My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Monday, February 17, 2014

သုံးမြှောင့် အချစ် သီအိုရီ


အချစ်ဆိုတဲ့ အရာ စစ်မစစ် ဆန်းစစ်ဖို့တွေကို လူတွေ နှစ်ကာလ ရှည်ကြာစွာ စိတ်ပညာရှုထောင့်၊ သိပ္ပံရှုထောင့် တွေကနေ လေ့လာခဲ့ကြပေမယ့်  အမှန်နဲ့ နီးစပ်ရုံကလွဲပြီး အပ်ချမတ်ချ ပြောနိုင်လောက်တဲ့ ဖော်ထုတ်နိုင်မှုတွေကတော့ မရှိသလောက်ပါပဲတဲ့။ အခုလည်း အမှန်နဲ့ နီးစပ်တဲ့ အဆိုပြုမှုတစ်ရပ်ကို Robert Sternberg (http://en.wikipedia.org/wiki/Robert_Sternberg ) ဆိုတဲ့ ပညာရှင် တစ်ယောက်က ဖော်ထုတ်ခဲ့ပါတယ်။ သူဖော်ထုတ်ခဲ့တဲ့ သီအိုရီကို Triangular Theory of Love လို့နာမည်ပေးပြီး တြိဂံပုံသဏ္ဍာန် နဲ့ ဖော်ပြထားပါတယ်။ 


Source : http://en.wikipedia.org/wiki/File:Triangular_Theory_of_Love.svg

လူတစ်ယောက်ကို ချစ်တယ် ဆိုတာ ဘာလဲ ဆိုတဲ့ အဖြေကို Robert Sternberg က အဓိက ရှာဖွေခဲ့ပုံရပါတယ်။ လူတွေဟာ ပုံစံ အမျိုးမျိုးနဲ့ ချစ်နိုင်တယ်လို့လည်း သူက ရှာဖွေ တွေ့ရှိခဲ့ပုံရပါတယ်။  ကျွန်မတို့  စာဖတ်သူတွေ အနေနဲ့တော့ သူရှာဖွေ တွေ့ရှိ ခဲ့တဲ့ အချစ်အမျိုးအစား တွေထဲက ကိုယ့် အချစ်က ဘာလဲ ဆိုတာကို သူက စဉ်းစားမိစေခဲ့ပါတယ်။
သူရှာဖွေ တွေ့ရှိခဲ့တဲ့ အချစ် အမျိုးအစားတွေကို သူက အကြောင်း အရာ ၃ မျိုးကို အခြေခံပြီး တွေ့ရှိ ခဲ့တာမို့  သုံးမြှောင့် အချစ် သီအိုရီလို့ သူဆိုခဲ့တာပါ။ 

သူက တစ်ခုချင်းစီကို ဘယ်လို ဖွင့်ဆိုခဲ့လဲ ဆိုတော့…
“Intimacy (The Emotional Warmth): "The intimacy component refers to feelings of closeness, connectedness, and bondedness in loving relationships" (Sternberg, 1986: 119).”
ပထမအချက် ပထမထောင့် အနေနဲ့ နီးစပ်တဲ့ ခံစားမှု က ပေးစွမ်းနိုင်တဲ့ နွေးထွေးမှု၊ သာယာမှုနဲ့ ခံစားချက်ခြင်း နီးစပ်မှု စတဲ့ ခံစားချက်။

Passion (The Romance/Attraction): "The drives that lead to romance, physical attraction, sexual consummation, and related phenomena in loving relationships" (Sternberg, 1986: 119).
ဒုတိယထောင့်  အနေနဲ့က တစ်ယောက်ကို တစ်ယောက် ဆွဲဆောင် နိုင်မှု၊ စိတ်ဝင်စားမှု၊ လိင်ဆွဲဆောင် နိုင်မှုပါ။

Commitment (The Togetherness): This "component refers to, in the short term, the decision that one loves someone else, and in the long term, the commitment to maintain that love. The commitment component thus includes within its purview the cognitive elements that are involved in decision making about the existence of and potential long-term commitment to a loving relationship" (Sternberg, 1986: 119).

တတိယ ထောင့်ကတော့   တာဝန်ယူမှုနဲ့ သစ္စာတရားပါလို့ ဆိုရမလား။ ထာဝရ အတူရှိမယ်လို့ စိတ်ပိုင်းဖြတ် ထားနိုင်မှု လို့ တနည်း ဆိုရမယ် ထင်ပါတယ်။

အောက်မှာပါဝင်တဲ့ ဇယားလေးတွေကတော့  ဒီပါဝင်တဲ့ အရာတွေကို ဒီလို ရှင်းပြထားပါတယ်။

  


အချစ်အမျိုးမျိုးကိုတော့ သူက ဒီလို အဓိပ္ပါယ် ဖွင့်ထားပါတယ်။




သာမန်အမျိုးအစား ဆက်နွယ်မှုတွေ မှာတော့ ပုံမှန်ဆက်သွယ်မှုရှိနေပေမယ့် အချစ်မှာ ထည့်တွက်ရမယ့်  ပါဝင်တဲ့ အရာတွေလို့ အထက်မှာ ဆိုထားတဲ့  ကြိဂံ ရဲ့ ထောင့် သုံးထောင့် ဖြစ်တဲ့  Intimacy ၊  Passion နဲ့  Commitment တွေကို အခိုင်အမာ တွေ့ရတာမျိုး မရှိပါဘူးတဲ့။ 

အချစ်ကို ခွဲခြားနားလည် နိုင်တဲ့ အမျိုးအစားတွေကတော့ … 

သူငယ်ချင်း အချစ်
သူငယ်ချင်းအချစ်မှာ Intimacy ဆိုတဲ့ ကြိဂံရဲ့ ထောင့်တစ်ထောင့် ကို တွေ့ရမှာ ဖြစ်ပြီး ခံစားချက်ခြင်း နီးစပ်တဲ့ ရင်ဖွင့်ဖော်တွေ အဖြစ် နီးကပ်စွာ တွေ့ရမှာ ဖြစ်ပြီး ရေရှည်ဆက်ဆံရေးကိုလည်း မျှော်လင့်လို့ရပေမယ့် ကျန်တဲ့ အချက်တွေ ကိုတော့ တွေ့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

ခဏတာ အချစ်
ခဏတာ အချစ်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် ဆွဲဆောင်နိုင်မှု တပ်မက်မှု၊ စွဲမက်မှု၊ လိင်ဆွဲဆောင်နိုင်မှု စတဲ့ အချက်တွေကို တွေ့ရမှာ ဖြစ်ပြီး ကြိဂံရဲ့ ထောင့်တစ်ထောင့် ဖြစ်တဲ့ Passion ဆိုတာကိုတော့ တွေ့နိုင်ပါလိမ့်မယ် ကျန်နှစ်ထောင့်ကတော့ ပျောက်ဆုံးနေပါတယ်။ 

အချစ်မဲ့
ဒီတစ်မျိုးကတော့ ကြိဂံရဲ့ ထောင့် နှစ်ထောင့်ဖြစ်တဲ့  Intimacy နဲ့  Passion တွေ မရှိပေမယ့်  လုပ်သင့်တယ်၊ အတူ ရှိသင့်တယ်၊ ဖြစ်သင့်တယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးတွေကို အခြေခံပြီး နောက် တစ်ထောင့်ဖြစ်တဲ့ Commitment  ကို တွေ့ရတဲ့ အခြေအနေမျိုးပါ။ ဦးနှောက် တစ်ခုတည်း နဲ့ စတင် လက်တွဲခဲ့တဲ့ စုံတွဲတွေ၊  မိဘဆွေမျိုးတွေ သဘောတူလို့  စီစဉ်ရာ နာခံတဲ့ စုံတွဲတွေမှာ တွေ့ရလေ့ ရှိပြီး အချစ်တစ်ခု အစပျိုးမှုလည်း ဖြစ်နိုင်သလို ဘဝတစ်လုံးကို အသက်မဲ့ စေတဲ့ အရာလည်း ဖြစ်စေနိုင်ပါတယ်လို့ ဆိုပါတယ်။ 

စိတ်ကူးယဉ်အချစ်
စိတ်ကူးယဉ် အချစ်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် အမြန်ဆုံး စိတ်ရောကိုယ်ပါ အမြန်ဆုံး နီးစပ်သွားပြီး အရူးအမူးချစ်ကြတယ် ဆိုတာမျိုး ဖြစ်ပြီး ရေရှည်အတွက်တော့ စဉ်းစားတွေးတော ခေါင်းထဲ ထည့်ထားပြီးမှ ချစ်သူ ဖြစ်လာတာမျိုး မဟုတ်တဲ့ အချစ်မျိုးပါ။ တစ်ယောက်ကို တစ်ယောက် တကယ် ချစ်ပေမယ့် မခိုင်မြဲနိုင်တာမျိုးကို တွေ့ရပြီး တြိဂံရဲ့ ထောင့် နှစ်ခု ဖြစ်တဲ့ Intimacy နဲ့  Passion ကိုတော့ တွေ့ရပြီး Commitment ပိုင်းမှာတော့ အားနည်း တတ်သလို မရှိသလောက် ဖြစ်နေတတ်တာကို တွေ့ရပါတယ်တဲ့။ 

ဘဝအဖော် ရဲဘော်ရဲဘက် အချစ်
ပြင်းပြတဲ့ ဆွဲဆောင်မှုတွေ သိပ်မရှိပေမယ့် သာမာန်သူငယ်ချင်းတွေထက်လည်း နားလည်မှုတွေ ချစ်ခင်မှုတွေ ပိုနက်ရှိုင်းပြီး ဒီလို အချစ်မျိုးက မိသားစုနဲ့ မိသားစုဆန်တဲ့ အချစ် အရမ်းကိုနီးကပ်တဲ့ သူငယ်ချင်းအချစ်မျိုးတွေမှာ တွေ့ရတတ်သလို ရေရှည်လက်တွဲဖို့လည်း ရည်ရွယ်ထားတဲ့ အချစ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။ Passion အားနည်းပေမယ့် Intimacy နဲ့ Commitment ကတော့ အားကောင်းတဲ့ အခြေအနေပါ။ 

 မျက်ကန်းချစ်
ဥပမာပေးရရင် မြင်မြင်ချင်းချစ်ပြီး လက်ထပ်လိုက်တဲ့ အခြေအနေမျိုးပါတဲ့။ Passion    အားကောင်းနေတဲ့နောက်ကို Commitment ပါ ပါသွားတဲ့ အခြေအနေမျိုးဖြစ်ပေမယ့် Intimacy ကတော့ မရှိတာ တွေ့ရပါတယ်။ လက်ထပ်ဖြစ်သွားနိုင်ပေမယ့် ရေရှည် တည့်တံ့ဖို့ အတွက်တော့  ခက်ခဲနိုင်တဲ့ အခြေအနေမျိုးလို့ သုံးသတ်နိုင်ပါတယ်။ 

ပြည့်စုံတဲ့ အချစ်
လူတိုင်းလိုချင်တဲ့ ဘဝတစ်ခုပေါ့ … Passion၊ Intimacy၊ Commitment ဆိုတဲ့ သုံးမျိုးစလုံး ပြည့်စုံပြီး လိုက်ဖက်တဲ့ ဘဝကို ပိုင်ဆိုင်ကြတဲ့ စုံတွဲတွေမှာ တွေ့ရတဲ့ အခြေအနေမျိုးပေါ့။ 

Sternberg က သူ့ရဲ့ လေ့လာမှုအရ သက်သေပြနိုင်ဖို့ ၁၅ နှစ်အထက် အချစ်မပျယ်တဲ့  လက်တွဲမြဲတဲ့ စုံတွဲတွေမှာ လေ့လာတွေ့ရှိထားတဲ့ အချစ်မျိုးပါလို့ ဆိုထားပါတယ်။ ဒီလူတွေမှာ တွေ့ရတဲ့ အဓိက အချက်က သူတို့ နှစ်ဦးအတူတကွ ရှိနေခြင်းဟာ ပြည့်စုံခြင်း အောင်မြင်မှုတွေကို ရယူနိုင်ခြင်းနဲ့ နှစ်ယောက်အတူရှိနေရင် အရာရာကို ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်နိုင်တယ်ဆိုတဲ့  အကောင်းမြင်မှုတွေနဲ့ ယုံကြည်မှုတွေကို ထင်ထင်ရှားရှား တွေ့မြင်နေရ ပါတယ်တဲ့။ ဒါပေမယ့် ဒါဟာ တော်တော် တွေ့ရခဲ့တဲ့ အချစ်မျိုးပဲလို့လည်း မှတ်ချက်ချ ထားတာကို တွေ့ရပါတယ်။ နောက်ပြီး ဒီလို တွေ့ရတဲ့ သူတွေရဲ့ အချစ်တွေဟာလည်း သက်ဆုံးတိုင်လို့ ပြောနိုင်ဖို့ ခက်ပါတယ်။ ပြောင်းလဲ မသွားနိုင်ဘူးလို့ မဆိုနိုင်ပါဘူးတဲ့။

Valentine အမှီ ပို့စ်လေး ရေးဖို့ စိတ်ကူးပေမယ့် အလုပ်မအားလို့ အခုမှ တင်ဖြစ်တယ်။ တင်ဖြစ်တော့လည်း ရေးနေကျ ရသမဟုတ်ပဲ.. 
တစ်ခါတလေ ကြတော့လည်း လက်တွေ့ဘဝနဲ့ သီအိုရီ ကင်းလွတ်နေတာတွေလည်း အများကြီး ရှိနိုင်တာပဲ မဟုတ်လား။ တစ်ခါတလေ ဝေဝေဝါးဝါး ဖြစ်နေတဲ့ အချိန်တွေမှာတော့ သီအိုရီက ကောက်ရိုးတမျှင်လည်း ဖြစ်နိုင်တာပဲ မို့ ကိုယ်ဖတ်ဖြစ်တဲ့  သီအိုရီတစ်ခုကို  ပြန်ရေးတာ ဖြစ်ပေမယ့်  ကိုယ်လိုချင်တဲ့ အချစ်၊ ကိုယ်ပေးချင်တဲ့ အချစ်၊ ကိုယ် ရနေတဲ့ အချစ် နဲ့ ဖြစ်သင့်တဲ့ အချစ်တွေကို ခွဲခြားမိလို့ ရစေနိုင်တဲ့ ကျွန်မ ဖတ်မိတာလေးကို မျှဝေလိုက်တာပါ။

References:
Acker, Michele, and Mark H. Davis. 1992. "Intimacy, Passion, and Commitment in Adult Romantic Relationships: A Test of the Triangular Theory of Love." Journal of Social and Personal Relationships, 9(1): 21-50.
Sternberg, Robert L. 1997. "Construct Validation of a Triangular Love Scale." European Journal of Social Psychology, 27: 313-335.
----. 1986. "A Triangular Theory of Love." Psychological Review, 93(2): 119-135.

1 comments:

Han Kyi said...

ဗယ်လင်တိုင်းနဲ့ ပတ်သက်ပြီး စာတစ်ပုဒ်ရေးမလို့ စိတ်ကူးရင်း ချစ်ခြင်းမေတ္တာအကြောင်းတွေ လိုက်ရှာဖတ်ဖြစ်သေးတယ်...ဒါပေမယ့် အကြောင်းကြောင်းကြောင့် မရေးဖြစ်လိုက်ဘူး...သိသင့်သိထိုက်တဲ့အကြောင်းအရာကို ကျကျနန ထုတ်နုတ်ပြီး ရေးပြသွားတာ အင်မတန်မှ သဘောကျမိပါသဗျား...