My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, March 24, 2010

သို့..မှ.. ချစ်သူ


နွေညရဲ့ လေအေးအေးက ခပ်သွဲ့သွဲ့ ကျမ ဆံပင်တွေကို ဆော့ကစား သွားကြတယ်.. ညက တိတ်ဆိတ်နေလိုက်တာ.. မီးပျက်ညမို့ ထင်ပါရဲ့ .. ကောင်းကင်က ကြယ်လေးတွေကလည်း ပိုပြီးတောက်ပ နေသလိုပဲ.. အပြင်က ပြန်လာပြီး ရေမိုးချိုးပြီး သနပ်ခါးလိမ်းပြီး အိမ်ရှေ့မှာ ကျမတစ်ယောက်တည်း ထွက်ထိုင်နေမိတယ်… လွမ်းလိုက်တာ မောင်ရယ်.. ဘာလို့လွမ်းလဲလို့ မေးရင် မသိဘူးလို့ ဖြေရမှာပဲ..
မောင့် အကြောင်း တွေးမိရင် ကျမ အလိုလို ပြုံးလာတယ်.. မောင်က ကျမ ကို အမြဲ ပြုံးစေတဲ့သူလေ..
မှောင်နေတဲ့ ညကြောင့် ကြယ်လေးတွေ အရောင် ပိုတောင်စေသလို … တည်ငြိမ်မှုတွေနဲ့ အသားကျနေတဲ့ ကျမ ဘဝမှာ မောင်က အသက်ဝင်စေတဲ့ လေပြေညင်းလိုပါ..
မောင်က ကျမဘဝ ရဲ့ ကြယ်ပွင့်လေးလား.. မောင်ပြောသလို ကျမက မောင့်ဘဝရဲ့ ကြယ်ပွင့်လေးလား ..
မောင့်ဘဝအတွက် ကျမက မောင့်ရဲ့ လေပြေညင်းလား..မောင်ဟာ ကျမ ဘဝရဲ့ လေပြေညင်းလား…
မောင်ဟာ ကျမကို နံနက်ခင်း နေခြည်လို နွေးထွေးမှုတွေ ပေးသူလား.. ကျမက သူ့အတွက် နွေးထွေးမှုတွေ ပေးသူလား ..
ဒါတွေ.. ကျမ မခွဲခြားတတ်ဘူး မောင်ရယ်… ဘယ်သူက ဘယ်သူ့ကို ဖန်ဆင်းသလဲ..
ကျမသိတာ တစ်ခုတည်း… ကျမဘဝရဲ့ အရာရာဟာ မောင်ဖြစ်နေပြီလေ… အစိတ်အပိုင်းတစ်ခု မဟုတ်တော့ဘူး မောင်..
မောင်နဲ့ကျမရဲ့ အကြောင်းကို ပြန်တွေးတိုင်း.. ငယ်ငယ်က ကျမ ကူကူးထားတတ်တဲ့ ကဗျာစာအုပ်
အဟောင်းလေးထဲ ကျမ အကြိုက်ဆုံး ကဗျာ တစ်လေးကို စိတ်ထဲမှာ ပြန်ဆိုကြည့်မိတယ်.. မောင့်ကို တစ်နေ့တော့ ပြရဦးမယ်.. အဲဒီကဗျာလေးက
စုံတွဲ
တစ်ယောက်က
သူ့ဖြစ်ဆဲပန်းပွင့်နဲ့
လျှို့ဝှက်တိတ်ဆိတ်မှုကို
ရှက်စနိုးမြှင့်တင်
ကမ္ဘာကိုအစဉ်စီးဆင်းမယ့်
မိုးစက်ပွင့်ရဲ့တိမ်တစ်တိုက်
ဒါမှမဟုတ်မြစ်ကြီးတစ်စင်းရဲ့တာလွှတ်ရာ
မာယာနဲ့စိတ်ကူးယဉ်လှပ
သူ့နေ့တွေကိုအစီအစဉ်ချလို့။

အခြားတစ်ယောက်က
တဒင်္ဂမိန်းမောမှုမှာ
သူ့အပေါင်းအသင်းသူခိုင်မြဲ
တည်ဆောက်ဆဲလမ်းအသစ်
သူ့ဒုက္ခဓါးမြိနဲ့
သူ့အတွေ့အကြုံတတိတိချွန်
သူတီထွင်ရာအိပ်မက်ထဲ
အအိပ်မက်တဲ့သူ့တန်ခိုးတွေ
နှိုးမယ့်သူရှာနေရဲ့။

သူတို့
မျက်ဝန်းပေါ်ကချောက်နက်ထဲ
တွေ့ဆုံနစ်မြုပ်နက်ရှိုင်းကြ
တစ်ယောက်မေ့လျော့မှုတစ်ယောက်ကိုင်ဆွဲ
တစ်ယောက်အတွေးထဲတစ်ယောက်စိမ့်ဝင်
နေ့စဉ်ရဲ့အစကိုပျံသန်းဖို့
တစ်ယောက်ကမ်းပါးပေါ်တစ်ယောက်
တပ်ဆင်ချော့မြှူကြ..။

ကမ္ဘာဦးကအတိုင်းပေါ့
နေရောင်ခြည်တွေက
မျှော်လင့်ချက်တွေပေါ်စူးစူးရဲရဲ
ဖြာကျနေဆဲ..။
(မောင်နန္ဒ)

အလွမ်းပြေ
( ၂၄.၃.၂၀၁၀ )

0 comments: