My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Friday, October 10, 2008

မသေခင် ၁၀ ရက်...



လူတွေ အားလုံး မွေးကတည်းက လူမှန်းသိတတ်စ အရွယ်ကတည်းက တစ်ချိန်ချိန်မှာ သေရမယ် ဆိုတာသိပြီးသား လူတွေချည်းပါ.. ဒါပေမယ့် သေဖို့ အဆင်သင့်ဖြစ်ပြီလားလို့ အခုကောက်မေးရင် ဟင့်အင်းလို့ အလန့်တကြား ဖြေရမှာပါ… နေဖို့ကို နေတိုင်းတွေးဖြစ်နေပေမယ့် သေဖို့ကို မတွေးဖြစ်တာ အမှန်ပါ…ဒါကြောင့် ဒီလိုတွေးဖြစ်စေတဲ့ ဒီ Tag Game လေးကို ကျေးဇူးပါ…တစ်ကယ်သေရတော့မှာလား…. ဒါ game လို့ အတွေးဝင်နေလို့ အေးအေးဆေးဆေး ဘာလုပ်မလဲ ခေါင်းအေးအေးနဲ့ တွေးနိုင်ပေမယ့် တစ်ကယ်ကြုံနေရပြီ ဆိုရင် ဒီလောက်ခေါင်းအေးမယ် မထင်ပါဘူး…. ဒါပေမယ့် အဲဒီရက်တွေမှာ စိတ်ထားတတ်မှ ဘဝကူးကောင်းမယ်လို့ ကျွန်မထင်ပါတယ်….

၁၀ရက်….

လေယဉ်လက်မှတ်သွားဝယ်မယ်.. ဒီက သူငယ်ချင်းတွေအားလုံးကို ညနေ ၇နာရီလောက် ညနေစာ လာစားဖို့ email ပို့ပြီးချိန်းမယ်..အခန်းထဲက အသုံးအဆောင် တွေကိုတစ်ခုချင်း သိမ်းပါမယ်… တစ်ချို့က ပရိဘောဂနဲ့ အလှဆင်ပစည်း တွေက ဒီက မိတ်ဆွေတွေ အတွက်.. သူတို့ကိုပေးမယ့် ဟာတွေကို တစ်စုပုံထားမယ်… မီးဖိုချောင် အသုံးအဆောင်၊ ပေါင်းအိုး၊ ရေနွေးအိုး၊ အိပ်ယာ၊စောင်၊ တံမြက်စေး အစရှိတာတွေကို နောက်လာတက်မယ့် ကျောင်းသားကိုပေးဖို့ ဖောင်ဒေးရှင်းကို ပေးခဲ့မယ် သူတို့ကိုလည်းကျေးဇူးတင်စကားပြောပါမယ်… နောက် မြန်မာဘုန်းကြီးကျောင်း သွားပြီး အလှူငွေလှူရင်း ဘုန်းဘုန်းတွေကို နှုတ်ဆက်ပါမယ်.. ကျောင်းကိုသွားပြီး ကျောင်းမှာရှိတဲ့ ဆရာတွေနဲ့ ကျောင်းရုံးခန်းက စာရေးမကို နှုတ်ဆက်ပါမယ် … ညနေစာအတွက်ပြင်ဆင် ချက်ပြုတ်ပါမယ်.. ရန်ကုန်က ချစ်သူကို ဖုန်းဆက်ပြီး မနက်ဖြန်ညနေ လာကြိုဖို့ ပြောပါမယ်…အိမ်ကိုဖုန်းဆက်ပြီး လိုချင်တာမှာဖို့မေးပါမယ်.. အဲဒီညနေမှာ ဒီကသူငယ်ချင်းတွေ၊ အစ်ကို အစ်မတွေနဲ့ အတူ ညနေစာ စားရင်း သူတို့ကိုနှုတ်ဆက် ကျေးဇူးတင်သင့်သူတွေကို ကျေးဇူးတင်ရင်း တစ်ညနေကို ပျော်ပျော်ပါးပါး ကုန်ဆုံးပါမယ်… သေချာတာကတော့ အိပ်ရာဝင်ကာနည်း ဘုရားရှစ်ခိုးချိန်က အရင်ကထက် ကြာမှာပါး) သေချာပါတယ်……..

၉ရက်….

မနက်နိုးတာနဲ့ ရန်ကုန်က မိသားစုနဲ့ သူငယ်ချင်းတွေ အတွက်လက်ဆောင်လိုက်ဝယ်ပါမယ်…ပြီးရင် လေယဉ်ကွင်းဆင်းပါမယ်… ရန်ကုန်ရောက်တဲ့ အခါ ရွှေတိဂုံဘုရားကိုတန်းသွားလို့ရရင် သွားပါမယ် ပြီးရင် ချစ်သူနဲ့ အေးအေးဆေးဆေး စကားပြောပါမယ်..သူ့ကို အခြေအနေ အားလုံးကိုပြောပြမယ်… ဘုရားဖူးခရီးလေးတစ်ခုကို စီစဉ်ပေးဖို့ပြောမယ်… ပြီးရင် သူက နောက်နေတာလို့ ထင်ပါလိမ့်မယ်… သူ့အလုပ်တွေ အကြောင်းပြပြီး ဟိုရွှေ့ဒီရွှေ့လုပ်ပါလိမ့်မယ်.. ကျွန်မက သူလိုက်နိုင်လိုက်ပါ မလိုက်နိုင်နေခဲ့ပါလို့ပြောရမှာပါပဲ အဲဒီအချိန်မှာ ကျွန်မက စေတနာ အပြည့်နဲ့ ကျွန်မ ကွယ်လွန်ပြီးရင် နောက်မိန်းကလေး တစ်ယောက်ကို ရွေးချယ်ဖို့ သူစိတ်နဲ့ဆို ဘယ်လိုကောင်မလေးမှ ဖြစ်မှာ ဆိုပြီးပြောရင် သူကိုရွဲ့ပြန်ပြီလို့ ထင်မှာမလွဲပါဘူး အဲဒီတော့ အဲဒီမှာတမ်းကို စာနဲ့ပဲ ရေးခဲ့ရမှာပါ……

၈ရက်….

မနက်စောစော ကျွန်မရုံး ကိုသွားပါမယ်… ရုံးက လူတွေနဲ့ စကားပြောမယ်..ကိုယ့် Department က ကလေးတွေ အလုပ်ထဲဘာတွေလိုလဲ ဘာတွေသိချင်သေးလဲ မေးမယ် … မင်းကြီးကြိုက်မှာ ထမင်းတူတူစားမယ်.. လက်ဖက်ရည်ဆိုင်ထိုင်မယ်… ပြီးရင် ကျွန်မ Boss ထောင်ထားတဲ့ LNGO ရဲ့ ကျောင်းက စာကြည့်တိုက်မှာ ကျွန်မ စာအုပ်တွေကို လှူမယ်… အဲဒီမှာ အလုပ်များနေမယ့် ဆရာကို နှုတ်ဆက်ပြီး ကျွန်မ လုပ်အားပေးလုပ်ဖူးတဲ့ ကိုးထပ်ကြီးနဲ့ လှိုင်သာယာက ကလေးတွေဆီ သွားပြီး သူတို့ အတွက် မုန့်တွေ၊ ကျောင်းအသုံးအဆောင် တွေဝယ်သွားပေးပါမယ်…ပြီးရင် ဝက်သားဒုတ်ထိုးတို့ ဘူးသီးကျော်တို့ ကြေးအိုးတို့ စားချင်သမျှကို စားနိုင်သမျှစားမယ်လေ...အဲဒီနေ့မှာပဲ ကျွန်မ ရိုသေလှတဲ့ ဘုန်းဘုန်း ဆီကို သွားပြီး အကျိုးအကြောင်းရှင်းပြပြီး ကျွန်မအတွက် သနားသောအားဖြင့် သူ့ကျောင်းက တရားစခန်းမှာ ၃ရက် တရားအားထုတ်ခွင့် ရဖို့ ပြောပါမယ်..ပြီးရင် အိမ်ပြန်လာပြီး အဲဒီည မိသားစုနဲ့ စကားအေးအေး ဆေးဆေးပြောပါမယ်….

၇ ရက်…..

အမေ နဲ့ တခြားလိုက် နိုင်တဲ့ သူငယ်ချင်းတွေ နဲ့ အတူတူ ရန်ကုန် သံလျင် ဖြစ်ဖြစ် ပဲခူးဘက်ပဲဖြစ်ဖြစ် ဘုရားဖူးထွက်ပါမယ်.. အဲဒါက အမေ့အတွက်ပါ.. အမေခမျာ အဖေနေမကောင်းဖြစ်ကတည်းက တစ်ဖဝါးမှ မခွာ အဖေ့အနား ကပ်ပြီး ပြူစုနေရတာ၊ ဘယ်မှလဲ မသွား စိတ်မချပါဘူး ၊ အခုတော့ အမေ စိတ်ချ လောက် အောင် စီစဉ်ပြီး အတင်းပူစာရမှာပါပဲ …. အဲဒီမှာ ကိုယ်တတ်နိုင် သမျှ အလှူတွေကို တစ်နိုင်လုပ်သွားမယ်…

၆-၅-၄ ရက်…..

လိုက်နိုင်တဲ့ မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဦး နဲ့ အတူ ပုဂံဘက်ကို ဘုရားဖူး ထွက်ပါမယ်.. ၃ ရက် ခရီးလောက်.. ရောက်နိုင်သမျှပေါ့ .. အဲဒီတစ်လျှောက် အလှူတွေကို ကိုယ်တတ်နိုင်သမျှလုပ် စိတ်ကို အကြည်လင်ဆုံးထားပေါ့ ….. ခရီးက ပြန်ရောက်ရင် မောင်လေးကို မိသားစုကို ဂရုစိုက်ဖို့ သေသေချာချာ မှာပါမယ်…. ကိုယ်ပိုင်ဆိုင် သမျှ ရှိသမျှ လေးတွေကို အမေ့ကို ပေးခဲ့ ပါမယ်၊ ချစ်သူကို မှာစရာ ရှိတာတွေမှာပြီး နှုတ်ဆက်ပါမယ်…

၃-၂ -၁ ရက်….

တရားစခန်းမှာ တရား အားထုတ်ရင်… အလှူတွေလုပ်ရင်း…. ဘဝ ကို အေးချမ်းစွာပဲ နိဂုံးချုပ်ပါမယ်။

1 comments:

ဇင်ယော် said...

အတွေးကောင်းလေးနဲ့  စနစ်တကျ စီစဉ်တတ်တယ်ဗျ။ ချစ်သူအတွက်လည်း စီစဉ်ပေးခဲ့သေးတယ်။ တယ်ဟုတ်ပါလား။ အဲ မေ့နေလို့  ၁၀ရက်အလို ကေးကမ်းလှူဒါန်းတဲ့ အခါကျရင် အလှူခံတစ်ကျိပ်ထဲ အနော်လည်းပါမယ်လေ။ နော် :)