My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Friday, November 4, 2011

ပျောက်ဆုံးနေသော အရာ

 ဆိတ်ငြိမ်တဲ့ ဘဝ

ပျော်ရွှင်တဲ့သူဟာ

ဆန္ဒနဲ့ ဂရုဓမ္မကို

အမိ အဘတို့ ပေးခဲ့တဲ့ မြေအနည်းငယ် အပေါ်မှာသာ ထားရှိလို့

ဒီမြေပေါ်က လေကိုရှုရှိုက်နေရဖို့ ကျေနပ်ဝမ်းမြောက်နေသူပေါ့။


သူ့ သိုး၊ နွားတွေက နို့ရည်

သူ့ ဂျုံခင်းတွေက ပေါင်မုန့်

သူ့ သိုးအုပ်တွေက ၀တ်ဖို့ အထည်

သူ့ သစ်ပင်တွေက

နွေအခါ အေးမြတဲ့ အရိပ်ကို ဆောင်ကျဉ်းပြီး

ဆောင်းအခါ နွေးထွေးဖို့ ထင်းလောင်စာကို ပေးလေတယ်။


မွန်မြတ်လှလေရဲ့

ပူပန်မှုကင်းစွာ  ရှာဖွေနိုင်ခဲ့တဲ့သူဟာလေ

တိတ်ဆိတ်တဲ့ နေ့အစဉ်မှာ

ခန္ဓာရဲ့ ကျန်းမာခြင်း၊ စိတ်နှလုံးရဲ့ ငြိမ်းအေးခြင်း တို့နဲ့

နာရီ၊ နေ့ရက် နဲ့ နှစ်ကာလတွေကို ညင်သာစွာ ကုန်ဆုံးစေခဲ့တယ်။


လေ့လာမှုနဲ့ အေးဆေးသက်သာမှုကို

ချိုမြိန်စွာ မျှတပေါင်းစပ်အနားယူလို့

တရားဓမ္မရဲ့ စင်ကြယ်မှုမှာ

ခံစားနှစ်သက်မဆုံး ကျေနပ်ရင်း

ညအချိန်တွေမှာ နှစ်ခြိုက်စွာအိပ်စက်နိုင်ခဲ့တယ် ။



ဒါကြောင့်လေ

နေပါရစေ ဘယ်သူမှ မမြင်ရ၊ မသိရဘဲ

သေပါရစေ ဘယ်သူ့ မျက်ရည်မှမကျရဘဲ

ဒီကမ္ဘာက တိတ်တဆိတ်ထွက်သွားချင်လို့

ကျောက်တုံးလေးတစ်တုံးနဲ့တောင်

မမှတ်သားလိုက်ပါနဲ့

ငါ့လဲလျောင်းရာကို ။

 (Alexander Pope ရဲ့ The Quiet Life ကို TAL ဘာသာပြန်ပါသည်။)




သံလွင်မြစ်ကမ်းနံဘေးက  ရေစပ်လေးမှာ  ထိုင်နေရင်း  တရွေ့ရွေ့ စီးနေတဲ့ မြစ်ကြီးကို ကြည့်ရင်း  ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ပြေးနေတဲ့ လှေလေးပေါ်မှာ ကြယ်တွေကို မော့ကြည့်ရင်း ကော်ဖီ ခါးခါး တစ်ခွက်ကို သောက်နေခဲ့တဲ့ အကြောင်းကို တွေးမိတယ်။ 

ကိုယ်စိတ်ကူးနဲ့ ချစ်ခဲ့တဲ့ ကြယ်တွေဟာ  အစစ်အမှန် မဟုတ်ခဲ့ဘူးတဲ့  အရိပ်အရောင်သက်သက်။

တစ်နေ့နဲ့ နောက်တစ်နေ့ဟာ တူညီတယ်လို့ ပြောလို့ရသလို ကွဲပြားတယ်လို့ ယူဆရင် ရပါရဲ့။ 

ပတ်ဝန်းကျင်ဟာ အေးမြသလောက် ရင်ထဲမှာ အေးမြနေရင် ဘယ်လောက် ကောင်းလိမ့်မလဲ။ 

ခရီးသွားရတာကို ကြိုက်ပေမယ့် ဘဝက မနားတမ်းပြေးခိုင်းတယ်။
စာဖတ်ခြင်းနဲ့ စာသင်ကြားခြင်းကို နှစ်သက်တာ မှန်ပေမယ့် အချိန်ရယ် နေရာရယ် လွဲပြန်တယ်။ 

ကော်ဖီခါးခါးနဲ့ ဝိုင်ချိုချိုတွေကို စွဲလမ်းတာ မှန်ပမယ့် သောက်ရတဲ့ ပုံစံကွဲပြားနေတယ်။ 

ညနေခင်းတွေကို နှစ်သက်ပေမယ့် သူရဲ့လေပြေက သဲတရှပ်ရှပ်နဲ့။ 

ပြောင်းလဲ စေချင်တာအတွက် အလုပ်လုပ်ရင်း မပြောင်းလဲ စေချင်တာတွေပါ ပြောင်းလဲသွားပြန်တယ်။

စေတနာ နဲ့ ဝေဒနာကို အလဲအလှယ် လုပ်ရင်း ခပ်ဆပ်ဆပ် ပြုံးတတ်လာတော့  မျက်လုံးတွေ က ကြည်ကြည်လင်လင် မမြင်နိုင်တော့ဘူး...

မိုးတွေရွာတော့မှာလား... 

တစ်နေ့တာအတွက် ... နေဝင်သွားပြန်ပြီ ..

ပတ်ဝန်းကျင်က တိတ်ဆိတ်ပြီး ... လေပြေက ခပ်အေးအေး တိုက်နေပေမယ့်..

ကိုယ့်ရဲ့ အေးချမ်း ဆိပ်ငြိမ်တဲ့ ဘဝလေးကတော့.. 

ပျောက်ဆုံးနေခဲ့တယ်။

ဘဝရဲ့ သံသရာခရီးသည် 

မပေးဆပ်နိုင်တာတွေကို ပေးဆပ်ဖို့ ကြိုးစားခဲ့မိတာလား။
မဖြစ်မနေ ပေးဆပ်ရမယ့် အရာတွေလား။

မနိုင်ဝန်တွေ ထမ်းနေခဲ့မိလား။ 

တာဝန်ကျေတာလား။ 

နာမည်ကောင်းလိုချင်တဲ့ အတ္တလား 
ကိုယ့် နှလုံးသားရဲ့ ခံယူချက်လား

မကွဲပြားနိုင်လောက်အောင် 

ကိုယ်တကယ် မောပန်းနေပြီ

ဘာမှ ဆက်မတွေးနိုင်လောက်အောင် 

ပင်ပန်းနေပြီ...

ဘယ်အချိန်မှ  ကိုယ့်ကိုကိုယ်ပြန်ရှာတွေ့မှာလဲ..

လက်တွေ့ဆန်ဆန်  သဘာဝကျကျ

မျှတအောင် နေတတ်ဖို့  သင်ယူရင်း

ပျောက်ဆုံးနေတဲ့ ကိုယ့်ဘဝကိုယ် ပြန်ရှာရဦးမယ် ။

အလွမ်းပြေ

0 comments: