Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Saturday, October 29, 2011
သဘာဝတရားရဲ့ အနုပညာ
2:25 AM | Posted by
အလွမ်းပြေ |
Edit Post
ဟိုးဝေးဝေးဆီက တောင်တန်းပေါ် တစ်ဝက်မြှုပ်စပြုနေပြီဖြစ်သော
နေဝင်ချိန်အလှကို ငေးရင်း ခရေပင်တန်းနှင့် စပါးခင်း စိမ်းစိမ်းတွေကြားက လမ်းကလေးပေါ်တွင်
ကျွန်မတစ်ယောက်တည်း ခပ်ဖြေးဖြေး လျှောက်လာခဲ့သည်။
ကျွန်မ သတိထားမိသလောက် ဒီလမ်းကလေးကို အသုံးပြုတဲ့သူ အလွန်ပင် နည်းလှပါသည်။ ကျွန်မ ဖြတ်လျှောက်တိုင်း
စိုက်ပျိုးရေးမေဂျာမှ ကျောင်းသား ကျောင်းသူများကလွဲပြီး တခြားကျောင်းသူကျောင်းသားတွေ
ဖြတ်မလျှောက်သလောက်ပင်။ စပါးပင်တွေကြားက လမ်းလေးမှာ လမ်းလျှောက်ရတာ ငယ်ငယ်က နယ်မှာနေခဲ့ဖူးတဲ့ ဘဝကို
သတိရစရာ ကောင်းသဖြင့် ကျွန်မကတော့ အခွင့်သာတိုင်း ဖြတ်လျှောက်လေ့ရှိသည်။
ဒီတစ်ခါတော့ ကျွန်မ အရင်က ဂရုတစိုက်
ရှူရှိုက်ဖူးတဲ့ မြေနံ့ထက် စပါးပင်ကလေးများ လေတိုက်လျှင် ဘယ်လိုများ ယိမ်းနွဲ့ပါသလဲ
ဆိုတာကို ဂရုတစိုက်လိုက်ကြည့်မိပါသည်။ သို့သော် စပါးပင်များသည် လွတ်လပ်စွာ လေပြေမှာ
ယိမ်းနွဲ့ခွင့် မရပါ။ သူတို့ကို ပိုက်ကွန်များဖြင့် အုပ်ထားသောကြောင့် ဖြစ်ပါသည်။ ကျွန်မ
စိတ်ထဲတွင် အလိုမကျစိတ်ကလေး ဝင်လာသည်။ အိမ်ပြန်ရောက်တော့ မကျေနပ်စိတ်ဖြင့် သူငယ်ချင်းကို
ပြောတော့ သူက စပါးနှံတွေ ငှက်တွေ စားမှာစိုးလို့ နေမှာပါကွာဟု ပြောသဖြင့် နဲနဲ စိတ်ထဲကျေနပ်သွားသည်။
ကျွန်မ ဘာကို မကျေနပ်တာပါလိမ့်လို့ ရုတ်တရက် တွေးမိတော့ ကိုယ့်ကိုကိုယ် ရယ်ချင်လာသည်။
စပါးပင်ကလေးတွေ လွတ်လွတ်လပ်လပ် လေပြေမှ ယိမ်းကခွင့်မရလို့ စိတ်မကျေနပ် ဖြစ်ရသတဲ့လေ။
ဘယ်အချိန်ကများ သစ်ပင်တို့ရဲ့ လှုပ်ရှားမှုကို
အနုပညာတစ်ရပ်လို ကျွန်မ မြတ်နိုးသွားတာပါလိမ့်။ သိပ်တော့ မကြာသေးပါ။
အက သင်တန်းသူတွေ ဝိုင်းထိုင်နဲ့တဲ့ ဝိုင်းရဲ့အလည်က ဆရာမလေးရဲ့
ရှင်းပြနဲ့ ချိုသာတဲ့ အသံကို နားထောင်ရင်း သူ့ကို ငေးကြည့်ပြီး သဘောတကျ ပြုံးမိတယ်။
နူးညံ့လိုက်တဲ့ မိန်းကလေးပါလား။ အကပညာရှင်ဆိုတဲ့ဂုဏ်နဲ့ တကယ်လိုက်ဖက်ပါတယ်။

ရှင်တို့က ကြာပန်းပင် ကလေးတွေဆိုရင် ရှင်တို့ရဲ့ လက်တွေက ကြာဖူးကြာပွင့် ကလေး တွေ။ လှုပ်ရှားဟန်က လေပြေမှာ ရိမ်းနွဲ့ နေသလိုလေး လွတ်လွတ် လပ်လပ်နဲ့ လှပ နေပါလိမ့်မယ်။
ကကွက်လေးတွေက ကြာပင်လေး တစ်ပင်တည်းကို ယူထားတာတော့ မဟုတ်ပါဘူး။ ကျေးလက်ရဲ့ ဒေသဓလေ့တွေနဲ့ သစ်ပင်လေးတွေရဲ့ လေပြေထဲမှာ လှုပ်ရှားဟန်လေးတွေကို ရောယှက်ပေါင်းစပ်ပြီး လှပတဲ့ ကကွက်လေးတွေကို တည်ထွင် ဆန်းသစ်ထားတာပါ။ ဒီနေ့ကစပြီး ရှင်တို့ ကိုယ် ကိုကိုယ် သစ်ပင်လေးလို သဘောထားပြီး ရှင်တို့ လှပတဲ့ မျက်နှာနဲ့ လက်ကလေးတွေက ပန်းပွင့်လေးတွေ စိတ်ကူးထဲမှာ ထည့်ထားရင်း ဗုံသံကိုလေပြေအဖြစ်ခံစားပြီး အလှအပဆုံး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ကျွန်မတို့ ကကြရအောင်ပါနော်။
အကဆိုတာ
နှလုံးသားရဲ့ လှို့ဝှက်စကားပဲလို့ ပြောတာကျွန်မ ကြားခဲ့ဖူးပါတယ်။ လူတွေနဲ့ သဘာဝတရားရဲ့ ဆက်သွယ်မှု၊
သစ်ပင်တွေရဲ့ လူတွေရဲ့ကြားက ချစ်ချင်းတရားကို ဆက်စပ်မှုတွေကို ဖော်ပြနေတဲ့ အကလေးပဲလို့ ကျွန်မတွေးမိရင်း
နှစ်သက်ခြင်းက နှလုံးသားထဲ တိုးဝင်လာခဲ့ပါတယ်။ တစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်တစ်ခုကို ဝင်လုပ်ကြည့်တာပေါ့ဆိုတဲ့
စိတ်နဲ့ ရောက်လာတဲ့ ကျွန်မကို ပထမဆုံးနေ့မှာပဲ ကခြင်းအနုပညာကို ချစ်မြတ်နိုးမှု ဖြစ်စေခဲ့ပါတယ်။
အရင်က ပျော်ရုံသာ ကခဲ့ဖူးတဲ့ ကျွန်မဟာ သဘာဝတရားနဲ့ လောကကြီးရဲ့အလှကိုပါ ချစ်မြတ်နိုးခြင်းနဲ့ နှလုံးသားနဲ့ ကတတ်အောင် ဆရာမလေးက သင်ပေးနိုင်လိမ့်မယ်လို့
ကျွန်မ ယုံသွားခဲ့ပါတယ်။
ကျွန်မတို့ လက်ရှိကမ္ဘာမှာ သဘာဝပတ်ဝန်းကျင်ကြီး ပျက်စီးလာမှုနဲ့ သဘာဝဘေးတွေဟာ နေ့စဉ်ဘဝတွေကို ပိုပိုတိုးပြီး ချိန်းခြောက်လာတာကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတဲ့ အကြောင်းဟာ ရေးပန်းအစားဆုံး အကြောင်းအရာတစ်ရပ်ပါ။ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်ဖို့ဆိုတာက သဘာဝတရားရဲ့ အကျိုးကျေးဇူးနဲ့ အလှတို့ကို တန်ဖိုး ထားတတ်ဖို့ လိုတယ် မဟုတ်ပါလား။ သဘာဝတရားကို ချစ်တတ်ဖို့၊ သစ်တောသစ်ပင်တွေကို ထိန်းသိမ်းတတ်ဖို့ သင်ကြားပေးတဲ့ နည်းလမ်းတွေထဲမှာ အနုပညာကလည်း မေ့ထားလို့ မရတဲ့ အရာတစ်ခုပဲ ဆိုတာကိုလည်း သတိတရ ဖြစ်လာမိပါတယ်။
ကျွန်မတို့ လက်ရှိကမ္ဘာမှာ သဘာဝပတ်ဝန်းကျင်ကြီး ပျက်စီးလာမှုနဲ့ သဘာဝဘေးတွေဟာ နေ့စဉ်ဘဝတွေကို ပိုပိုတိုးပြီး ချိန်းခြောက်လာတာကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတဲ့ အကြောင်းဟာ ရေးပန်းအစားဆုံး အကြောင်းအရာတစ်ရပ်ပါ။ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်ဖို့ဆိုတာက သဘာဝတရားရဲ့ အကျိုးကျေးဇူးနဲ့ အလှတို့ကို တန်ဖိုး ထားတတ်ဖို့ လိုတယ် မဟုတ်ပါလား။ သဘာဝတရားကို ချစ်တတ်ဖို့၊ သစ်တောသစ်ပင်တွေကို ထိန်းသိမ်းတတ်ဖို့ သင်ကြားပေးတဲ့ နည်းလမ်းတွေထဲမှာ အနုပညာကလည်း မေ့ထားလို့ မရတဲ့ အရာတစ်ခုပဲ ဆိုတာကိုလည်း သတိတရ ဖြစ်လာမိပါတယ်။
အကဆရာမ ကတော့ ကိုယ့်ကိုကိုယ် သစ်ပင်လေး တစ်ပင်လို သဘောထားဖို့တော့ ပြောပါရဲ့ ။ အခုအချိန်အထိတော့ ကျွန်မ ဘာပင်လေးလည်း ဆိုတာတော့ မသိသေးတာ အမှန်ပါပဲ။ လမ်းတွေလျှောက်ရင်းနဲ့ ရှာဖွေဆဲပါပဲ…..။
![]() |
Credit to (http://www.alexhofford.com) |
တကယ်ဆို…ကျွန်မတို့
နာမည်တွေ ခေါ်နေတဲ့ အပင်လေးတွေကရော သူတို့ ဘာပင်ဆိုတာ.. သူတို့ ကိုယ်တိုင်ရော သိပါရဲ့လား..။
ဒါပေမယ့် ကျွန်မတို့ ကမ္ဘာမှာ သစ်တောသစ်ပင်တွေ ရှိနေသ၍တော့ စိမ်းလန်း နေဦးမှာပါပဲ။
နာမည်ဆိုတာ
ပညတ် သက်သက်ပဲ မဟုတ်လား။
အပင်လေးတွေရဲ့ ဖြစ်တည်မှု ကသာ အဓိကကျတဲ့ အမှန်တရား ပါပဲ။
ကျွန်မကိုယ် ကျွန်မ ဘာပင်လေးမှန်း မသိပေမယ့် ကျွန်မလည်း ကမ္ဘာပေါ်မှာ ကျွန်မဘယ်လို ဖြတ်သန်း နေလဲဆိုတဲ့ ဖြစ်တည်မှုကတော့ ကျွန်မရဲ့ ပကတိ အမှန်တရား တစ်ခုပဲပေါ့။
ဒါပေမယ့် .. ကျွန်မရဲ့ ဖြစ်တည်မှုကို အမည်တတ်မယ့်သူ တွေက ကျွန်မ ကိုယ်တိုင်တော့ … မဟုတ်နိုင်ဘူးပေါ့လေ….။
ပညတ်တစ်ခုအတွက် ပူပင်နေစရာထက် ရှင်သန်မှု သဘာဝကသာ လောကမှာ ကျွန်မအတွက်တော့ ပိုပြီး အရေးကြီးတယ်လို့... တွေးမိတယ်။
အပင်လေးတွေရဲ့ ဖြစ်တည်မှု ကသာ အဓိကကျတဲ့ အမှန်တရား ပါပဲ။
ကျွန်မကိုယ် ကျွန်မ ဘာပင်လေးမှန်း မသိပေမယ့် ကျွန်မလည်း ကမ္ဘာပေါ်မှာ ကျွန်မဘယ်လို ဖြတ်သန်း နေလဲဆိုတဲ့ ဖြစ်တည်မှုကတော့ ကျွန်မရဲ့ ပကတိ အမှန်တရား တစ်ခုပဲပေါ့။
ဒါပေမယ့် .. ကျွန်မရဲ့ ဖြစ်တည်မှုကို အမည်တတ်မယ့်သူ တွေက ကျွန်မ ကိုယ်တိုင်တော့ … မဟုတ်နိုင်ဘူးပေါ့လေ….။
ပညတ်တစ်ခုအတွက် ပူပင်နေစရာထက် ရှင်သန်မှု သဘာဝကသာ လောကမှာ ကျွန်မအတွက်တော့ ပိုပြီး အရေးကြီးတယ်လို့... တွေးမိတယ်။
အလွမ်းပြေ
Labels:
အက်ဆေး,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
0 comments: