစ်ပြီးမှ တွေဝေ မနေဖို့လဲ လိုတာပါပဲ။ ဒါကြောင့် ကျွန်မတို့ဟာ လဲရင် ကုန်းထနိုင်တဲ့ လူငယ်ဘဝမှာ ရပ်မနေပဲ အကောင်းဆုံးတွေကို ရှာဖွေဖို့ စွန့်စားသင့်တယ်လို့ ကျွန်မအနေနဲ့ ယူဆမိတယ်။
နောက်ပြီး လူငယ်တွေဟာ နိုင်ငံအတွက် အားသစ်တွေပါ။ နိုင်ငံပြောင်းလဲ ဖွံ့ဖြိုးတိုးတက်ဖို့ ကောင်းမွန်လာဖို့ လူငယ်တွေ အပေါ်မှာ အများကြီး မူတည်ပါတယ်။ ကိုယ်ကိုကိုယ် ပြောင်းလဲတိုးတက်အောင်မလုပ်နိုင်ရင် နိုင်ငံအတွက်က ဝေးသွားပါလိမ့်မယ်။ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေး လုပ်နိုင်ဖို့ ကျွန်မတို့ လူငယ်တွေ ကိုယ်စနိုင်တဲ့ ကိုယ်ရဲ့ ကိုယ်ပိုင် အရည်အသွေးတွေ ဘဝတွေ ဖွံ့ဖြိုးတိုးတက်လာအောင် အရင် ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။ အခွင့်အလမ်းက ကိုယ်ဆီရောက်မလာလည်း ကိုယ်က အခွင့်အလမ်းဆီ ရောက်အောင်သွားသင့်ပါတယ်။ မဖြစ်နိုင်ဘူးလို့ တွေးနေတာထက် စွန့်စားကြိုးစားကြည့်စေပါချင်တယ်။
လောကကြီးမှာ ဘယ်ဟာမှန်ပြီး ဘယ်ဟာမှားတယ် ဆိုတာ မရှိပါဘူး အခြေအနေ အချိန်အခါ နေရာ ဒေသ အတွေးခေါ် ယူဆချက် ရပ်တည်မှုတွေ အပေါ် မူတည်ပြီး အမှား အမှန်ဆိုတာ ဖြစ်လာတာမို့ ….. ကျွန်မတို့ ပြူတင်းပေါက် ဖွင့်မလား။ တံခါးမကြီး ဖွင့်မလား။ တံခါးတစ်ခြပ်ပဲ ဖွင့်မလား။ အပြည့်လား..........................
ဘာပဲဖြစ်ဖြစ် အနည်းဆုံး ကိုယ့်ကိုကိုယ် ပိတ်လှောင်မထားမိဖို့တော့ လိုမယ်ထင်တယ်နော်………..
(ပေါ်လာတဲ့ ကိုယ့်အတွေးတစ်ခုကို ချရေးမိတာပါ )
အလွမ်းပြေ
၁၂.၁၁.၀၈

11 comments:

WWKM said...

မဖြစ်နိုင်ဘူးလို့ တွေးနေတာထက် စွန့်စားကြိုးစားကြည့်စေပါချင်တယ်။

*********************
ညီမလေးရဲ့ အတွေစလေးက ကောင်းပါတယ် ညီမလေး
ရေ။
အဆင်ပြေပျော်ရွှင်နိုင်ပါစေကွယ်။

ချစ်ခင်လျှက်
မမ၀ါ

Han Thit Nyeim said...

ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် လွှတ်ထုတ်နေသလား၊ ကိုယ့်ကိုကိုယ် ပိတ်လှောင်ထားသလားတော့ ကိုယ်တိုင်တောင် မခွဲခြားနိုင်တော့ပါဘူး။

မဆုမွန် said...

ဟုတ်တယ် ကိုယ့်အတွေးနဲ့ကို ကိုယ်မွန်းကျပ်နေခဲ့တာတွေရှိတယ်
ကိုယ့်ဘာသာ ပိတ်လှောင်ခဲ့တာတွေလေ..
တစ်ခါတစ်လေ စိတ်ထဲ ဘာမှ မရှိပဲ ဗလာကြီး နေလိုက်ချင်တယ်..

အကုန်လုံးကို ခနရပ်ထားလိုက်တယ် အခုလဲ..
အားလုံးငြိမ် ဒါမှမဟုတ် အကုန်လုံး ဖြစ်ချင်ရာ ဖြစ်ဆိုပြီးလေ

ဇင်ယော် said...

ကောင်းမွန်သပ်ရပ်တဲ့  အတွေးလေးပါ။ ပိတ်လှောင်မထားပဲ စွန့် စားကြည့်ဖို့  အားတွေမွေးလိုက်ဦးမယ်။

Anonymous said...

ကိုယ့်ကိုကိုယ်ပိတ်လှောင်မထားဖို့တဲ့ ...
သိပ်ကောင်းတဲ့ အတွေးအခေါ်တစ်ခုပါပဲ။
ထောက်ခံပါတယ်ဗျာ။

Unknown said...

ဝါး ၄ ခေါက် လောက် သေသေ ချာ ချာ ပြန် ဖတ် လိုက် ရ တယ်။ အ ရေး အ သား က လေး နက် မှု့ တွေ တော် တော် ပါ နေ တယ်။ ကောင်း တယ် ဗျာ။ လေး စား ပါ တယ်။ အင်း လေး ဟုတ် ပါ တယ်။ အ ဘိုးကြီး အ ဘွားကြီး တွေ ဖြစ် တဲ့ အ ထိ ပိတ် လှောင် ထား တာ မ ကောင်း ပါ ဘူး လေ။ လေး စား ပါ တယ်။

Dr Phyo Wai Kyaw said...

သပ်ရပ်တဲ့
အတွေးလေး!!!!

လူလ said...

မင်္ဂလာပါ မလွမ်းပြေ

ဓလေ့တခုကို ဆန်ကျင်တွေးပေါ့။ ဒါဗေမဲ့ အခြေအနေ အချိန်အခါ ကာလ ဆိုတဲ့ ကာလံ ဒေသံကလဲ ရှိသေးတယ်ဆိုတော့ ထပ်တူတော့ မကျရိုး အမှန်ပဲ။ စွန့်စားတယ်ဆိုတာကလဲ ဘုရင့်နောင် ဖေါင်ဖျက် ပုံစံတော့ လုပ်လို့မရပါဘူး။ စွန့်စားခဲ့လို့ ရှုံးနိပ်ခဲ့ရင် တဘ၀စာ ပေးဆပ်လိုက်ရတယ်လေ ဒါက ကိုယ်တွေ့ပါပဲ၊ အိုင်ပင်း မိုင်းတို့၊ အညမညသဘောတော့ လက်ခံပါတယ်။
လူမှုရေး၊စီးပွားရေးနှင့် နိုင်ငံရေး အဖက်ဖက်က တွေးလိုက်ရင်ဒီပို့စ်က အတွေးမြင့်တော့ ရေးစရာတွေက များသား။
ဒီလောက်ပဲ ရေးလိုက်တော့မယ်။

ရွှင်လန်းချမ်းမြေ့ပါစေ...

Welcome said...

တံခါးတွေတော့ အကုန်ဖွင့်ထားပါတယ်။ ဒါပေမယ့် နှောင်ကြိုး တွေက တစ်မျှင် နှစ်မျှင် မကတာမို့ လွတ်လပ်မှု ဆိုတာ ရှာမတွေ့ခဲ့ပါဘူး...
ဒါပေမယ့် ရှင်သန်နေရ ဆဲပါ...

http://winzaw-mdy.blogspot.com

ခေါင်ခေါင် said...

ညီမလေး.. အတွေးလေးက ကောင်းတယ်..
အမလဲ စွန့်စားရတာ ကြိုက်တယ်..
ကိုယ့်ကိုယ်ကို ပိတ်လှောင်မထားပဲ စွန့်စားကြည့်သင့်တယ်... ကိုယ်ယုံကြည်ရာကို စမ်းသပ်ကြည့်သင့်တယ်.. ဖြစ်လာတာ မဖြစ်လာတာတွေကို ခဏလေး မေ့ထားပြီးတော့လေ... ။

Anonymous said...

(အခွင့်အလမ်းက ကိုယ်ဆီရောက်မလာလည်း ကိုယ်က အခွင့်အလမ်းဆီ ရောက်အောင်သွားသင့်ပါတယ်။ မဖြစ်နိုင်ဘူးလို့ တွေးနေတာထက် စွန့်စားကြိုးစားကြည့်စေပါချင်တယ်။ )
ဒီစာလေးကိုဖတ်ပြီးခွန်အားသစ်တွေတိုးလာပါတယ်
အားပေးနေပါတယ်အမ