Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Wednesday, September 14, 2011
အိမ်ပြန်ချိန်
11:51 AM | Posted by
အလွမ်းပြေ |
Edit Post

( ၁ )
နွေရနံ့သင်းသော လေးညှင်းအေးအေးသည် မြစ်ပြင်ကျယ်နဲ့ ချောင်းရိုးတစ်လျှောက်ကို တိုးဝှေ့တိုက်လာရင်း ငြိမ်းဆီကို အရောက်ပြေးလာသည်..
ပုန်းညှက်ရနံ့သင်းသင်းလေးကို သယ်ဆောင်လာတဲ့ လေညှင်းက ငြိမ်းရဲ့ လွမ်းဆွတ်စိတ်ကို ပိုစေပါတယ်
်
တကယ်ဆို ဒီပုန်းညှက်ပန်းတွေ ပွင့်ချိန်ဆို… သူ ခူးပေးနေကြပေါ့…
ညနေစောင်း အလင်းရောင်က ပျောက်လုလု… ငြိမ်းရဲ့ မျက်ဝန်းထဲက မျက်ရည်တွေကလည်း ကျလုလု..
ငြိမ်းရေ.. မြေးမ.. ညနေစာ စားပြီးပလား… လှမ်းထားတဲ့ ငါးခြောက်တွေကို သိမ်းပြီးပလားကွဲ့
အိမ်တွင်းဆီက အဘကြိုင်ရဲ့ ခေါ်သံကြောင့် .. ချောင်းရိုးဘက်ဆီ မျှော်ငေးနေတဲ့ ငြိမ်း မျက်ရည်စတွေကို သိမ်းလို့.. အိမ်ဘက်ဆီ ပြန်လှည့် ခဲ့ပါတယ်..
ဒီနေ့လည်း မောင် ပြန်မရောက်သေးဘူးပေါ့… မောင်ရယ်..
( ၂ )
ငြိမ်းငယ်ငယ်ကတည်းက ငါးဖမ်းသွားတဲ့ မိဘနှစ်ယောက်လုံးကို လေပြင်းက ဧရာဝတီရဲ့ မြစ်ပြင်မှာပဲ ဆုံးပါးအောင်
ရက်ရက်စက်စက်ခေါ်ဆောင်သွားပြီးတဲ့နောက်.. အဘ တစ်ယောက်တည်းကိုသာ မိသားစုအဖြစ် တွယ်တာအားကိုးနေရတဲ့ ဘဝမှာ…
အရွယ်ရောက်လာတော့ … မောင်.. ဆိုတဲ့ ချစ်ရသူ.. တွယ်တာရသူ တစ်ယောက်.. ငြိမ်းဘဝထဲ .. ရောက်လာခဲ့တာ..
မောင်ဟာ… ငြိမ်းဘဝရဲ့ မရှိမဖြစ် အရေးပါသူပါ.. မောင်..
“ ငါတော့ ငါ့ဘဝကို ဒီလောက်နဲ့ မကျေနပ်နိုင်ဘူး ငြိမ်းရာ..
ဒီ ငါးဖမ်း ပိုက်ချ ဘဝနဲ့ ငါ့ ဘဝကို အဆုံးမသတ်လိုက်နိုင်ဘူး..”
မျက်မှောင်ကို ကျုတ်ရင်း … မောင်ပြောတော့ .. ငြိမ်းက မောင့် မျက်နှာကို ငေးကြည့်နေမိတယ်..
“ မောင် နင် လာမယ့် နှစ်ဆို ဘွဲ့ရပြီပဲ… နင့် မိဘ လက်ငုတ်လက်ရင်း ငါးဖမ်းလုပ်ငန်း မလုပ်ချင်လည်း ရွာကျောင်းမှာ ကျောင်းဆရာဝင်လုပ်ပါလားဟင်..
ရွာမှာ ကလေးတွေများရတဲ့အထဲ .. ဆရာကလည်း ရွာကျောင်းမှာ မမြဲနဲ့.. နင်သာ ဆရာလုပ်ရင် သိပ်ကောင်းမှာပဲ.. ငြိမ်းဆို ဆရာမ သိပ်လုပ်ချင်တာ.. ငြိမ်းက ကျောင်းဆက်မနေဖြစ်လို့သာရယ်…”
ပြောရင်း ဝမ်းနည်းစိတ်နဲ့ ငြိမ်းအသံက အဖျားခတ် တုန်ခါသွားသည်။
“ကျောင်းဆရာ လခလောက်နဲ့ ခုခေတ် ဈေးနှုန်းနဲ့ ဘဝကို ဘယ်လို ရပ်တည်မှာလဲ ငြိမ်းရ.. နောက်ငါ ဒီ တောနေ တောစားဘဝက ရှုန်းထွက်ချင်သေးတယ်..
မြို့မှာ သွားအလုပ်လုပ်ဖို့ကလည်း ဒီအဝေးသင်ဘွဲ့နဲ့ ငါ ဘယ်လို တိုးပေါက်မလဲဟာ.. နောက် နင်နဲ့ငါ့ လက်ထပ်ဖို့က ရှိသေးတယ် မဟုတ်လားဟ”
မောင်ပြောလိုက်တဲ့ စကားကြောင့် ငြိမ်းက ရှက်ပြီး ခေါင်းငုံ့ရင်း…
“ငါ လောဘမကြီးပါဘူး မောင်ရဲ့.. မောင်နဲ့ အတူ ဘဝကို ရင်ဆိုင်ရဲပါတယ်…”
ငြိမ်းစကားကို မောင်က သဘောတကျပြုံးရင်း…
ငြိမ်းရယ် နင်က နာမည်လေးနဲ့ လိုက်အောင် ငါ့ရင်ကို ငြိမ်းစေတယ် သိလား…
အဲဒီ ချိန်းတဲ့ညက ပုန်းညံ့ရနံ့တွေကြားက လရောင်လဲ့လဲ့ဖျာလို့… သာသာယာယာ..။

(၃ )
“မငြိမ်းရေ… အဘကြိုင် မငြိမ်းရှိလားဗျ..”
အိမ်အပြင်ဘက်က မောင့်အသံကြောင့် အိမ်ခန်းထဲမှာ သနပ်ခါးလိမ်းနေတဲ့.. ငြိမ်း လန့်သွားသည်..
အချိန်မတန်ခင် လူကြီးတွေ မျက်စိနောက်မယ် ဆိုပြီး… မောင်က ဘယ်သောအခါမှ အိမ်ကို တစ်ယောက်တည်း လာမလည်တတ်သူ..
အကြောင်းကိစ္စရှိရင်တောင် အဖော်တွေနဲ့ အတူတူလာတတ်တာ ငြိမ်းအသိမို့..
ငြိမ်းရင်ထဲ ထိတ်သွားသည်..
“အေးကွ.. မင်းသူငယ်ချင်း အိမ်ထဲမှာ ရှိသကွဲ့..
မြေးမရေ.. မင်းသူငယ်ချင်းလာတယ်…”
“ဟုတ်ကဲ့ အဘ လာပြီ..”
“မငြိမ်း… မလှရီတို့က အပတ်စဉ်ဆွမ်းချက်ဖို့ကိစ္စ စုပြီး တိုင်ပင်စရာလေးတွေရှိလို့... အခု ခေါ်ခိုင်းလိုက်တယ်ဗျ
အဲဒါ မငြိမ်း ကျုပ်နဲ့ လိုက်ခဲ့မလား... ဒါမှမဟုတ် ကိုယ့်ဘာသာ နောက်က လိုက်ခဲ့မလားဗျ”
“ဟဲ့ ညနေတောင် စောင်းပြီးပဲ... နေဝင်ရီသရော တစ်ယောက်တည်းမသွားပါနဲ့လေ.. မြေးမကို စောင့်ခေါ်သွားချေ .. ဟဲ့ မြေးမ မြန်မြန်လုပ်..”
အဘ ခွင့်ပြုစကားကြောင့် .. ငြိမ်းလဲ သွက်သွက်လေး မောင့်နောက်က လိုက်ခဲ့တယ်..
အိမ်နဲ့ နဲနဲဝေးတော့မှ.. ငြိမ်း .. ငြိမ်းကို မောင် ညာခေါ်လာတာ အရေးကြီး ပြောစရာရှိလို့..
( ၄ )
“မောင် မနက်ကျရင် .. မြို့ကလာတဲ့ ဦးလေးနဲ့ နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ရန်ကုန်ကို လိုက်သွားတော့မယ် ငြိမ်း..”
“မောင်...”
“ ဟုတ်တယ် ငြိမ်း...အဲဒါ မောင့်ရဲ့ ဆုံးဖြတ်ချက်ပဲ”
ငြိမ်း ရင်ထဲမှာ ဝမ်းနည်းစိတ်နဲ့ ဆို့နင့်နေပြီး ငြိမ်း၏ အောက်နှုတ်ခမ်းသားလေးများက တဆတ်ဆတ် တုန်လာသည်...
ငြိမ်းတို့ နှစ်ဦးကြားမှာ နောက်ထပ်ဘာသံမှ ထပ်မထွက်လာပဲ နှစ်ဦးစလုံးက ဝမ်းနည်းစိတ်နဲ့ တိတ်ဆိတ်ခြင်းကသာ ..
ချောင်းရေ စီးသံ.. ကမ်းပါးဘေးက လှိုင်းပုတ်သံ... လေတိုးသံတွေက ကျယ်လောင်လွန်းလေစွ...
ငြိမ်းလက်ကို တင်းတင်းဆုပ်ထားတဲ့ မောင့်လက်ပေါ်ကို ငြိမ်းရဲ့ မျက်ရည်စက်တွေက တစ်စက်.. ပြီး.. တစ်စက်..
မောင်က ငြိမ်းမျက်ရည်တွေကို လိုက်သုတ်ရင်း...
“တိတ်ပါ.. ငြိမ်းရယ်... နော်... မောင်ပြောပြတာ နားထောင်ပါဦး..”
ငြိမ်းက ရှိုက်သံတစ်ဝက်ဖြင့်..
“စဉ်းစားပါဦး မောင်ရယ်... ငြိမ်းကို တကယ် ခွဲခဲ့မှာလားဟင်..”
မောင်က သက်ပျင်းရှည်ကြီးကိုချရင်း...
“ငြိမ်း မောနေပြီး ငိုတာရပ်ပြီး မောင်ပြောပြတာ နားထောင်ကွာနော်..
မောင်အခုဆိုဘွဲ့ရပြီ... မောင် ဘာဆက်လုပ်ရမလဲ စဉ်းစားတယ်...
မောင်ဘွဲ့ရအောင် ကျောင်းထားဖို့ မောင့်မိဘတွေ ဘယ်လောက်ရှုန်းကန်ရလဲ.. တစ်ရွာထဲနေတဲ့ ငြိမ်းအသိဆုံးပဲ..”
“ငါးဖမ်းရတာ.. အရင်လို ရတော့တာမဟုတ်ဘူး... ငါတွေကလည်းရှား..
ရာသီဥတု မကောင်းတော့ စိုက်ပျိုးလို့ကလည်း အထွက်မကောင်း...
နောက် မြို့က စီးပွားရေးသမားတွေ လေလံဆွဲတဲ့ နေရာတွေရှောင်ရတော့.. အရင်လို ငါးဖမ်းရတာလည်း မလွယ်ကူတော့ မိသားစုမချောင်လည်တော့တာ ..
မောင်တို့ မိသားစု.. ငြိမ်းတို့မြေးအဖိုးတွေ လက်တွေ့ ခံစားနေရတာမဟုတ်လား..”
“ ရှေ့လျှောက်ဘယ်လို ဖြစ်လာမယ် မတွေးတတ်ပါဘူး...
နောက် ငြိမ်းနဲ့ မောင်ရဲ့ ရှေ့ရေးကိုတွေးကြည့်ရင် ..
မောင် ကျောင်းဆရာလုပ်လုပ် မြို့တက်အလုပ်လုပ် မောင်တို့ နှစ်ယောက် တစ်ဝမ်းတစ်ခါး လောက်တယ် နှစ်ကိုယ်တူ ဆင်းရဲ ခံနိုင်တယ်ပဲထားကွာ..
ငြိမ်းတို့ မြေးအဖိုး နှစ်ယောက်တည်း... အဘကလည်း အသက်ကြီးလာပြီ.. မောင်တို့ သူ့ကို စောင့်လျှောက်ဖို့ တာဝန်ရှိတယ်..
နောက် မောင့် အဖေ၊အမေ ကိုလည်း မောင့်ကို ဒီအရွယ်အထိ မွေးလာ ကျောင်းထားပေးလာမို့.. မောင့် ပြန်ကြည့်ဖို့ သင့်တယ်..”
“ နောက် မောင်တို့ လက်ထပ်ပြီးရင် .. မွေးလာမယ့် ကလေးတွေကိုလည်း.. ပညာရေး.. သူတို့ရဲ့ အနာဂတ်ကို မောင် လှလှပပ ပုံဖော်ပေးချင်တယ်.. မောင့်ထက် သာတဲ့ မျိုးဆက်တွေ ဖြစ်စေချင်တယ်..
ဒါတွေ အားလုံးဖြစ်ဖို့က မောင် စီးပွားရှာဖို့ လိုတယ်.. ငြိမ်း...”
“ မောင် ကျောင်းတက်ရင်း သေချာ လေ့လာကြည့်တယ်.. ခုခတ်မှာ အဝေးသင်ဘွဲ့ တစ်ခုလောက်နဲ့ မြို့ပေါ်မှာ အလုပ်ရဖို့ကလည်း သိပ်ခက်သလို ရခဲ့ရင်တောင် ကိုယ့် တစ်ဝမ်းတစ်ခါးလောက်ရုံကလွဲလို့ .. မလွယ်ဘူး..”
“ ငြိမ်းနဲ့ နီးရဖို့... မောင်တို့ အနာဂတ်လှပဖို့... ကိုယ့်မိဘတွေကိုလည်း ပြန်စောင့်ရှောက်နိုင်တဲ့ သားသမီးဖြစ်ဖို့ဆိုရင်... မောင့်မှာ ရွေးစရာ ဒီလမ်းပဲ ရှိတော့တယ်ကွာ..
မောင့်ကို မတားပါနဲ့ ငြိမ်းရယ်... နော်...”
ငြိမ်းသည် ငိုထားသော အရှိန်ဖြင့် .. တစ်ချက်.. တစ်ချက်ရှိုက်ရင်း...
“မောင်က ငြိမ်းထက် အရာရာ တတ် သိတဲ့ သူပါ.. ငြိမ်းမှာ တားစရာ စကားဘယ်လို ပြောရမလဲ မသိတော့ပါဘူး..
ဒါပေမယ့် ငြိမ်း မောင်နဲ့ မခွဲနိုင်ဘူး... ဘယ်လို လုပ်ရမလဲ... မောင်မရှိတဲ့ ရက်တွေ ငြိမ်းဘယ်လို နေရမှာလဲ..”
မောင်က ငြိမ်းကို တင်းတင်းဖက်ထားရင်း..
“ငြိမ်းရယ် မောင်လည်း မခွဲနိုင်ပါဘူး.. မောင်တို့ အနာဂတ်အတွက်ပါ.. မနက်ကျရင် မောင် သွားရတော့မယ် ...ငြိမ်း..”
“ငြိမ်းတားတာကို မောင် နားမထောင်နိုင်တာ ခွင့်လွှတ်ပါ ငြိမ်းရယ်..
မောင် မရှိပေမယ့်... ငြိမ်း မောင်ရှိတုန်းကလိုပဲ .. ပျော်ပျော်ရွှင်ရွှင်နေပြီး မောင့် ပြန်အလာကို စောင့်ပါမယ်လို့ ဂတိပေးနော်.. မောင်လည်း ငြိမ်းဆီ အရောက်ပြန်လာပါ့မယ်လို့ ဂတိပေးတယ် ဟုတ်လား..”
“တစ်ချိန်မှာ လှပတဲ့ အနာဂတ်က မောင်တို့ နှစ်ယောက်အတွက်ပါ ငြိမ်းရယ်.. မောင့်ပြောတာ ယုံနော်..”
“ကိုယ့်ကိုကိုယ် တော့ ဂရုစိုက်ပါ မောင်ရယ်နော်.. ငြိမ်း မောင်ကလွဲပြီး တခြား စည်းစိမ်တွေ မမက်မောပါဘူးနော်..”
“စိတ်ချပါ ... မောင် ကိုယ့်ကိုကိုယ်ဂရုစိုက်မယ်.. ငြိမ်းလည်း ဂရုစိုက်နော်...”
“ကဲ .. ငြိမ်း အဘ လိုက်ရှာနေဦးမယ်..
မောင် ပြန်လိုက်ပို့မယ်.. မနက်ကျရင် မောင်တို့ အစောကြီး လှေထွက်မှာ .. ငြိမ်း မလာခဲ့နဲ့နော်.. ငြိမ်း ကမ်းကနေ ကြည့်နေရင် မောင် စိတ်ဖျောင့်မှာ မဟုတ်ဘူး..”
တစ်သက်တာအတွက်.. ခဏလေး အားတင်းပြီး ခွဲကြပါဦးစို့..ငြိမ်းရယ်...
မောင်က အံတစ်ချက် တင်းတင်း ကြိတ်ရင်း.. ငြိမ်းရှေ့ကနေ ခြေလှမ်းကျဲကျဲတို့နဲ့ ငြိမ်းတို့ အိမ်ဘက်ကို အရင် ထွက်သွားသည်..
(၅)
ရက်လတွေ .. နှစ်တွေ အလီလီ ပြောင်းခဲ့ပါပြီ…
မောင် ဆီက သတင်းမကြားရတာ ကြာပါပြီ..
အစပိုင်းက မောင်တို့ မိဘတွေဆီက မောင့်သတင်းကြားတော့ မောင် မလေးရှားကို ထွက်သွားပြီတဲ့…
မောင် ထွက်သွားပြီး သိပ်မကြာခင် မောင့် အဖေ ရောဂါနှင့် ဆုံးတော့ မောင့်အမေနဲ့ မောင့် ညီမလေးကို မြို့က အမျိုးတွေက လာခေါ်သွားကြသည်.. မောင်လည်း နိုင်ငံခြားမှာ အလုပ်က ထင်သလောက် အဆင်မပြေလို့ တစွန်းတစကြားရသည်..
မောင် တစိမ်းတွေကြားမှာ အရာရာ အစိမ်းသက်သက် ပတ်ဝန်းကျင်မှာ ဘာဒုက္ခတွေများ ကြုံနေပြီလဲ.. ဘယ်လောက်များ ရုန်းကန်နေရပြီလဲ… ငြိမ်း စိတ်တွေ ပူလှချည့်ရဲ့..
ငြိမ်း မောင့်အတွက် ဆုတောင်းပေးရုံကလွဲလို့… ဒီထက်.. ဘာတတ်နိုင်ဦးမလဲ မောင်ရယ်..
စာတိုက်ပုံးမရှိသော…. ဖုန်းမရှိသော ငြိမ်းတို့ ရွာလေးဆီ မောင် ဆက်သွယ်ရခက်ပါမည်…
ဒါပေမယ့် တစ်နေ့ မောင်… ငြိမ်းဆီ ပြန်လာမယ်ဆိုတာကိုတော့… ငြိမ်းယုံကြည်ပါတယ် မောင်ရယ်…
နေ့စဉ် ညနေတိုင်း… ချောင်းရိုးလေးကို လှမ်းမျှော်တတ်တဲ့ အကျင့်တစ်ခု ငြိမ်းဆီမှာ စွဲလို့လာခဲ့သည်..
အလင်းရောင် ကုန်ချိန်ဆို .. မျက်နှာ ညိုညိုဖြင့်.. အိမ်ဘက်ကို ပြန်လှမ်းလျှောက်လာခြင်းသည်.. ငြိမ်း၏ တစ်နေ့တာရဲ့ အဆုံးပေါ့…
ငြိမ်းရဲ့ မောင်ရောက်ချိန်ဆိုတဲ့ မျှော်လင့်ချက်က.. ရောင်နီနဲ့အတူ.. နောက်နေ့အစပေါ့…
ငြိမ်း အဖြစ်ကို ငြိမ်းရဲ့ အဘက စိတ်မကောင်းစွာ.. ငေးကြည့်တတ်တာကိုတော့ ငြိမ်းတစ်ယောက် သတိထားမိပါလေစ…
အဘကြိုင် တစ်ယောက်ကတော့… သူ့ချစ်လှစွာသော မြေးမရဲ့ သောကကို ငေးကြည့်ရင်း ရေရွတ်တတ်တာက..
သြော် ..ခေတ်ရဲ့ သားကောင်လေးတွေ… ဖြစ်ရလေ… မြေးလေးတို့တွေရယ်…

အလွမ်းပြေ
( လွှမ်းမိုး သီဆိုထားတဲ့ ပါးစပ်ရာဇဝင်လေး ဖြစ်ခဲ့ပြီ သီချင်းကို ခံစားရင်း - အလယ်ရေကျော်ခရီး အမှတ်တရ )
Labels:
ကိုယ်တိုင်ရေး ဝတ္ထု
Subscribe to:
Post Comments (Atom)
0 comments: