My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, October 9, 2008

ပထမဆုံးများ....

Tag Game တွေက ဘလော်ကာ ညီအစ်ကို မောင်နှမတွေအကြား တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှုတွေပိုရ ပိုခင်မင်ရင်နှီး နားလည်လာစေတယ်လို့ ထင်ပါတယ်… ဒီလိုဂိမ်းလေးတွေကို ကလေးဆန်တယ်လို့ မထင်စေချင်ဘူး ဖြစ်တည်မှုတိုင်းဟာ အဓိပါယ်ကိုယ်စီနဲ့ပါ… ကျွန်မတို့ ငယ်ငယ်က ကစားနည်း မျိုးစုံကစားခဲ့ကြပါတယ်..အဲဒီ ကစားနည်းလေးတွေဆီက အခု လူကြီးဘဝအတွက် ကျွန်မတို့ မသိလိုက်ဘဲ သင်ယူပြင်ဆင်ခဲ့ကြတာများပါတယ်… အဲဒီအတွေးလေးကို နောက်မှ ပို့စ်လေးတစ်ခုရေးပါဦးမယ်.. ခုတော့ Tag ထားတဲ့ ဦးလေး များကို ကြွေးဟောင်းဆပ် လိုက်ပါပြီနော်….

ပထမဆုံးတက်ရသည့် ကျောင်း - မီးမီးလေးရဲ့ မေမေ့ကျောင်း။

ပထမဆုံးတက်ရသည့် အတန်း - သူငယ်တန်းပေါ့ရှင့်။ (သူငယ်ငယ်က တန်းလန်းကြီး အဲဟုတ်ပါဘူး) ဒါ ဂလိုဘယ် ပြောတာ မီးပြောတာ မဟုတ် .. ဟီးဟီး

ပထမဆုံး အတန်းပိုင်ဆရာမ - အပျိုကြီး ဒေါ်အေးအေးမြင့် ( ကျွန်မကို သူက အရမ်းချစ်တာ၊ အခုအချိန်ထိ ကြုံရင် သူ့ ဆီသွားလည် နှုတ်ဆက်တယ်လေ)

ပထမဆုံးသော သူငယ်ချင်း (ယောက်ျားလေး) - အမွှာကောင်လေးနှစ်ယောက် ကိုကို နဲ့ ညီညီ တဲ့ အခုတော့ မမှတ်မိတော့ဘူး (သူငယ်တန်းတုန်းက အဆော့လွန်ပြီး ရေတွေစိုရွှဲသွားလို့ သူတို့ ညီအစ်ကို နှစ်ယောက်ထဲက တစ်ယောက်ရဲ့ဘောင်းဘီ ဝတ်ပြီး အိမ်ပြန်ရတာကို အိမ်ကပြောလို့ မှတ်မိနေတယ် ..ဟီး )

ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - သဲမို့မို့အောင် ( တူတူထိုင်ကြတာလေ )

ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော) - ရွှေသွေး (စာမတတ်ခင်ကတည်းက ပုံကြည့်ပြီး အိမ်ကလူတွေ အကုန်လုံးကို လိုက်ဖတ်ခိုင်းတယ်တဲ့လေ )

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ) - က ကလေးငယ် ချစ်စဖွယ်…


ပထမဆုံး ရဖူးသောဆု - မူကြိုမှာလို့ထင်တာပဲ ။ ဆော့တဲ့နေရာမှာ ရတာလို့ထင်တာပဲ..(အဟီး ငယ်ငယ်ကတည်းက အဆော့ဆို ပထမနေရာကပဲ)

ပထမဆုံး စီးရသော ကား - ဘီးပါတဲ့ကား ။

ပထမဆုံး ဆိုခဲ့သော သီချင်း - ချိုမိုင်မိုင်…။

ပထမဆုံး ရေးခဲ့သော ရည်းစားစာ - စာရွက်နဲ့တောင်မဟုတ်ဘူး စာအုပ်နဲ့ သူတစ်အုပ် ကိုယ်တစ်အုပ် (ဟီးဟီး) တစ်ကယ်ပြောတာ။

ပထမဆုံး ကဗျာ - မမှတ်မိတော့ဘူး အချစ်ကဗျာ မဟုတ်တာတော့ မှတ်မိတယ်…

ပထမဆုံးရောက်ခဲ့သော အခြားမြို့ - ဇလွန် ( မေမေရဲ့ မြို့လေ..ရွှေပြမျိုးပြ အဲဒီကို အရင်ဆုံးခေါ်သွားမယ် ထင်လို့ မှန်းရေးတာ ဟဲဟဲ )

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား - ထိုင်း ။

ပထမဆုံး သောက်ဖူးသော ဆေးလိပ် - ပျောင်းဖူးဖက်လိပ် (အဖွားသောက်တာကို ဟီးဟီး မီးမီး မီးညှိပေးမယ် ဆိုပြီး )။

ပထမဆုံး သောက်ဖူးသော အရက် - ဘာအရက်မှန်းတော့မသိဘူး ပထမနှစ်တုန်းက ကျွန်မသူငယ်ချင်းရဲ့ တစ်အိမ်လုံးခရီးသွားကြတော့ အဲဒီကောင်မလေးရယ် ကျွန်မရယ် သူအဖေ အရက်ကို ခိုးသောက်ကြည့်တာ .. အား..လုံးဝမကြိုက်ဘူး…အရသာကို ..)

ပထမဆုံး ဘလော့ပို့စ် - ဒီနေ့အကြောင်း ရောက်တတ်ရာရာ၊

ပထမဆုံး ရဖူးသော လက်ဆောင် - ငယ်ငယ်တုန်းက ခဏခဏ ရတယ် ။ မမှတ်မိတော့ဘူး။

ပထမဆုံး ထိုင်ဖူးသော လက်ဖက်ရည်ဆိုင် - အိမ်နားက ဆိုင် (ဖေဖေ၊ ဦးလေးတွေနဲ့ လိုက်တာလေ)

ပထမဆုံး ၀င်ငွေရှာသော အလုပ် - မေမေ စိုက်ထားတဲ့ နှင်းဆီတွေကို ခူးပြီး ဘေးအိမ်မှာ ကျူရှင်လာတက်တဲ့ အမကြီးတွေကို ရောင်းတာ (ဟီးဟီး ပိုင်တယ်နော်)

ပထမဆုံး ရဖူးသော လစာ - ၄၅၀၀ ကျပ်။ အကုန်လုံး မေမေ နဲ့ ဖေဖေကို ကန်တော့လိုက်တယ်။ မောင်လေးကတော့ ပြောပါတယ် အဲဒါ ပွားတာတဲ့း)

ပထမဆုံး ရင်ခုန်မှု - မွေးကတည်းကလေ မဟုတ်ရင် သေပြီ ( ရှောင်လင်ထွက်လေးP)

ပထမဆုံး ဝယ်သော သီချင်းခွေ ( ကက်ဆက်ခွေ) - ရင်ဂို ရဲ့ အခွေ ( နံမည်တော့ မှတ်မိတော့ဘူး )

ပထမဆုံး အကြိမ်ဝယ်သော ဂစ်တာ - သူငယ်ချင်းကြည်သာဆီကဂစ်တာ ။ သူက မြှောက်ပေးတယ်လေ နင်ဝယ်လိုက် ငါသင်ပေးမယ်ဆိုပြီး ..။ နောက်တော့ သူက ဖွန်ကြောင်နေတာနဲ့ မသင်အားပါဘူး။ အိမ်က နားညည်းလွန်းလို့ တောင်းပန်လို့ ပြန်ရောင်းလိုက်ရတာ မြတ်တောင်မြတ်လိုက်သေး .. ဟဲဟဲ။

ပထမဆုံး အကြိမ် ဖတ်ဖူးသော ဝတ္ထုစာအုပ် - နာမည် အသေအချာတော့ မမှတ်မိဘူး။ မှတ်မိတာက မင်းသားက ရှမ်းစော်ဘွား နိုင်ငံခြားက ပညာသင်ပြီး ပြန်လာတာ ၊ မင်းသမီးက သူ့ကလေးကို ထိန်းတဲ့ကောင်မလေး… ဦးလေး အငယ် စားပွဲပေါ်မှာ တွေ့လို့ ယူဖတ်တာ)

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် - ၂၀၀၂

ပထမဆုံးကြိုက်နှစ်သက်ခဲ့သောသီချင်း - ကမ္ဘာမကြေ။

ပထမဆုံး တက်ခဲ့ဖူးသော ဆေးရုံ - မေမေ ကျွန်မကို မွေးခဲ့တဲ့ ဂျမန်ခန်ဒါပဲ ဖြစ်မယ်..နောက်တစ်ခါမှ ဆေးရုံမတက်ရဘူး..

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ - စိတ်ကူး


ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂါ - စိတ်ကူး ။ အဲဒီတုန်းက တစ်ရုံးထဲသား သူက မြှောက်ပေးပေမယ့် မရေးဖြစ်ဘူး၊ အလုပ်များတာရော ကိုးနတ်ရှင်ကြောင့်ရော၊ အခုမှ ကိုဟန်သစ်ငြိမ် က နောက်တစ်ခါ ထပ်မြှောက်ပေးလို့ စရေးဖြစ်တာ..။

2 comments:

Han Thit Nyeim said...

ပထမတွေအတွက် ကျေးဇူးပဲဗျို့...။

ဇင်ယော် said...

အင်း ကြည့်ရတာ ငယ်ငယ်တုန်းက မျောက်မူးလဲ လား ဒါမှမဟုတ် မျောက်ပုန်းနေရတဲ့သူလားဟေ။ တော်တော် အဆော့သန်မယ်ပုံ။ ပထမဆုံး ၀င်ငွေရှာသော အလုပ် ကလည်း ပိုင်ပါ့။ အရင်ကို မစိုက်ရဘူး။