My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Monday, September 23, 2013

ဆက်နွယ်ခြင်း




ကျွန်မ အိမ် အပြင်က နွယ်တွေကို ကြည့်ရင်း နွယ်ယှက်ခြင်း အကြောင်း တွေးမိပါသည်။ မိုးရာသီမို့ ထင်ရဲ့ နွယ်များသည် စိမ်းစို သန်မာလှသည်။ တစ်ခုနှင့် တစ်ခု ယှက်နွယ်နေပုံမှာ အားအင်အပြည့်။ နွေရာသီ တွင်တော့ သူတို့ ဒီလောက် ခိုင်ခိုင်မာမာ နွယ်ယှက်နိုင်လိမ့်မည် မဟုတ် သေချာပါသည်။ နွယ်များ ယှက်ခြင်းသည် နွယ်များ အချင်းချင်း ဆက်သွယ်နည်း တစ်မျိုးပင် ဖြစ်ပါသလား။
လူသားအချင်းချင်း ဆက်နွယ်ခြင်းများ အကြောင်းကိုလည်း ကျွန်မ ဆက်ပြီး တွေးမိသည်။ လူသားတို့၏ ဆက်နွယ်ကြမှုသည် နွယ်များ ယှက်သွယ် ကြခြင်းထက် ပိုရှုပ်ထွေးသည်ဟု ကျွန်မ ထင်မိသည်။ ရှပ်ထွေးခြင်းဆိုပေမယ့် အနှုတ်လက္ခဏာဆောင်ပြီး ပြောခြင်းတော့ မဟုတ်ပါ။ အကြောင်းအချက် ပိုများမည်ဟု ထင်ပါသည်။
နွယ်များ ယှက်ပြီး နေကြခြင်းသည် မိုးဒဏ်၊ လေဒဏ် ခံနိုင်ဖို့လည်း ဖြစ်ကောင်းဖြစ်သလို အစာအဟာရအတွက်လည်း ဖြစ်ကောင်း ဖြစ်နိုင်သေးသည်။ သို့သော် လူများ အချင်းချင်း ဆက်နွယ်မှုကတော့ ထိုထက် အကြောင်း အချက်အလက် များနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
လူများသည် ဆက်နွယ်ခြင်းသက်သက်ကို စောင့်ဆိုင်းခြင်းထက် ဆက်သွယ်မှုတွေကိုပါ ဖန်တီးလာ တတ်ကြသည်။ သဘာဝအလျှောက် ဖြစ်ပေါ်လာသော ဆက်နွယ်လိုမှုကြောင့် ဆက်သွယ်ခြင်း များလည်း ရှိသလို ဖန်တီး ဆက်သွယ်ကြခြင်းများလည်း ရှိသည်။ ဘာဖြစ်ဖြစ် ဆက်နွယ်ခြင်းဟူသော အကျိုးဖြစ်ဖို့ အကြောင်းတရား တစ်ခုခုတော့ လိုပါသည်။
ရိုးသားမှုခြင်း ဆက်နွယ်မိလျှင် အေးချမ်းမှုကို ခံစားရမည်။ မရိုးသားမှုခြင်း ဆက်သွယ်မိလျှင် မယုံကြည်ခြင်း ပေါ်ထွက်လာမည်။ အေးချမ်းမှုခြင်း ဆက်သွယ်မိလျှင် ပျော်ရွှင်ခြင်း ဖြစ်လာနိုင်သလို ပူလောင်မှုခြင်း ဆက်သွယ်မိလျှင် မီးတောက်များ ဖြစ်လာနိုင်သည်။
သို့သော်လည်း ရိုးသားမှုနှင့် မရိုးသားမှု ဆက်သွယ် မိလျှင် သော်လည်းကောင်း၊ အေးချမ်းမှုနှင့် ပူလောင်မှု ဆက်သွယ်မိလျှင်သော်လည်းကောင်း တစ်ခုခုက တစ်ခုခုကို နိုင်သွားပြီး ရလဒ်က အနိုင်ရသည့် အရာ၏ ရလဒ်ဖြစ်သွားနိုင်သည်။
လူအချင်းချင်းကို ဆက်နွယ်ရန် ဆက်သွယ်ပေးသော အရာတစ်ခုတော့ ရှိလိမ့်မည်။ ထိုအရာက ဘာများဖြစ်သနည်း။
ဘုံခံစားချက် တစ်ခုခု ဖြစ်ပါလိမ့်မယ်။ တစ်ခုခုကို ဝေမျှခံစားမိမှ ဆက်နွယ်နိုင်ပါလိမ့်မည်။ ဒါကြောင့် ဆက်နွယ်ခြင်းကို ခိုင်မြဲစေသော အရာများသည် ဘုံတူညီချက်များ ဖြစ်ခြင်းကြောင့်သာ မြဲမြဲခိုင်ဖို့ ဘုံများများ တူညီနိုင်ဖို့ လိုတယ်ဆိုရပေလိမ့်မည်။
လူအချင်းချင်း ဆက်နွယ်ခြင်းသည် မည်သို့သော ရလဒ်ကို ဖြစ်စေကာမူ.. ဆက်သွယ်ခြင်းတွင် အကောင်းဆုံး မျှော်လင့်နိုင်ရန် ကိုယ့်ဖက်က အကောင်းဆုံးကို ပေးနိုင်ဖို့သာ လိုပါသည်။
လောကကို ကျွန်မတို့ ငြိမ်းချမ်းစွာ ဖြတ်ကျော်လိုပါလျှင် ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ကိုယ်နှင့် ဆက်နွယ်ဖို့ ဆက်သွယ်သော သူများကို ပေးနိုင်သော အရာများက “ရိုးသားခြင်း” နှင့် ဘုံ တူညီမှု အတွက် “နားလည်မှု” သာလျှင် ဖြစ်ပါလိမ့်မည်။
ကျွန်မကိုယ်တိုင်လည်း ရိုးသားခြင်းကို အာမခံနိုင်ပေမယ့် နားလည်မှု ပေးနိုင်ခြင်းအတွင် အတော်ကျိုးစားနေရဆဲပင်။ ဘာဖြစ်ဖြစ် ကျွန်မ ..နေ့ရက်တွေမှာ ဆက်ပြီး ကျိုးစားနေပါဦးမည်။

0 comments: