My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Monday, January 9, 2012

မြန်မာ နိုင်ငံသားများအတွက် ပညာသင်ဆုများ


ပြည်ပ တက္ကသိုလ်များမှာ ဆက်လက် ပညာသင်ကြားလိုကြတဲ့ မြန်မာနိုင်ငံက လူငယ်များအတွက်  ပညာသင်ဆု နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို စုစုစည်းစည်း လေးဖြစ်အောင် စုစည်းထားပေးရင်း ကျွန်မဆီကို ကျောင်းလျှောက်ဖို့ ဘယ်လို ပြင်ဆင်ရမလဲ  အကြံပေးပါဦး ဆိုတဲ့ စာတွေ ရောက်ရောက်လာတတ်တာမို့ အဲဒီ ပေးခဲ့ဖူးတဲ့ အကြံ ဥာဏ်လေးတွေကို လည်း စုစည်းပြီး ပိုစ်လေး တစ်ခု ကို ခရီး မထွက်ခင် အပြေးအလွှား ရေးလိုက်ပါတယ်။ 

ဘွဲ့ကြို (Bachelor ) နဲ့ ဘွဲ့လွန်( Master ) ၊ ဒေါက်တာလွဲ့ (PhD)


ဘွဲ့ကြိုတန်း တက်ဖို့ ရည်ရွယ်တယ်ဆိုရင်တော့ မြန်မာနိုင်ငံတက္ကသိုလ် တစ်ခုခုမှာ ဒုတိယနှစ်လောက် အထိ တက်ပြီး ဖြစ်နေရင် ပိုကောင်း ပါတယ်။ ဘာလို့လဲ ဆိုရင် နားလည် လွယ်အောင် အရှင်းဆုံး ပြောပြ ရရင် ကျွန်မတို့ အထက်တန်းပညာရေးစနစ်မှာ ဆယ်တန်းအထိပဲ ရှိပြီး တခြားနိုင်ငံတွေက ၁၂ တန်းအထိ ရှိနေလို့ပါပဲ။ ဆယ်တန်းအထိပဲ အောင်တယ် ဆိုရင်တော့ ကျောင်းဝင်ခွင့် ရဖို့ အတွက် ကိုယ်လျှောက် ထားတဲ့ ကျောင်းက ဖြေခိုင်းတဲ့ ဝင်ခွင့်အတွက် သတ်မှတ်ထားတဲ့ စာမေးပွဲ၊ ဥပမာ GED  Test လိုမျိုးကို ဖြေဆိုအောင်မြင်ဖို့ လိုပါတယ်။


ဘွဲ့လွန်တန်း အတွက်ကတော့ မြန်မာနိုင်ငံက သုံးနှစ်နဲ့လေးနှစ်တက်ရတဲ့ ဘွဲ့တွေကို အသိအမှတ်ပြု ပါတယ်။ ကျောင်းလျှောက်တဲ့ အခါ တက်ခဲ့တဲ့ နှစ်တွေတိုင်းရဲ့ Grade တွေကို တောင်းလေ့ ရှိတာ တွေ့ရ ပါတယ်။  ဒီပလိုမာတန်းတွေ ကိုတော့ အသိအမှတ် မပြုတာ သတိထားဖို့ လိုပါတယ်။  မြန်မာနိုင်ငံက ဘွဲ့အပြင် IELTSTOFEL အစရှိတဲ့ English Test ဖြေဆိုထားဖို့တော့ လိုအပ်ပါတယ်။ နောက်တစ်ခုက ကိုယ်စိတ်ဝင်စားပြီး သီးစစ်အတွက် လေ့လာချင်တဲ့ အကြောင်းအရာကိုပါ တင်ပြရလေ့ရှိပါတယ်။

  ဒေါက်တာဘွဲ့ကတော့  ဘွဲ့လွန်တန်းပြီးပြီးသူတွေ လျှောက်လို့ရပါတယ်။ လိုအပ်ချက်တွေကတော့ ကိုယ်လျှောက်တဲ့ ကျောင်းအပေါ်မူတည်ပြီး အနည်းအများ ကွာဟချက်လေးတွေ ရှိတတ်ပေမယ့် အခြေခံအားဖြင့်တော့ အထက်က ပြောပြခဲ့တဲ့ အချက်တွေကို ပြင်ဆင်ထားရင် အဆင်ပြေပါတယ်။


ကျောင်းနဲ့ တက်ရမယ့် ဘာသာရပ် ရွေးချယ်မှု


၁။ ကိုယ်ဘယ်ဘာသာရပ်ကို စိတ်ဝင်စား လေ့လာချင်တာပါပဲ။


ဒီအချက်က သိပ်အခြေခံကျပြီး အရေးကြီးလှပါတယ်။ နှစ်တွေ အများကြီး ကိုယ်အချိန်တွေနဲ့ စိတ်အား လူအားသုံးပြီး လေ့လာဆည်းပူးရမှာ ကိုယ့်တကယ် စိတ်ဝင်စားတဲ့ ဘာသာရပ် ဖြစ်နေဖို့ လိုပါတယ်။ ဒီမေးခွန်းကို ကျွန်မတို့ မြန်မာနိုင်ငံက ကျောင်းသားတွေ ( လူတိုင်းကို မဆိုလိုပါ) ကို မေးကြည့်လိုက်ရင် ဘာဖြစ်ဖြစ် လျှောက်လို့ရတဲ့ ကျောင်းပေါ့လို့ ဖြစ်တတ်တာ များပါတယ်။ တကယ့်လက်တွေ့မှာ ကိုယ့်ဝါသနာ နဲ့ ကိုက်ညီတဲ့ ဘာသာရပ် မဟုတ်ရင် အကျိုး မရှိဖြစ်တတ် တာကြောင့် ဘယ်ဘာသာရပ်တွေကို ဘယ်ကျောင်းတွေက ပေးနေတယ် ဆိုတာကို သေချာလေ့လာပြီး၊ ဘာသာရပ်တွေကို မြည်းစမ်း ဖတ်ရှုပြီးမှ ကိုယ်တကယ် စိတ်ဝင်တစား လေ့လာချင်တဲ့ ဘာသာရပ်ကို ရွေးချယ်ပါလို့ အကြံပေးချင်ပါတယ်။


၂။ ကျောင်းပြီးရင် ဘယ်အလုပ်အကိုင်မျိုးကို ကိုယ်လုပ်ချင်တာလဲ။


ဒီတစ်ခုက ဘာသာရပ်နဲ့ ကျောင်း ရွေးချယ်မှု၊ ဘာသာရပ်ရွေးချယ်မှုအပြင်၊ သီးစစ်အတွက် ရီဆက်ပေပါရေးရာမှာေ လ့လာမယ့် နယ်ပယ်ရွေးချယ်ရာမှာ ကိုယ်ကျောင်းပြီးရင် ဘာလုပ်ချင်တာလဲ ဆိုတဲ့ အချက်ကို ထည့်စဉ်းစားသင့်ပါတယ်။


ကျောင်းလျှောက်လွှာ(Application)၊ထောက်ခံစာ(Recommendation Letters)   နဲ့စာစီစာကုံး ( Essay)
ကျောင်းလျှောက်လွှာဖြည့်ရာမှာ လျှောက်လွှာပါ အချက်တွေကို သေသေချာချာ နားလည်အောင် ဖတ်ပြီး ဖြည့်ပါလို့ ပြောချင်ပါတယ်။ အမှားအယွင်းကင်းလေ ကိုယ့်အတွက် ကောင်းလေပေါ့။ ဒါက ပြိုင်ပွဲ တစ်ခုပါပဲ။ လူအများကြားက ကိုယ့်ကို ရွေးချယ်ဖို့လိုတာကိုး။ 

ကိုယ်ရေးအချက် အလက်ဖြည့်စွက်ရာမှ ဖြစ်နိုင်ရင် ရိုးသားပါ နောက်မှ ရှေ့ကဖုံး နောက်ကပေါ် ဖြစ်ရင် မကောင်းပါဘူး။ အဲဒီ အပေါ် မူတည်ပြီး ထောက်ခံစာရေးပေးမယ့် ပုဂ္ဂိုလ်ကို အခြေခံရွေးချယ်ရမှာကိုး။
ထောက်ခံစာအတွက် ကိုယ့်လုပ်ငန်းအတွေ့အကြုံမှာ ဖြည့်ထားတာနဲ့ ကိုက်ညီရင် ပိုကောင်းပါတယ်။
ထောက်ခံစာ ကို ၂ စောင်နဲ့ သုံးစောင် အထိ တောင်းတတ်တာ တွေ့ရပါတယ်။ ဖြစ်နိုင်ရင် ကိုယ် တက်ခဲ့တဲ့ ကျောင်းက ဆရာ၊ အလုပ်က အကြီးအကဲနဲ့ နောက်ထပ် ကိုယ် ပါဝင်လှုပ်ရှားနေတဲ့ လူမှုရေး အသင်းအဖွဲ့ ဖြစ်ဖြစ်၊ ကိုယ့် Community Leader တစ်ယောက်ယောက် ဆီက ဖြစ်ဖြစ် တောင်းနိုင်ရင် အရမ်း ကောင်းပါလိမ့်မယ်။ 

Research Interest ကိုရေးရာမှာတော့ ဘာကြောင့် ကိုယ့်လေ့လာချင်တယ်။ ပြဿနာကဘာ၊ ဘယ်လို အရေးကြီးတယ်။ ဒီဟာကို လေ့လာလိုက်ရင် အနာဂတ် ပညာရေး၊ လူမှုအဖွဲ့အစည်း  စတာတွေ ကို ဘယ်လို အကျိုးရှိစေမယ် ဆိုတာတွေနဲ့ ကိုယ်တကယ် လေ့လာနိုင်စွမ်းရှိတယ် ဆိုတာကို ပေါ်လွင်အောင် ရေးသားရပါမယ်။  ဒီနေရာမှာ ကိုယ့်လျှောက်တဲ့ကျောင်းက ပရော်ဖက်ဆာတွေဟာ ကိုယ့်ကို ကျောင်းဝင်ခွင့်  ပေးဖို့ ရွေးချယ်ကြမယ့် သူတွေထဲမှာ ပါသူတွေပါ။ သူတို့ရဲ့ စိတ်ဝင်စားမှုနဲ့ ကိုက်ညီတဲ့  လျှောက်လွှာက သူတို့အတွက် စိတ်ဝင်စားစရာ အကောင်းဆုံးသူဆိုတာပါပဲ။ ဒါကြောင့် ကိုယ့် လျှောက်မယ့် ကျောင်းရဲ့ Website ထဲကို ဝင်ပြီး ဘာတွေ ဘယ်လို လေ့လာနေကြတယ်။ ဘယ် Issue တွေကိုဖြင့် သူတို့ စိတ်ဝင်စာနေကြတယ်ဆိုတာ အထာသိအောင် ဝင်ပြီး မွှေနှောက်ကြည့်ပြီး ရေးဖို့ အိုင်ဒီယာ ရနိုင်ပါသေးတယ် 

စာစီစာကုံးရေးတဲ့ နေရာမှာ တော့ ရှေ့နောက်ကျိုးကြောင်းဆီလှော်မှု (logical)၊ ဖန်တီးဆန်သစ်မှု (creative) ဖြစ်မှုနဲ့ နဲ့ ရိုးသားမှု ရှိဖို့လိုပါတယ်။ ကိုယ် တကယ် လုပ်ခဲ့၊ သိတဲ့ တတ်တဲ့ အရာတွေကို ရဲရဲ ဝံ့ဝံ့ ဖော်ပြဖို့လိုသလို ကိုယ့် အားနည်းချက်ကိုတော့ မဖော်ပြသည့်တိုင် လိမ်ညာ ဖုံးကွယ်ဖို့ မကြိုးစားပါနဲ့။ လောကမှာ ပြည့်စုံတဲ့ လူဆိုတာ မရှိပါဘူး။ ရင့်ကျက်မှု၊ ရဲရင့်ပြတ်သားမှု၊ ကိုယ့်ရဲ့ အနာဂတ်ရည်မှန်းချက်နဲ့ မျှော်လင့်ချက်တွေကို ပေါ်လွင်အောင် ကြိုစားရေးပါ။ ဒီနေရာမှာ ဘာလို့ ရိုးသားပါလို့ ကျွန်မ အကြံပြုရသလဲရင် ကိုယ့်ရဲ့ ဒီ လျှောက်လွှာတွေ၊ ထောက်ခံစာနဲ့ စာစီစာကုံးတွေကို အခြေခံပြီး လူတွေ့ စစ်ဆေးတဲ့ အခါမှာ စစ်ဆေးတဲ့ သူတွေက မေးခွန်းတွေ မေးကြမှာပါ။ အဲဒီအခါ ကိုယ့်ရဲ့ မရိုးသားမှုကို သူတို့ ရှာဖွေ တွေ့ရှိသွားနိုင်ပါတယ်။ သူတို့က ဒီလို လျှောက်ထားသူပေါင်း များစွာရဲ့ အထာကို ကျေညက်နေတဲ့ သူ ၊ လူပေါင်းများစွာကို လူတွေ့ စစ်ဆေးဖူးတဲ့ သူတွေပဲဆိုတာ မေ့မထားပါနဲ့။ မတတ်ရင် သင်ပေးလို့ရတယ် ပင်ကိုယ်စိတ် မရိုးသားရင် ဘာသင်ပေးပေး အဆိပ်ဖြစ်တယ် ဆိုတဲ့ စကားရှိတယ် မဟုတ်လား။

ဒါပေမယ့် ကိုယ်ရဲ့ အားသာချက်နဲ့ တန်ဖိုးကိုတော့ ပီပီပြင်ပြင် ပေါ်လွင်အောင်ရေးဖို့ သေသေချာချာ ကြိုးစားစေချင်ပါတယ်။လူအများကြီးထဲကမှကိုယ့်ကိုဘာလို့ပညာသင်ဆု ထောက်ပံ့ ပေးသင့်တယ်ဆိုတာ
ပေါ်လွင်နေရပါမယ်။ပညာသင်ဆုလျှောက်ထားတဲ့ နေရာမှာ လုပ်ငန်းအတွေ့အကြုံရှိခြင်းကလည်း အရေးပါတဲ့ အကြောင်းအရာ တစ်ခုပါ။ 
လုပ်ငန်းအတွေ့အကြုံရှိခြင်းက ကိုယ်တိုင် ကြိုးစားတဲ့ သူတစ်ယောက် ဆိုတာရယ်၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ပတ်ဝန်းကျင်ကို အမှန်တကယ် အကျိုးပြုချင်တဲ့ သူ ဟုတ်မဟုတ်ဆိုတာ ပေါ်လွင်နေပါတယ်။ ဒါကြောင့် လုပ်ငန်းအတွေ့ အကြုံရှိဖို့ အထူးလိုအပ်သလို မရှိတာကို အရှိ လုပ်ရေးခဲ့ရင်လည်း လူတွေ့စစ်ဆေးမှုမှာ အောင်မြင်နိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒါကြောင့် ပညာသင်ဆုလျှောက်ဖို့ ရည်ရွယ်ချက်ရှိရင် အင်္ဂလိပ်စာအရည်အချင်းအပြင် လုပ်ငန်းအတွေ့အကြုံကိုပါ တစ်ပါတည်း ရှာထားဖို့ အကြံပြုချင်ပါတယ်။ဒီလင့်လေးတွေမှာလို ကျောင်းဝင်ခွင့်ရ စာစီစာကုံးတွေကို ရှာဖွေဖတ်ရှု လေ့လာကြည့်ပြီး သေချာ လေ့ကျင့်ရေးသားပါလို့ အကြံပြုချင်ပါတယ်။


မြန်မာ နိုင်ငံက ကျောင်းသားတွေကို ပညာသင်ဆုပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ တက္ကသိုလ်တွေကို ကျွန်မ လက်လှမ်းမီသလောက် ၊ သိသလောက်က ...


The Heinrich Böll Stiftung (hbs) Foundation    


ဒီဖောင်ဒေးရှင်းက ပေးနေတဲ့ ပညာတော်သင်ဆုတွေကတော့..
Master of Arts in Economics (International Program), Thammasat University in Bangkok, Faculty of Economics (2 academic years), download application form here (application deadline 6.01.2012)  
Master of Arts in International Development Studies (MAIDS), Chulalongkorn University in Bangkok, Faculty of Political Science (1 academic year), download application form here (application deadline March 2012) 
Master of Arts in Sustainable Development, Chiang Mai University, at the Regional Center for Social Science and Sustainable Development (RCSD), Faculty of Social Sciences (2 academic years), download application form here (application deadline 31.01.2012)
Prospect Burma Scholarships 

Submission deadline 15 March 2012
Prospect Burma runs an annual scholarships competition. There is intense demand for our scholarship awards, and incomplete or badly completed applications are likely to be rejected immediately. Please ensure that you submit your application by the deadline of 15 March 2012. Applications received after that date will not be considered.
• Full guidance notes and application forms are on the Scholarship Applications page of this website. Please read all the guidance carefully before completing your form.
• There are three application forms: a shortened one for continuing students who received a Grant from us in 2011; and two for other applicants (one for those wishing to study in Southeast Asia or Hong Kong and one for alll others). Make sure you select the correct one
If you received a grant from Prospect Burma in 2011 and are seeking continued funding, you must submit a study report on your experiences during the 2011-12 academic year. We will not award a new grant without it. Please use the Study Report Template, which you will also find on the Scholarship Applications page of this website.
Click on the following link for access to Guidance and forms:
Prospect Burma Scholarship Applications for 2012: information and forms

 နောက်ထပ် ပညာသင်ဆုများစွာလည်း ရှိပါသေးတယ်။ အထက်က ဖော်ပြပေးထားတာတွေက အခုလောလောဆယ်လျှောက်ခွာခေါ်နေတာတွေပါ။
 နောက်ထပ် ကိုယ့်နဲ့ ကိုက်ညီတဲ့ ဘာသာရပ်တွေ ဘယ်ဘာသာရပ်တွေနဲ့ ဘယ်တက္ကသိုလ်တွေက ခေါ်နေတယ်။ ဘယ်လို လျှောက်ထားရမယ်ဆိုတာတွေကို စုံစုံလင်လင်မပြတ်သိချင်သေးရင် Myanmar Study Aboard ဆိုတဲ့ Website မှာ သွားဆက်ကြည့်လို့ရပါသေးတယ်။ 

အကြံပေးချက်တွေကို ကျွန်မ စဉ်းစားလို့ ရသလောက် ချရေးထားတာ ဖြစ်တဲ့အတွက် စာဖတ်သူတွေ ထဲက ထပ်ဖြည့်ပေးချင်တဲ့ အချက်လေးတွေရှိရင် ဖြစ်ဖြစ်၊ အချက်လေးတွေ ပြင်ဆင်ပေးချင်တာပဲ ဖြစ်ဖြစ် ကွန်မန့်မှာ ဝင်ရေးသွားဖို့ ဖိတ်ခေါ်ပါရစေရှင်။


ကျွန်မတို့ မြန်မာနိုင်ငံရဲ့ အခု လက်ရှိ ဒီမိုကရေစီစနစ် အကူအပြောင်းကာလမှာ အရည်အသွေးမြင့်တဲ့ ပညာတတ်တွေရဲ့ အင်အားဟာ များစွာလိုအပ်သလို၊ တိုင်းပြည်ရဲ့ အနာဂတ်ဟာလည်း ထိုသူတွေရဲ့ လက်ထဲမှာ ရှိနေတာကြောင့်  ကျွန်မတို့ နိုင်ငံမှာ နိုင်ငံကို အကျိုးပြုမယ့် ပညာတတ်အနာဂတ်သားကောင်းတွေ တိုးပွားလာပါစေလို့ ဆန္ဒပြုရင်း ...
ခင်မင်စွာဖြင့်
အလွမ်းပြေ

0 comments: