My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Tuesday, October 21, 2008

ဘဝ.... ည...


အစီအစဉ်မကျတဲ့ ဘဝမှာ

ခဏ ခဏ လဲကျနေရတာ

နာကျင်လှပါပြီ။

ကိုယ်တိုင်

အစီအစဉ် ချထားတဲ့

ဘဝပေါ်လဲ ကိုယ်တိုင်ပဲ

လဲကျနေလေရဲ့။

ခဏ ခဏ ကျပျောက်တတ်တဲ့

ယုံကြည်မှုကိုလည်း

လိုက်လိုက် ရှာနေရတာ

မောပန်းလှပါပြီ။

ဒါပေမယ့်…

မရှိလို့ မဖြစ်ဘူးဆိုတဲ့

အသိက င့ါကို မနားတမ်း

ရှာခိုင်းနေလေရဲ့။

အစီအစဉ်မကျတဲ့ ဘဝနဲ့

ရှာရခက်တဲ့ ယုံကြည်မှုကို ကျောခိုင်းဖို့

(ငါ)..ကျိုးစားရင်းနဲ့…..

ထပ်ခါ ထပ်ခါ နစ်မြုပ်… ကူးခပ်...

အိုး……..

ညတွေ…….

မှောင်လွန်းနေတယ်…။



12 comments:

Anonymous said...

ဘ၀ ဆိုတာ ဒီလိုပါပဲဗျာ ...
နိမ့်ပြန် မြင့်ပြန် လောကဒဏ် ဆိုတဲ့ အတိုင်း
အနိမ့် အမြင့် အောင်မြင်မှု ကျရှုံးမှု ဆိုတာ
မလွဲမသွေ ကြုံတွေ့နေရမှာပါပဲ ..
ဒါပေမယ့် အဲ့လိုတွေ အနိမ့်အမြင့်တွေကြားမှာ
စိတ်ကို လိုက်ပါမသွားစေပဲ ပွဲကြည့်ပရိတ်သတ်
တစ်ယောက်လို ထိုင်ကြည့်နေနိုင်ရင် တော်တော် သက်သာပါတယ် ...
ကဗျာလေးက ပေါ်လွင်ပါတယ် ..
အားပေးပါတယ်ဗျာ

Dodi said...

ခဏ ခဏ ကျပျောက်တတ်တဲ့ ယုံကြည်မှုကိုလည်း
ကူးခတ်ရုန်းကန် လိုက်ရှာရင်းနဲ့ ကိုယ်တိုင်လည်း နဝေတိမ်တောင် ဖြစ်နေပြီ

Han Thit Nyeim said...

ကဗျာလေးကောင်းတယ်ဗျို့...။ (တကယ်ပြောတာ)

ဒါပေမယ့် ဘ၀ကို အမြဲတမ်း ညလို့တော့ မမြင်နဲ့ဗျို့။

၁) ကိုယ့်ကိုယ်ကိုယ် ဇီးကွက်၊ လင်းဆွဲအဖြစ် ပြောင်းနိုင်ရင်ပြောင်း
၂) လမင်းကို တွေ့အောင်ရှာ
၃) လမထွက်တဲ့အခါ အလင်းတိုင်ထွန်း

ညဆိုတာက ရောက်လာမှာပဲ အဲဒါကို မတုန်မလှုပ် ရင်ဆိုင်နိုင်ဖို့ပဲ လိုတယ်။

ဖြိုးငယ် said...

မှောင်လွန်းတဲ့ ညတွေ ပျောက် ..
အလင်းတွေ မြန်မြန်ရောက်ပါစေဗျာ

အရုပ်ကလေး said...

မရှိလို့ မဖြစ်ဘူးဆိုတဲ့ အသိက ငါ့ကို
မနားတမ်း ရှာခိုင်းနေလေရဲ့ စာသားလေးကို
သဘောကျတယ်
ခြုံပြီး ဖတ်ရင်လည်း ကောင်းတဲ့ ကဗျာလေးပါ
ဘ၀ဟာ ညဖြစ်ခဲ့ရင်
ဖြစ်ခဲ့တဲ့ ညတွေတိုင်းရဲ့ အချိန်တိုင်းမှာ
ဘ၀ပေး သင်ခန်းစာတွေကို ထွန်းညှိပြီး
အမှောင်ခွင်းလို့ အလင်းဖြာခြင်းတွေရရှိအောင်
ကြိုးစားနေရင်း အဆင်ပြေခြင်းများစွာ ပိုင်ဆိုင်ပါစေ

Kaung Kin Ko said...

ကဗျာလေး ကောင်းတယ်။
ညကို အမြန်ကျော်လွှားနိုင်ပါစေ ညီမရေ။

ဇင်ယော် said...

ညီမရေ တခါတရံလည်း ညဆိုတာ ကြယ်ရောင်တွေ လင်းပြီး လရောင်ဆမ်းလို့  လှပနေတတ်ပါတယ်လေ။ ယုံကြည်မှုကို ရှာတွေ.ရင် မလွတ်တမ်း ဆုပ်ကိုင်လို့  လိုရာလမ်းကို ရောက်အောင် မနားတမ်း ကူးခပ်နိုင်ပါစေဗျာ။

ဂျူဝသန် said...

ကောင်းလိုက်တဲ့စာသားတွေ ကိုယ့်ကဗျာ ကျကွဲသွားတာတောင် မနှမျှောတော့ဘူး...။ဆက်ရေး..... ဒါပဲ။ (မနာလိုဘူး)

Dream said...

တီတီလွမ်းရေ... အဟမ်းအဟမ်... ကဗျား က တော်တော်ကောင်းတယ်... မက်မက်
ကြိုက်တယ်... အားပေးနေမယ်နော်... ဒါနဲ့ ကျိုးစားရင်းနဲ့… ဆိုတာ မှားနေတယ်..
ကြိုးစားရင်းနဲ့...ဆိုပြီး ဖြစ်ရမှာနော်... ခင်လို့ပြောတာပါ... စိတ်မဆိုးရဘူးနော်..
အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အမြှောက်1သိန်း..

ခင်တဲ့မက်မက် :) :)

Anonymous said...

စာလာဖတ်ရင်း ကဗျာလေးကောင်းလို့ 

ကွန်မက်ပို့ ခဲ့ပါတယ်

အားပေးလျက်

ကဗျာလေးက အင်မတန်ကောင်းပါတယ်

Prizewai said...

ခံစားချက်ချင်းထပ်တူထပ်မျှပါပဲ။

ko globel said...

မမ၀၀ ထထကနိုင်ပါစေ...