My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, October 29, 2008

ချစ်သူသို့……………..


စကားတွေ မချိုပေမယ့်

ရင်ထဲက စေတနာတွေ

ပိုတယ်ဆိုတာ

ယုံတယ်… ကို။

မြင်သာအောင်

ချစ်မပြ တတ်ပေမယ့်

အကြင်နာ တကယ်

စစ်တယ်ဆိုတာ

ယုံတယ်..ကို။

ဖွဲ့နွဲ့ကာ

လွမ်းမပြတတ်ပေမယ့်

(ကို့)ရင်ထဲမှာ

နွမ်းနေမယ်ဆိုတာ

ယုံတယ် .. ကို။

ချွဲနွဲ့ကာ ချစ်တာ

ပြောမပြတတ်ပေမယ့်

စွဲမြဲစွာ

သစ္စာရှိတယ်ဆိုတာ

ယုံတယ်..ကို။

ခိုင်မာတဲ့

ယုံကြည်မှု

ချစ်ချင်းမေတ္တာ

သစ္စာတွေ စုစည်းလို့

တို့နှစ်ယောက် အနာဂတ်

ကို့ရဲ့လက်နဲ့

လှပစေမယ်ဆိုတာ

ယုံတယ်.. ကို။


အလွမ်းပြေ

၂၉.၁၀.၀၈

12 comments:

ရွှေပြည်သူ (ShwePyiThu) said...

ကဗျာလေးက ချိုပြီးလှနေတာပဲ... တကယ်တော့ အချစ်မှာ ယုံကြည်ခြင်းမပါရင် ပြီးပြည့်စုံတာမှ မဟုတ်တာနော်... ချစ်သူနဲ့ ထာဝရပျော်ရွှင်နိုင်ပါစေ ညီမလေးရေ...း)

ဗီလိန် said...

စကားလုံးကျစ်ကျစ်လေးတွေနဲ့ ထိတယ်ဗျာ။ ဆက်ရေး။ ကြိုက်တယ်ဗျာ။

Kaung Kin Ko said...

ရွှေပြည်သူ ပြောသွားသလိုပဲ။ ကဗျာလေးက ချိုပြီးလှ နေတယ်။

ငှက်ငယ်လေး said...

မမရေ ကဗျာလေးက စာလုံးရိုးရိုးလေးတွေနဲ့ လှတယ်း)

တားမြစ် ထားသော... said...

ကဗျာက ဖတ်လို့ကောင်းတယ်။ ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ သံယောဇဉ်တွေကို မြင်လိုက်ရတယ်။
ကျွန်တော်ချစ်ရသူတစ်ယောက်ရဲ့ ရင်ထဲမှာလည်း ဒီလိုဆို ကောင်းမှာပဲလို့ တွေးမိတယ်။း)

သုခမိန်(E-Journal)

Anonymous said...

ကောင်းမွန်တဲ့ကဗျာလေးတစ်ပုဒ်

သံယောဇဉ်တွေကို မီးထွန်းပြလိုက်သလို ပါပဲ

ကဗျာတွေကိုအားပေးလျက်ပါ

ညခင်း

Anonymous said...

ကဗျာလေးက ချစ်ခြင်းနဲ့ လှပနေတာပါပဲဗျာ ..
ချစ်ခြင်းနဲ့ပဲ အရာရာကိုကျော်လွှားနိုင်ပါစေ

ဇင်ယော် said...

တယ်ဟုတ်ပါလား ဒီလို ရိုးရိုးလေးတွေနဲ့  ကဗျာ လှလှလေးဖြစ်အောင်လည်း ပုံဖော်တတ်တယ်ပေါ့။ တော်ချက်ဗျာ။ အဟဲ ကြုံလို့  သတိပေးလိုက်ဦးမယ်။ ကိုရီးယားကားတွေကြည့်ပြီး ခဏခဏတော့ မနှိပ်စက်လေနဲ့ ။ တော်ကြာ ကို ထွက်ပြေးရင် ဒုက္ခရောက်နေမယ်။ ဟေဟေ.။

ဝေလေး said...

ကဗျာလေးက ရိုးရိုးလေးပေမယ့် ကောင်းတယ်။ ယုံကြည်ခြင်းတွေနဲ့ တွဲလက်တွေခိုင်မြဲနိုင်ပါစေနော်....

နှင်းပွင့်ဖြူ said...

ကဗျာလေးက ရိုးရိုးလေးနဲ့ ကောင်းတယ်

Han Thit Nyeim said...

အင်း... ဘဲဘဲလေးနဲ့ ခွဲရတော့မယ်ဆိုတော့ သည်းသည်းလေးလဲ ကွဲနေပြီထင်ပါ့။

Anonymous said...

ကဗျာဆရာ ပီသပါပေတယ်။ တင်စားပုံနဲ့ စကားလုံးလေးက ရိုးရှင်းပေမယ့် ဆွဲဆောင်ခေါ်ငင်သွားပါတယ်၊ ခံစားမိပါတယ်။ ကဗျာလေးကို သဘောကျတယ်။