My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, May 1, 2014

တစ်နေ့နေ့





 ကျွန်မရဲ့ အကျင့်တစ်ခုက က စာအုပ်တစ်အုပ်ကို ခေါင်းအုံးနားထားပြီး အိပ်ရာမဝင်ခင် ဖတ်တတ်တဲ့ အကျင့်ပါ။ ပြီးခဲ့တဲ့ တစ်ပတ်က လှသန်း- ပွဲသိမ်းတေးသံ ကဗျာစု ကို ဝယ်လာပြီး ဖတ်နေတာ တစ်ပတ်လောက်ရှိပါပြီး ဒီည ဖတ်ဖြစ်တဲ့ မောင်သီးသန့်ရဲ့ “တစ်နေ့နေ့” ကဗျာလေးက ကျွန်မကို အတွေးများစွာပွားစေပါတယ်။
လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ရိုးသားမှုနဲ့ ယုံကြည်မှုတွေသာ အခိုင်အမာရှိနေပြီး ဥာဏ်နဲ့ယှဉ်ပြီး နေထိုင်နိုင်ရင် တခြား ဘာတွေများ လိုအပ်ဦးမှာပါလဲ။ တစ်ယောက်ချင်းစီရဲ့ ကိုယ့်ကိုကိုယ် လေးစားမှုရှိပြီး တပါးသူအပေါ်လည်း လေးစားမှုရှိရင် ကျွန်မတို့ ကမ္ဘာပေါ်မှာ အပေါ်ကနေ ထိန်းသိမ်းအုပ်ချုပ်စရာ အစိုးရ ဆိုတာရော ကျွန်မတို့ကို ထိန်းထားစရာ ဥပဒေတွေရော ထုတ်စရာလိုတော့မယ် မထင်ဘူးနော်။
ကျွန်မတွေ့ခဲ့ဘူးတဲ့ လူမှုအကျိုးပြု အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေတဲ့ လူငယ်တွေနဲ့ အတူ အလုပ်လုပ်နေတဲ့  လူလတ်ပိုင်း အစ်ကို တစ်ယောက်က ပြောခဲ့ဖူးပါတယ်။ ကျွန်တော့ ဘဝမှာ မျက်ရည်ကျဖူးတဲ့ တစ်ခါရှိတယ်ဗျာ အဲဒါကတော့ ကျွန်တော့ အဖွဲ့ထဲမှာ စည်းကမ်းထုတ်ပါတော့ ဒီအတိုင်း ဆက်သွားလို့ မရတော့ဘူးလို့ အဖွဲ့သားတွေက တောင်းဆိုခဲ့ တုန်းကပဲ။ ကျွန်တော့ မျှော်လင့်ချက်ကလည်း တရားလွန်များသွားတယ် ထင်ပါရဲ့ဗျာ။ ကျွန်တော်တို့ လိုချင်တယ် ကိုယ်တိုင် တာဝန်ယူစိတ် ပြည့်ဝတဲ့ ယဉ်ကျေးချစ်ခင်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်ဖို့က အချိန်တော်တော် ယူရဦးမယ် ထင်ပါရဲ့။ ဒါပေမယ့် ကျွန်တော့ မျှော်လင့်ချက်ကိုတော့ ကျွန်တော် အရှုံးမပေးသေးပါဘူးလို့ ဆိုပါတယ်။
ဒါဟာ ကျွန်မတို့ရဲ့ မျှော်လင့်ချက် ဆိုပေမယ့် တကယ်က ရှိပြီးသားအရာပါ။ ကျွန်မနဲ့ ကျောင်းအတူတူ တက်ခဲ့ဖူးတဲ့ အစ်ကိုက သူ့ အမျိုးသမီးကို နိုင်ငံခြားကို ခေါ်လာချင်ပေမယ့် အခု ပြဿနာလေး တစ်ခု ရှိလို့ ခေါ်မလာ နိုင်ဘူးဖြစ်နေတယ်လို့ ဆိုတော့ ဘာပြဿနာလည်း အစ်ကို ကျွန်မ ကူညီနိုင်ရင် ကူညီမယ်လေ ဆိုတော့ သူတို့မှာ လက်ထပ်စာချုပ်မရှိလို့ သူ့အမျိုးသမီးကို ခေါ်လာဖို့ ခက်နေတာ ဆိုတော့ ကျွန်မအတွက် တအံ့တသြဖြစ်နေ့ပါတယ်။ သူတို့မှာ ကလေး ၂ ယောက်တောင် ရှိနေပြီကိုး။
ကျွန်မက စိတ်ဝင်စားသွားပြီး ဘာလို့ လက်ထပ်စာချုပ်မရှိရတာလဲ အစ်ကိုရယ် ဆိုတော့ ယောက္ခတွေကြောင့် ပေါ့ဟာလို့ ပြောတော့ ကျွန်မ ပိုစိတ်ဝင်စားသွားပါတယ်။ သူ့ယောက္ခမတွေက ပအို့လူမျိုးတွေပါ။ ကျောက်မဲမှာ နေကြတယ်။ သူတို့ လက်ထပ်မယ်ဆိုတော့ သဘောတူ လက်ခံပေမယ့် လပ်ထပ်စာချုပ်လုပ်မယ်ဆိုတော့ နင်တို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် မယုံကြည်ကြဘူးလား ဒီလိုဆို ဘာလို့ လက်ထပ်နေကြသေးလဲလို့ ယောက္ခထီးကြီးက ဆိုပါတယ်တဲ့။ လက်ထပ်မယ့် လူနှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် ယုံကြည်ရင် စာချုပ်စာတမ်းလိုလို့လား ငါ့သမီးက မင်းကို သစ္စာဖောက်မယ်များ ထင်နေလို့လားလို့ စိတ်ဆိုးပြီး ပြောလို့ သူတို့လည်း စာချုပ်လက်မှတ် မထိုးဖြစ်ခဲ့ဘူးတဲ့လေ။ ရိုးရှင်းလှတဲ့ ဘဝပိုင်ရှင် ရိုးသားပြီး သစ္စာတရားကို တန်ဖိုးထားတဲ့ ပတ်ဝန်းကျင်မှာ စာချုပ်စာတမ်းတွေ တကယ်ပဲ မလိုအပ်ခဲ့ဘူး ဆိုတာ အစ်ကိုနဲ့ အစ်မလင်မယားက သက်သေပြနေတာပါပဲ။ နှစ်ယောက်လုံးဟာ ပျော်စရာ၊ စိတ်ညစ်စရာတွေကို အခုအထိ အတူ နှစ်ကာလများစွာအထိ အတူ ကျော်ဖြတ်ဆဲပါပဲ။
ယေး(လ်) တက္ကသိုလ်က နိုင်ငံရေး သိပ္ပံနဲ့ မနုဿဗေဒပညာရှင် ဂျိမ်း(စီ)စကော့စ် ဆိုတဲ့သူကလည်း သူရဲ့ “The Art of Not Being Governed: An Anarchist History of Upland Southeast Asia “  ဆိုတဲ့ စာအုပ်မှာလည်း မြန်မာ၊ကမ္ဘာဒီးယား၊တရုတ်၊ အိန္ဒိယ၊ လာအို၊ ဗီယက်နမ် နဲ့ ထိုင်း နိုင်ငံတွေမှာ ရှိတဲ့ တောင်ပေါ်ဒေသတွေကို လေ့လာထားတဲ့အခါ  တောင်ပေါ်ဒေသ အစိုးရတွေနဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ အစိုးရရဲ့ ထိန်းချုပ်မှုနဲ့ ကျွန်မတို့ အခု အမြဲလူပြောများနေရတဲ့  တရားဥပဒေလည်း စိုးမိုးမှု သိပ်မရှိတဲ့ နေရာမှာ လူတွေဟာ ရိုးရာဓလေ့ အစဉ်အလာအတိုင်း ဂတိစကားတွေ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု လေးစားမှုနဲ့ ရိုးသားမှုကို အခြေခံတဲ့ ဆက်ဆံရေးတွေနဲ့ သူတို့ရဲ့ လူမှု အသိုက်အဝန်းလေးကို ငြိမ်းချမ်းစွာ ထိန်းသိမ်းထားကြတာကို တွေ့မြင်ရတယ်လို့ ဆိုထားပါတယ်။
ဒီကနေ့ ကျွန်မတို့ ကြုံနေ ခံစားနေရတဲ့ မလုံခြုံမှု မငြိမ်းချမ်းမှုတွေဟာ များစွာလှသော တစ်ဦးချင်းစီ လွတ်ကျခဲ့တဲ့ ရိုးသားမှုတွေ၊ လေးစားမှုတွေ၊ ယုံကြည်မှုတွေကြောင့်သာပါ။ ကိုယ့်ကို တုတ်မယ့် ကြိုးတွေကို ကိုယ်တိုင်ယက်ခဲ့ကြတာပါ။ ဒါကြောင့် အခုအချိန်မှာ ကျွန်မတို့ တရားဥပဒေ စိုးမိုးရေး၊ မျှတတဲ့ ဥပဒေပြုရေးအပြင် စိတ်ကိုပါ ပြင်ဆင်မှု လုပ်ကြဖို့ လိုပါတယ်။ မဟုတ်ရင် လူမဆန်တဲ့ လူတွေကြား ကျွန်မတို့ ငြိမ်းချမ်းမှုတွေ ပျောက်ဆုံးကြဦးမှာပါ။
          မတတ်နိုင်ဘူးဆိုပြီး မိုးခါးရည်သောက်တာထက် ကိုယ်ကစပြီး ယုံကြည်မှု၊ ရိုးသားမှုနဲ့ တစ်ဦးရဲ့ ဂုဏ်သိက္ခာကို တစ်ဦးရဲ့ လေးစားမှု စတဲ့ စက်ဝန်းတွေကို ချဲ့ထွင်ရင်း ကျွန်မတို့ မျှော်မှန်းတဲ့  ကိုယ့်ကိုကိုယ် တာဝန်ယူပြီး ချစ်ခင်လေးစားမှုနဲ့ မေတ္တာလွှမ်းတဲ့  လူမှုဝန်းကျင်ကို တည်ဆောက်ကြနိုင်ရင် အကောင်းဆုံး ဖြစ်မှာလို့  ရည်မှန်းမိပါတယ်။ အဲဒီလို ဖြစ်စေဖို့က ကိုယ့်ကိုကိုယ် တန်ဖိုးထားပြီး လေးစားဖို့နဲ့ တခြားသော လူ..လူတိုင်း လူတိုင်းကိုလည်း တန်ဖိုးထား လေးစားတတ်ဖို့သာ လိုတာပါ။ အပြောလွယ်ပြီး အလုပ်ခက်ပေမယ့် အဲဒီလို အလုပ်ခက်လို့ လွှတ်ချထားခဲ့တာတွေကြောင့်လည်း ဒီကနေ့ ဒီအခြေအနေဖြစ်နေတာမို့… ကိုယ့်လူမှုပတ်ဝန်းကျင်ကို ပြန်တည်ဆောက်ကြည့်ကြရအောင်လား။

1 comments:

Han Kyi said...

မှန်ပါတယ်...ကိုယ်ကပဲ အစပျိုးပြီး လမ်းမှန် ကမ်းမှန်ရောက်အောင် ကြိုးစားလိုက်တာဟာ အလုပ်သင့်ဆုံး လုပ်ရပ်ပါပဲ...