Alwan Pyay on Facebook
My Blog List
ရေးခဲ့ပြီးသမျှတွေ
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။

လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Wednesday, February 24, 2010
ဘဝခရီးအတွက် ကိုယ်ပိုင်မြေပုံ
12:18 AM | Posted by
အလွမ်းပြေ |
Edit Post

ဘဝမှာ တစ်ခါမက လမ်းပျောက်နေသလို ခံစားရတာ ကြုံဖူးကြပါတယ်။ ကျမ ကိုယ်တိုင်လည်း ခဏ ခဏ ခံစားဖူးပါတယ်။ ဒီလို လမ်းပျောက်နေတယ်လို့ ခံစားရတဲ့ အခိုက်မှာ၊ ကိုယ်လုပ်နေတာတွေ အစက လုပ်နေတာ အကောင်း လမ်းတစ်ဝက်ရောက်မှ ငါဘာတွေ လုပ်မိနေပါလိမ့်.. ဘာဆက်လုပ်ရမှာပါလိမ့် ဆိုတာမျိုးလည်း တစ်ခါတစ်လေ အတွေးပေါက်ပြီး လမ်းပျောက်နေတာမျိုးလဲ ရှိပါတယ်။
ကျမ အဲဒီလို ခံစားရတိုင်း အရင်ကဆို အနားမှာ ကိုယ့်ကို သတိပေးမယ့် မေမေ ရှိတယ်လေ။ ကျမက စိတ်ညစ်တယ် ဘာတွေ ဆက်လုပ်ရမှန်း မသိတော့ဘူး အမေရယ်လို့ ညည်းရင် အမေက ကျမ ဘယ်လိုလေး လုပ်ချင်တယ် ဘာဖြစ်ချင်တယ်လို့ ပြောဖူးတယ်လေလို့ အမြဲ သတိပေးလာတတ်တယ်။
ကျမ မေမေနဲ့ အဝေးကို ရောက်နေတဲ့အချိန်မှာတော့ ကျမ စိတ်ညစ်တဲ့ အရာတိုင်းကို မေမေ့ကို မပြောဖြစ်တော့ပါဘူး။ အဝေးရောက်နေတဲ့ ကျမအတွက် စိတ်မပူစေချင်ဘူးလေ။ ဒါနဲ့ ကိုယ်စိတ်ထဲမှာ လုပ်ချင်တာတွေကို ဖြစ်ချင်တာတွေကို ပျောက်မသွားခင် စာနဲ့ ချရေးတတ်တဲ့ အကျင့်ရလာခဲ့တယ်။
ဘဝရဲ့ ရည်မှန်းချက်တွေကို ပျောက်မသွားအောင် အမြဲ သတိရနေအောင် ချရေးချ တတ်တဲ့ အကျင့်လေး ရလာတယ်။
တစ်လောလေးက ကျမကို လူငယ်လေး တစ်ယောက်က ရည်မှန်းချက်တွေ ကို ဘယ်လို တွေးပြီး ဘယ်လို ရည်မှန်းချက်ချမလဲဟင်လို့ မေးလာတဲ့အခါ သူ့ကို စနစ်တကျ ရည်မှန်းချက်တွေ ဘယ်လိုချမလဲ ပြောပြဖို့ တွေးရပါတယ်။
တကယ်တော့ ဘဝရည်မှန်းချက်ဆိုတာ ကိုယ့်ဘဝကို ဘယ်လိုပုံစံ ကိုယ်ရချင်လဲလို့ ဆုံးဖြတ် သတ်မှတ်ရတာပါပဲ။
အချက် ( ၁) ။ ။ ဘဝရဲ့ သော့ချက် ။
ဘဝရဲ့ အဓိက သော့ချက်က Balance ပါပဲ။ ကျမတို့ ဘဝကို တိုးတက်အောင် ကြိုးစားရာမှာ Balance ကို ထည့်မတွက်ရင် ရလာတဲ့ အောင်မြင်မှုဟာ ပျော်ရွှင်မှု ပျောက်ဆုံးနေပါလိမ့်မယ်။ အဲဒီလိုဆိုရင် ကျေနပ်မှုမရှိပဲ ဘဝအဓိပ္ပာယ်ပျောက်နေသလို ခံစားနေရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဘဝ ရည်မှန်းချက် ချတဲ့နေရာမှာ “ Balance ” က အရေးပါဆုံး ပထမအချက်ပါ။
အချက်(၂)။ ။ ဘဝထောင့်များ ။
Balance ဖြစ်ဖို့ ဘဝ ရည်မှန်းချက်ချရမှာ ထောင့်မျိုးစုံကနေ တစ်ပြိုင်နက်တည်း ချရပါမယ်။ ပညာရေး ရည်မှန်းချက်ပဲ ရှိပြီး စီးပွားရေးနဲ့ ပတ်သက်ပြီး ဘာမှ မတွေးထားရင်၊ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မတွေးထားရင်.. တစ်ခုကို ကြိုးစားတုန်း နောက်တစ်ခု အတွက် နောက်ကျ သွားပါလိမ့်မယ်။ တစ်ခုကို ကြိုးစားရင်း နောက်တစ်ခုကိုပါ တစ်ပြိုင်နက်ကြိုးစားတာဟာ ဘုံကြိုးစားရမယ့် အရာတွေအတွက်တောင် နောက်တစ်ခု သတ်သတ်လုပ်စရာ မလိုပဲ သက်သာတာတွေရှိသလို၊ နှစ်ဆ ပင်ပန်းရတာမျိုး တွေလဲ ရှိမှာပါပဲ။ ဒါပေမယ့် ရယူချင်တာတိုင်းအတွက် ပေးဆပ်မှုတစ်ခုခုတော့ လုပ်ရမှာပါပဲ။ ဒါလူ့လောကရဲ့ သဘာဝပါ။
အချက် (၃)။ ။ ကိုယ့်ကိုကိုယ် ဆန်းစစ်လေ့လာ။
ကိုယ့်ဘဝရဲ့ အရေးကြီးဆုံး ရချင်တာတွေကို ချရေးပါ။ ကိုယ် ဘာဖြစ်ချင်တာလဲ တွေးပါ။ တွေးဖြစ်သမျှ ချရေးပါ။ ချရေးလိုက်တာဟာ ကိုယ့်ဘာသာ သတိပေးဖို့ ၊ ပြန်သုံးသပ်နိုင်ဖို့ အရေးကြီးဆုံးပါ။ ဘာကြောင့် ဘာကို လုပ်ချင်တာလဲ၊ ရချင်တာလဲ ကိုယ့်ကို ကိုယ် ပြန်မေးပါ။
ဥပမာ-
- ပညာရေး ရည်မှန်းချက်။
- စီးပွားရေး ( ငွေရေးကြေးရေး) ။
- မိသားစု ( မိဘ ကို လုပ်ကျွေးဖို့၊ အိမ်ထောင်ပြုဖို့)
- မိတ်ဆွေ အသိုင်းအဝိုင်း ဝင်ဆန့်ဖို့
- ဘာသာရေး
- ပျော်ရွှင်မှု
- ဝါသနာကို အကောင်အထည်ဖော်ဖို့
- နိုင်ငံနဲ့လူမျိုးအကျိုး၊ အများအကျိုးဆောင်ဖို့
ကိုယ့်ရဲ့ ရှုထောင့်အလိုက် ကိုယ် အရေးပါတယ် ထင်တဲ့အလျှောက် ချရေးတဲ့ အချက်တွေ ကွဲပြားနေမှာပါ။ ဘယ်လိုပဲ ကွဲပြားပါစေ။ ကိုယ့်ဘဝ တစ်ဘက်စောင်းဖြစ်မနေဖို့ အနည်းဆုံး Balance ကို ရှာနိုင်ဖို့တော့ အဲဒီ အချက်တွေက အထောက်အကု ပြုနိုင်မယ် ထင်ပါတယ်။
အချက်(၄)။ ။ သုံးသပ်ပါ။
ဒီသုံးသပ်တဲ့ နေရာမှာ မဖြစ်နိုင်ဘူးဆိုတာကို မေ့ပြစ်လိုက်ပါ။ ဖြစ်ချင်တဲ့ အချက်တိုင်းကို အားနည်းချက် ၊ အားသာချက်၊ အခက်အခဲ၊ အခွင့်အလန်း စတာတွေကို သုံးသတ်ပါ။ အဲဒီ အချက်တွေကို အသုံးချဖို့ ၊ ဖြေရှင်းဖို့ ပြင်ဆင်ပါ။
အချက်( ၅)။ ။ ဆက်စပ်ပါ။
ချရေးပြီးတဲ့ အခါမှ ထောင့် အလိုက် ချရေးပြီးသမျှ တူရာစုပါ။ ပြီးရင် လိုတယ်ထင်တာ တွေကို ထပ်စဉ်းစားရေ: ချပါ။ ပြီးရင် ကိုယ့်အတွက်၊ မိသားစုအတွက်၊ အမျိုးတွေအတွက်၊ ကိုယ့်လူမျိုးအသိုက်အဝန်းအတွက် ကနေ တိုင်းပြည်အတွက် ထိခွဲပါ။
နောက် ကိုယ့်ရည်မှန်းချက်တွေရဲ့ ဆက်စပ်ပုံကို စဉ်းစားပါ။
ဥပမာ - ဒီပညာသင်ရင် ဒီအလုပ်ရမယ် ။ ငွေကို ဘယ်အတိုင်းအတာလောက် ရှာနိုင်မယ်။ ဒါဆိုရင် မိဘကို ဘယ်လို ထောင့်ပံ့ လုပ်ကျွေးပြီး ကိုယ် ဘယ်အချိန်မှာ အိမ်ထောင်ပြုဖို့ ဘယ်လို စုဆောင်းမယ်။ အဲဒီအချိန်မှာပဲ ကိုယ် ဝါသနာပါတဲ့ ဘယ်အလုပ်ကို ဘယ်လို တွဲလုပ်ရင်း အများအကျိုးဘယ်လို လုပ်မယ် ဆိုတာမျိုးတွေကို မြေပုံဆွဲသလိုပဲ ဆွဲပါ။
အချက်(၆)။ ။ ကိုယ့်မြေပုံကို ယုံကြည်ချက်ထားပါ။
လောကမှာ ဘာမှ မသေချာတာဟာ.. လို့ ပြောတတ်ကြပါတယ်။ ဟုတ်ပါတယ် အသေချာပါဘူး။
မသေချာတဲ့လမ်းမှာ မြေပုံမပါရင် ပိုဆိုးပါလိမ့်မယ်။ ဒါကြောင့် ကိုယ့် ဘဝလမ်းအတွက် ကိုယ်တိုင်ဆွဲ မြေပုံတော့ ရှိကို ရှိရမယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်ဖို့ ၊ ငါ ဒီကို ရောက်အောင် သွားမယ် သွားနိုင်တယ် ဆိုတဲ့ ယုံကြည်စိတ်တော့ လိုပါတယ်။
အချက်(၇)။ ။ မြေပုံကြည့်ဖို့ သတိရပါ။
ကိုယ်ဆွဲပြီးသား ကိုယ့်ဘဝမြေပုံရှိနေတာကို မေ့မထားပဲ ခဏ ခဏ ပြန်ကြည့်ဖို့ သတိရပါ။
အချက်( ၈ )။ ။ ဘဝ သခင်။
ကိုယ့်ဘဝမှာ ကိုယ်သာသခင်ဖြစ်တာမို့ ကိုယ်စိုက်သလောက် ကိုယ်ရိတ်ရမယ် ဆိုတာ မမေ့ပါနှဲ့။ မြေပုံရှိလဲ ဘာမှ မလုပ်ရင် ဘာမှ ဖြစ်လာမှာ မဟုတ်လို့ ဇွဲရှိဖို့တော့ လိုပါမယ် ကြိုးစားဖို့တော့လိုပါမယ် ။
အချက်(၉)။ ။ " Flexibility " ပါ။ ( by ပြည့်ဖြိုးအောင်)
ပန်းတိုင်ချတဲ့နေရာမှာရော၊ လျှောက်လှမ်းတဲ့နေရာမှာ Flexibility ဖြစ်မှု (ပြောင်းလွယ်ပြင်လွယ်ဖြစ်မှု) က အသုံးဝင်ပါတယ်။ တစ်ခါတစ်ခါ ကိုယ်ချမှတ်ထားတဲ့ ရည်မှန်းချက်မရောက်နိုင်တာမျိုးတွေ့တဲ့အခါ မဖြစ်ရင်စိတ်ဆင်းရဲရပါတယ်။အဲဒီအခါ အနီးစပ်ဆုံး တစ်ခြားပန်းတိုင်ကို သတ်မှတ်ရတတ်သလို တစ်ချို့နေရာမျိုးကျတော့လည်း လျှောက်ရင်းနဲ့လျှောက်လက်စလမ်း နဲ့ ပန်းတိုင်မရောက်နိုင်မှန်း သိရင် တစ်ခြားလမ်းကို ပြောင်းလဲပြီး လျှောက်လှမ်းနိုင်ဖို့ ဆုံးဖြတ်ချက် ပြတ်သားခြင်းဟာ လက်တွေ့မှာတော်တော် အကျိုးရှိပါတယ်။
ဖြည့်စွက်ပေးချင်တဲ့ အချက်၊ ဆွေးနွေးပေးချင်တဲ့ အချက်ကလေးတွေကိုလည်း ဖြည့်စွက် ပေးပါနော်။ လိုတာတွေ ရှိကောင်းရှိမှာပါ။
ခင်မင်စွာဖြင့်..
အလွမ်းပြေ
( ၁၀.၂. ၂၀၁၀ )

Labels:
Life Skills,
ဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments: