My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Sunday, June 28, 2009

စစ်မှန်စွာ လွတ်လပ်စွာ ပျော်ရွှင်တဲ့ ဘဝရဖို့ဆိုတာ ?




ကျမ တစ်ခါတစ်လေ တွေးမိတယ်.. ပျော်ရွှင်မှုဆိုတာဘာလဲ..ဘဝ အဓိပါယ်ဆိုတာ ဘာလဲ..
လူတိုင်း လူတိုင်းလည်း ဘဝမှာ တစ်ခါမက တွေးဘူးကြလိမ့်မယ် ထင်ပါတယ်..
တွေးမိတိုင်း အဖြေရတဲ့ အခါလည်း ရှိသလို.. အဖြေရှာမရတဲ့ အခါလဲရှိပါတယ်..
အဖြေရတဲ့ အခါတိုင်းလည်း ဟိုအရင်က ရဖူးတဲ့ အဖြေနဲ့ ခုရနေတဲ့ အဖြေဟာ မတူတာတွေလဲရှိပါတယ်..
ဒီကနေ့..သင်တန်းတစ်ခုမှာ.. ထိုင်း လယ်သမားတွေဘဝ ဖွံဖြိုးရေးအတွက် အဓိကထားပြီး လုပ်နေတဲ့ NGO တစ်ခုက ဝါရင့် ဖွံဖြိုးရေးသမားကြီးက သူ့အတွေ့အကြုံတွေကို ပြောပြရင်း သူ့ဘဝမှာ ပျော်ရွှင်မှုကို ရှာတွေ့လာပုံကို ပြောပြလာတာကို မျှဝေပေးချင်ပါတယ်ရှင်..
သူပြောပြလာတာက ..
သူဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်လာတာ ၂၅ နှစ်ရှိပါပြီ.. သူ့ကို လူတွေက ဘာတွေ ပြောင်းလာလဲ ဘာတွေဖြစ်လာလဲလို မေးလာရင်.. သူသေချာ မပြောတတ်ပါဘူးတဲ့…
သေချာပြောပြနိုင်တာ တစ်ခုပဲ ရှိပါတယ်..
သူ ပြောင်းလဲသွားပါတယ်.. အရင်ကထက် ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နေပါတယ်..
လူက အရင်ကလောက် ချမ်းသာတယ်လို့ ဆိုချင်မှ ဆိုနိုင်ပေမယ့်.. စိတ်တော့အရင်ကထက် ချမ်းသာပါတယ်..
စိတ်ချမ်းရတဲ့ အကြောင်းအရင်းက ကိုယ့်ကိုကိုယ် လူကောင်းလို့ ပြောလို့ရလို့ ကိုယ့်ကိုကိုယ် လေးစားမှုရှိလို့ပါတဲ့…
သူအရင်တုန်းက သူ့ဆရာတစ်ယောက်ကို မေးဖူးပါတယ်.. လူကောင်းဆိုတာ ဘယ်လို လူမျိုးလဲလို့ ..
အဲဒီတုန်းက သူ့ဆရာက ပြန်ဖြေပါတယ်.. မင်းကိုယ်မင်း ပြန် ရှိခိုးနိုင်ရင် လူကောင်းဖြစ်ပြီလို့ ဖြေခဲ့ပါတယ်တဲ့
ဆိုလိုတဲ့ သဘောက ကိုယ်ကိုကိုယ် လိမ်လို့မရပါဘူး.. ဒါကြောင့် ကိုယ့်လိပ်ပြာကိုယ်လုံရင် ကိုယ်ကိုကိုယ်လေးစားတယ်.. ကိုယ်ကိုကိုယ် လေးစားမှု ပျော်ရွှင်မှု အစစ်အမှန်ကို ရနိုင်မှာပါ…လို့ ပြောချင်တာပါတဲ့..။
နောက်ပြီး ပျော်ရွှင်မှုဆိုတာ အပြင်က ရုပ်ဝတ္တုတွေအပေါ်တည်မိရင် အဲဒီ ပျော်ရွှင်မှုက တာရှည် မခံနိုင်ပါဘူး.. တကယ့် ပျော်ရွင်မှု အစစ်အမှန်က ကိုယ်တွင်းမှာပဲရှိပါတယ်.. အဓိက က စိတ်ထားပါတဲ့…။
ကိုယ်ကျိုးပဲရှာနေရင် ပျော်ရွှင်မှု အစစ်ဆိုတာ ကိုယ့်ဆီရောက်လာမယ် မထင်ပါနဲ့ အများအကျိုးလုပ်ရင်း သူများတွေ ပျော်ရွှင်လာတာနဲ့ အမျှ ကိုယ်ဘဝမှာလဲ တဖြည်းဖြည်း ပျော်ရွှင်လာပြီး ပျော်ရွှင်မှု အစစ်ကို ရလာပါလိမ့်မယ် မယုံမရှိပါနဲ့ ကိုယ်တွေ့ပါတဲ့လေ..။
အခု ကမ္ဘာတဝှမ်းလူတွေက ပြောင်းလဲမှုတွေ အကြောင်း သိပ်ပြောကြပါတယ်…
တကယ်တော့ ပြောင်းလဲမှုတွေလိုချင်ရင်..ဝေးဝေး မကြည့်ပါနဲ့..
ကိုယ်ကိုကိုယ်မှ မပြောင်းလဲနိုင်ရင် တခြား ဘာကိုမှ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး…
အကြီးကြီးဆိုတဲ့ အရာအားလုံးက သေးသေးလေးတွေ စုပြီးမှ ဖြစ်လာတာပါ..
အပြောင်းအလဲ ကြီးကြီးမားမားဆိုတာ ကိုယ်ကစပါ သေးသေးကစပြီး သားစဉ်မြေးဆက် ဆက်ကြိုးစားရင်း ကြီးမားတဲ့ ပြောင်းလဲမှုဆီကို ရောက်သွားပါလိမ့်မယ်…
အကြီးကြီးကိုပဲ ခုပဲဖြစ်ဖို့ စဉ်းစားနေရင် အလှမ်းကျယ် အလယ်လတ်ပြီး လေထဲမှာပဲ အိမ်ဆောက်နေရပါလိမ့်မယ်တဲ့…
ဒါကြောင့် လွတ်လပ်စွာ ရှင်သန်နိုင်တဲ့ စစ်မှန်တဲ့ လူမှုဘဝပျော်ရွှင်မှုကိုရဖို့ ကိုယ်ကစပြီး ပြောင်းကြည့်ပါတဲ့ရှင်… ။
အလွမ်းပြေ
၂၈.၆.၀၉


Saturday, June 6, 2009

First Anniversary!!!








ဒီနေ့လေးက အလွမ်းပြေရဲ့ တစ်နှစ်ပြည့် မွေးနေ့ ပေါ့ ..

ချစ်ခင် အားပေးခဲ့ကြတဲ့ အားလုံး ( အားလုံး ) ကို ..

အရမ်းကို ရင်ထဲက နှစ်နှစ်ကာကာကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်..။

စီဘောက်မှာ အော်ခဲ့ ၊ ပိုစ့်တွေမှာ ကွန်မန့်ပေးခဲ့ပြီး..

ဆက်လျှောက်ဖြစ်အောင် ခွန်အားမျှခဲ့သူတွေ…

အပျင်းထူတာရော.. အကြောင်းကြောင်းကြောင့် တွေကြောင့်ရော.. မရေးဖြစ်တဲ့အခါ

အသစ်ရေးမျှော်နေတာနော်လို့ သတိပေးကြတဲ့ သူတွေ..

ပို့စ်တွေဆက်တိုက် တက်လာရင်လည်း.. စာလုပ်ဦးနော်လို့ စိတ်ပူပေးတတ်သူတွေ…

ကျမပို့စ်တွေကို ကျမနဲ့ထပ်တူခံစားပြီး… ကျမနဲ့ ရင်ဘတ်ချင်း ထပ်တူသူတွေ…

လာဖတ်ပြီး ဘာမှမပြောဘဲ တိတ်တိတ်လေး ပြန်ထွက်သွားတတ်တဲ့ သူတွေ …

အားလုံး.. အားလုံး ရဲ့ ကျေးဇူးတွေကြောင့် .. အလွမ်းပြေ အသက်ဆက် ရှင်သန်နေ.. ဆက်လျှောက်နေနိုင်ခဲ့တာမို့….




ချစ်ခင်စွာဖြင့်..

အလွမ်းပြေ

P.S - ကိတ်မုန့်စားပြီး ဝိုင်သောက်သွားဖို့ မမေ့နဲနော်..း)
Thursday, June 4, 2009

Happy Birthday … အလွမ်းပြေ !!!!




ဒီနေ့လေးက အလွမ်းပြေရဲ့ တစ်နှစ်ပြည့် မွေးနေ့ ပေါ့ ..
ချစ်ခင် အားပေးခဲ့ကြတဲ့ အားလုံး ( အားလုံး ) ကို ..
အရမ်းကို ရင်ထဲက နှစ်နှစ်ကာကာကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်..။
စီဘောက်မှာ အော်ခဲ့ ၊ ပိုစ့်တွေမှာ ကွန်မန့်ပေးခဲ့ပြီး..
ဆက်လျှောက်ဖြစ်အောင် ခွန်အားမျှခဲ့သူတွေ…
အပျင်းထူတာရော.. အကြောင်းကြောင်းကြောင့် တွေကြောင့်ရော.. မရေးဖြစ်တဲ့အခါ
အသစ်ရေးမျှော်နေတာနော်လို့ သတိပေးကြတဲ့ သူတွေ..
ပို့စ်တွေဆက်တိုက် တက်လာရင်လည်း.. စာလုပ်ဦးနော်လို့ စိတ်ပူပေးတတ်သူတွေ…
ကျမပို့စ်တွေကို ကျမနဲ့ထပ်တူခံစားပြီး… ကျမနဲ့ ရင်ဘတ်ချင်း ထပ်တူသူတွေ…
လာဖတ်ပြီး ဘာမှမပြောဘဲ တိတ်တိတ်လေး ပြန်ထွက်သွားတတ်တဲ့ သူတွေ …
အားလုံး.. အားလုံး ရဲ့ ကျေးဇူးတွေကြောင့် .. အလွမ်းပြေ အသက်ဆက် ရှင်သန်နေ.. ဆက်လျှောက်နေနိုင်ခဲ့တာမို့….

ချစ်ခင်စွာဖြင့်..
အလွမ်းပြေ
P.S - ကိတ်မုန့်စားပြီး ဝိုင်သောက်သွားဖို့ မမေ့နဲနော်..း)




အလွမ်းပြေ ပြောတဲ့ အလွမ်းပြေ ဖြစ်တည်မှု အကြောင်း..



နွေနေပူမှာ လမ်းလျှောက်ဖူးကြတဲ့ သူတိုင်း အရိပ်တစ်ခုရဲ့ အေးမြမှု တန်ဖိုးကို သိရှိခံစားနာလည်မိကြမှာပါနော် ..။ ဒီလိုပဲ မိဘဆိုတာ လောကရဲ့ အပူဒဏ်တွေကနေ ကာကွယ်ပေးနေတဲ့ အေးမြတဲ့ မေတ္တာအရိပ် ပိုင်ရှင်တွေပါ..။ အမေ့အိမ်လောက် အေးမြပြီး စိတ်ကို နွေးထွေးလုံခြုံစေတဲ့ အရာမရှိအောင်ပါ..။

အလုပ်အတွက် ကျောင်းအတွက် တခြားအကြောင်းအရာတွေအတွက် အမေ့အိမ်အရိပ်ရဲ့ အဝေးမှာ ရောက်နေတဲ့ အချိန်မှာ … အထီးကျန်မှုတွေ လွမ်းဆွတ်မှုတွေ မလုံခြုံမှုတွေက တစ်ချိန်မဟုတ် တစ်ချိန် ပေါ်လာတတ်ပါတယ်..။
ကျမအတွက်ကတော့ အတန်းပြီးလို့ အခန်းပြန်လာချိန်တွေပေါ့….။

မနှစ်က မိုးရာသီရဲ့ အစမှာ .. ကျမ အမေ့အိမ်ရဲ့ အဝေးကို ပညာရေးအတွက် ရောက်ခဲ့ ပါတယ်..။ အမေ့အိမ်မှာ နေစဉ်တုန်းက အလုပ်က ပြန်လာတိုင်း အပြင်က ပြန်လာတိုင်း အမေရေ.. လို့ ခေါ်ပြီး အမေ့ကိုရှာနေကြ ..။ အဖေနဲ့ အတူတူ ဘီဘီစီ နားထောင်ပြီး လေပွားတတ်တဲ့သူ..။ မောင်လေးနဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် လုပ်တတ်တဲ့ ကျမ..။

အပြင်က ပြန်လာတိုင်း…. ကြိုသူမဲ့တဲ့ အခန်းတံခါးကို ဖွင့်ရင်း ရင်ထဲမှာ ဟာနေတဲ့ ဝေဒနာနဲ့ အထီးကျန် အိမ်မရတဲ့ အိမ်လွမ်းတဲ့ ညတွေကို တစ်ယောက်တည်း ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရပါတယ်..။

အဲဒီအချိန်မှာ…
အိမ်မရတဲ့ ညတွေကို ကျော်ဖြတ်ရင်း ဘလော့တွေကို ပိုဖတ်ဖြစ်လာရင်း သူတို့တွေရဲ့ မိသားစုဆန်တဲ့ ခင်မင်မှု အသိုင်းအဝိုင်းတစ်ခုရဲ့ နွေးထွေးမှုကို ခံစားမိခဲ့တယ်..။

အလွမ်းပြေတွေ ကို ပြေပျောက်စေဖို့၊ ခံစားချက်တွေ အတွေ့အကြုံတွေ အတွေးအခေါ်တွေ ဖလှယ်ရင်း .. အပြန်အလှန် သင်ယူကြဖို့နဲ့ နွေးထွေးတဲ့ ဘလော့ မိသားစုလေးရဲ့ မိသားစုဝင်ဖြစ်ဖို့ ..

အလွမ်းပြေ ဆိုတဲ့ ဘလော့လေးကို မိုးညတစ်ညမှာ .. ကျမ ဖန်တီးခဲ့ပါတယ်..။

နောက်တစ်နေ့မှာတော့ ..နဂို စာရေးတဲ့ လက်စရှိတဲ့ ကျမ အကြောင်းကို သိလာတဲ့ ကျမရဲ့ သူငယ်ချင်း ကိုဟန်သစ်က..

ခင်ဗျား ဘလော့ ရေးလေဗျာလို့ ..မြှောက်ပေးတယ်လေ..

ကျမက ရေးမယ် စိတ်ကူးနဲ့ လုပ်ဖူးတယ်… ဒါပေမယ့် မရေးဖြစ်တာဆိုတော့

လာဗျာ ကျွန်တော် လှအောင် ဆင်ရင်ပေးပါမယ်ဗျ .. ကျုပ်တို့ စာသင်ဆောင်က Lab ကိုလာခဲ့ ဆိုတာနဲ့ပဲ
သူက အလှဆင်ပေးပြီး အလွမ်းပြေ ဆိုတဲ့ ဘလော့လေးက အသက်ဝင်လာခဲ့ပါတယ်..။

အဲဒီနောက်.. ခင်မင်စရာ ကောင်းတဲ့ အစ်ကို၊ အမ တွေ.. မောင်လေး ညီမလေးတွေ.. သူငယ်ချင်း ဘလော့ လောကသားတွေ… အားပေးနားလည် ခင်မင်ကြတဲ့ ချစ်စရာ မိသားစုဆန်တဲ့ အသိုင်းအဝိုင်းလေးမှာ
အလွမ်းပြေ ရှင်သန်ခဲ့တာ … လာမယ့် ဂျွန်လ ၆ ရက်နေ့ဆိုရင် တစ်နှစ် ပြည့်ပါတော့မယ်ရှင်..။

ကဲ တက်သခင် အကြွေးရှငဦးလေး ဂျူလိုင်…ရေ.. အလွမ်းပြေ .. ဘာလို့ဖြစ်လာလဲ ဆိုတာ …
ကျေနပ်ပြီနော်…. ။

နောက်ပြီး.. အစဉ်အလာ မပျက်ရလေအောင် သူငယ်ချင်း ကိုဟန်သစ် နဲ့ ထွန်းတောက်နေ ကို လက်ဆင့်ကမ်းလိုက်ပါတယ်.. သွားလေရော့ဟယ်.. အဲလေ.. ရေးပေးပါဦးနော်...။ :D
Monday, June 1, 2009

ဘုရားရှင် .. သို့...




အမုန်းဆိုတာ..

အလေ့ကျပေါက်တဲ့

အပင်…

ရေမလောင်း

ပေါင်းမသင်လည်း

လေကိုရှူပြီး

သူ့လိုလို

ကြီးထွားရှင်သန်လေရဲ့..

(ဘုရားရှင်.. ကျမ မပူလောင်ချင်ဘူး)

အကောင်းဆုံး လက်စားချေနည်းက

ခွင့်လွှတ်ခြင်းတဲ့…

တကယ်လား..

ကျမကို ….

အဆုံးစွန် ဒုကပေးယုတ်မာခဲ့သူ

လူယုတ်မာတစ်ယောက်ကို

ဘုရားရှင်ထံလှူလို့..

ကျမ အမုန်းပင်ကို

သတ်ထားတယ်..

ဘုရားရှင်..

သူ စီစဉ်ပါလိမ့်မယ်…။


အလွမ်းပြေ