My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Tuesday, September 3, 2013

စိတ်၏ လားရာ





ငါရိုက်ထားတဲ့ နင့်ပုံလေး ရှိတယ်။ ပို့လိုက်မယ် ဆိုပြီး ကျွန်မကို သူငယ်ချင်းက ကျွန်မ တောင်စောင်းက ခုံလေးမှာ ထိုင်ပြီး မျက်စိတစ်ဆုံး မြင်နေရတဲ့ မြင်ကွင်းတွေကို ငေးနေတာကို အနောက်ကနေ သူလှမ်းရိုက်ထားတာတဲ့  ပုံလေး ပို့လိုက်တယ်။ ရှုခင်းက သိပ်လှတာမို့.. ငါ့ပုံမဟုတ်ဘဲ ကိုယ်လုံး ကိုယ်ပေါက် လှလှနဲ့ ကဗျာဆန်ဆန် မိန်းကလေး တစ်ယောက်သာဆို ပိုလှမှာပဲလို့ ခပ်သောသော တွေးမိပေမယ်။ လှပတဲ့ ရှုခင်းနဲ့  အမှတ်တရ ဖြစ်စေတဲ့ ပုံလေးမို့ သူငယ်ချင်းကို ကျေးဇူးတင်မိပါတယ်။
          တောင်စွန်းနားက ခုံပေါ်မှာ ထိုင်ငေးနေတဲ့ ကိုယ့်ပုံကို ကြည့်ရင်း…. အဲဒီအချိန်တုန်းက ကျွန်မ အတွေးထဲမှာ ဘာတွေရှိနေပါလိမ့်။ ဟုတ်တယ်…. အဲဒီတုန်းကလေ။ ဘာတွေ တွေးနေပါသလဲ ဆိုတာ  ကျွန်မ ပြန်တွေးမရပါ….။ ဘာမှ တွေးမနေတာလည်း ဖြစ်နိုင်သားပဲ။ ဘာမှ မတွေးတာ ဟုတ်ကော ဟုတ်ပါရဲ့လား။
          စိတ်… ဖမ်းဆုတ်ဖို့ ထိန်းချုပ်ဖို့ ခက်သောစိတ် အဲဒီ အချိန်က ဘယ်ကို ပျံသန်းနေသလဲ။ ထို အချိန်ကတော့ တစ်စုံတစ်ယောက်ကို လွမ်းနေခဲ့ဖို့တော့ သင့်သည်။ အလွမ်းသည် မပျော်ရွှင်စေသော စိတ်ခံစားချက် တစ်ခုပင် ဖြစ်လင့်ကစား အဆုံးစွန်အထိ မဆုံးရှုံးရသေးချိန်တွင် ဆွတ်ပျံ့ကြည်နူးခြင်းက တွဲပါတတ်ကြောင်းနှင့် မျှော်လင့်ခြင်း တစ်စုံတရာကြောင့် ပြန်လည် ပျော်ရွှင်နိုင်ကြောင်း သိပြီသားပင် ဖြစ်မည်။ မမြင်နိုင်သော ကံကြမ္မာကြောင့်သာ ပျော်ရွှင်နေခြင်းသာ။ အပြီးတိုင် ဆုံးရှုံးသွားသော အရာများကို လွမ်းဆွတ်ခြင်းကတော့ နာကျင်ခြင်းနှင့် တွဲဖက်ထားတတ်သည်။ ကိုယ့်လောက ကိုယ်ကမ္ဘာမှာ မပျော်ရွှင်ရလျှင်သော် လည်းကောင်း၊ ပျော်ရွှင်ရလျှင်သော် လည်းကောင်း ထိုအရာကို ဦးဆောင်သူသည် စိတ် ပင်ဖြစ်ပါသည်။
          စိတ်အတွေး၊ စိတ်အကြံ၊ စိတ်ခံစားချက် …. တကယ်တော့ လူသတ္တဝါ အားလုံးရဲ့ ချမ်းသာခြင်း၊ ဆင်းရဲခြင်း အားလုံးရဲ့ ဖန်တီးရှင်ဟာ စိတ်ပဲ မဟုတ်လား။ ငါ စိတ်ချမ်းသာချင်တယ် ဆိုတဲ့ စိတ်ကပင်လျင်.. စိတ်မချမ်းသာခြင်းရဲ့ အစ ဖြစ်နေတတ်သလား။ စိတ်၏ မျှချေကို ကျွန်မ ရှာဖွေခဲ့မိသည်။ 
        ကိုယ့်စိတ်ကို အေးချမ်းမှု မပေးနိုင်သော အရာများကို ငတ်မွတ်စွာ တောင့်တခြင်းသည် ကိုယ့်ဒုက္ခ ကိုယ်ရှာခြင်းတစ်မျိုးပင် ဖြစ်သောကြောင့် ထိုအရာများကို ကျော်လွန်နိုင်အောင် ကျွန်မ ကျိုးစားခဲ့ရသည်။ စိတ်ဆန္ဒကို ကျော်လွန်နိုင်သော အခါ မည်သည့် အရာများနှင့်မှ မတူသည့် ငြိမ်းချမ်းသည့် စိတ်ကို ခံစားရသည်။ မကျော်လွန်နိုင်ပြန်သော အခါများတွင် မတော့ ဝေဒနာသည် ကျွန်မ ခန္ဒာနှင့် နှလုံးသားကို နှိပ်စက် တတ်ပြန်သည်။
 ရင့်ကျက်မှုဟု ဆိုမလား စိတ်က မောင်းနှင်ခြင်းကို ခံရချိန်များထက် စိတ်ကို ကိုယ်က ပြန်လည် မောင်းနှင်နိုင်သည့် အချိန်များက ပိုပိုများလာသောအခါ ဝေဒနာနဲ့ ရင်ဆိုင်ရချိန်တွေ နည်းလာသည်။ လူဆိုသာ အခက်သားလား အဲဒီလို အချိန်တွေ များလာတော့လည်း ပျင်းသလိုလို ခံစားချက်မဲ့ခြင်းကို မနှစ်သက် သလိုလိုများတောင် ဖြစ်လာလို့ နေပြန်သည်။ သို့သော် စစ်မှန်သော ငြိမ်းချမ်းမှု၏ အရသာကို ခံစားလာရသောအခါ… အသိတရားတို့နှင့်အတူ အရာအားလုံးဟာ လှပစွာ တည်ရှိနေကြောင်းကိုတော့ ဘယ်လိုမှ မစွန့်လွှတ်နိုင်တော့… ဒီလိုနဲ့ အရွယ်ရောက်ခဲ့ပြီလေ။ ဒါ လူလတ်ပိုင်း သမိုင်းတစ်ခုရဲ့ အစပေါ့….ကျွန်မ ဖြတ်ကျော်ရင်း လေ့လာ သင်ယူရဦးမည်သာ...။
         

0 comments: