My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, June 4, 2009

အလွမ်းပြေ ပြောတဲ့ အလွမ်းပြေ ဖြစ်တည်မှု အကြောင်း..



နွေနေပူမှာ လမ်းလျှောက်ဖူးကြတဲ့ သူတိုင်း အရိပ်တစ်ခုရဲ့ အေးမြမှု တန်ဖိုးကို သိရှိခံစားနာလည်မိကြမှာပါနော် ..။ ဒီလိုပဲ မိဘဆိုတာ လောကရဲ့ အပူဒဏ်တွေကနေ ကာကွယ်ပေးနေတဲ့ အေးမြတဲ့ မေတ္တာအရိပ် ပိုင်ရှင်တွေပါ..။ အမေ့အိမ်လောက် အေးမြပြီး စိတ်ကို နွေးထွေးလုံခြုံစေတဲ့ အရာမရှိအောင်ပါ..။

အလုပ်အတွက် ကျောင်းအတွက် တခြားအကြောင်းအရာတွေအတွက် အမေ့အိမ်အရိပ်ရဲ့ အဝေးမှာ ရောက်နေတဲ့ အချိန်မှာ … အထီးကျန်မှုတွေ လွမ်းဆွတ်မှုတွေ မလုံခြုံမှုတွေက တစ်ချိန်မဟုတ် တစ်ချိန် ပေါ်လာတတ်ပါတယ်..။
ကျမအတွက်ကတော့ အတန်းပြီးလို့ အခန်းပြန်လာချိန်တွေပေါ့….။

မနှစ်က မိုးရာသီရဲ့ အစမှာ .. ကျမ အမေ့အိမ်ရဲ့ အဝေးကို ပညာရေးအတွက် ရောက်ခဲ့ ပါတယ်..။ အမေ့အိမ်မှာ နေစဉ်တုန်းက အလုပ်က ပြန်လာတိုင်း အပြင်က ပြန်လာတိုင်း အမေရေ.. လို့ ခေါ်ပြီး အမေ့ကိုရှာနေကြ ..။ အဖေနဲ့ အတူတူ ဘီဘီစီ နားထောင်ပြီး လေပွားတတ်တဲ့သူ..။ မောင်လေးနဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် လုပ်တတ်တဲ့ ကျမ..။

အပြင်က ပြန်လာတိုင်း…. ကြိုသူမဲ့တဲ့ အခန်းတံခါးကို ဖွင့်ရင်း ရင်ထဲမှာ ဟာနေတဲ့ ဝေဒနာနဲ့ အထီးကျန် အိမ်မရတဲ့ အိမ်လွမ်းတဲ့ ညတွေကို တစ်ယောက်တည်း ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရပါတယ်..။

အဲဒီအချိန်မှာ…
အိမ်မရတဲ့ ညတွေကို ကျော်ဖြတ်ရင်း ဘလော့တွေကို ပိုဖတ်ဖြစ်လာရင်း သူတို့တွေရဲ့ မိသားစုဆန်တဲ့ ခင်မင်မှု အသိုင်းအဝိုင်းတစ်ခုရဲ့ နွေးထွေးမှုကို ခံစားမိခဲ့တယ်..။

အလွမ်းပြေတွေ ကို ပြေပျောက်စေဖို့၊ ခံစားချက်တွေ အတွေ့အကြုံတွေ အတွေးအခေါ်တွေ ဖလှယ်ရင်း .. အပြန်အလှန် သင်ယူကြဖို့နဲ့ နွေးထွေးတဲ့ ဘလော့ မိသားစုလေးရဲ့ မိသားစုဝင်ဖြစ်ဖို့ ..

အလွမ်းပြေ ဆိုတဲ့ ဘလော့လေးကို မိုးညတစ်ညမှာ .. ကျမ ဖန်တီးခဲ့ပါတယ်..။

နောက်တစ်နေ့မှာတော့ ..နဂို စာရေးတဲ့ လက်စရှိတဲ့ ကျမ အကြောင်းကို သိလာတဲ့ ကျမရဲ့ သူငယ်ချင်း ကိုဟန်သစ်က..

ခင်ဗျား ဘလော့ ရေးလေဗျာလို့ ..မြှောက်ပေးတယ်လေ..

ကျမက ရေးမယ် စိတ်ကူးနဲ့ လုပ်ဖူးတယ်… ဒါပေမယ့် မရေးဖြစ်တာဆိုတော့

လာဗျာ ကျွန်တော် လှအောင် ဆင်ရင်ပေးပါမယ်ဗျ .. ကျုပ်တို့ စာသင်ဆောင်က Lab ကိုလာခဲ့ ဆိုတာနဲ့ပဲ
သူက အလှဆင်ပေးပြီး အလွမ်းပြေ ဆိုတဲ့ ဘလော့လေးက အသက်ဝင်လာခဲ့ပါတယ်..။

အဲဒီနောက်.. ခင်မင်စရာ ကောင်းတဲ့ အစ်ကို၊ အမ တွေ.. မောင်လေး ညီမလေးတွေ.. သူငယ်ချင်း ဘလော့ လောကသားတွေ… အားပေးနားလည် ခင်မင်ကြတဲ့ ချစ်စရာ မိသားစုဆန်တဲ့ အသိုင်းအဝိုင်းလေးမှာ
အလွမ်းပြေ ရှင်သန်ခဲ့တာ … လာမယ့် ဂျွန်လ ၆ ရက်နေ့ဆိုရင် တစ်နှစ် ပြည့်ပါတော့မယ်ရှင်..။

ကဲ တက်သခင် အကြွေးရှငဦးလေး ဂျူလိုင်…ရေ.. အလွမ်းပြေ .. ဘာလို့ဖြစ်လာလဲ ဆိုတာ …
ကျေနပ်ပြီနော်…. ။

နောက်ပြီး.. အစဉ်အလာ မပျက်ရလေအောင် သူငယ်ချင်း ကိုဟန်သစ် နဲ့ ထွန်းတောက်နေ ကို လက်ဆင့်ကမ်းလိုက်ပါတယ်.. သွားလေရော့ဟယ်.. အဲလေ.. ရေးပေးပါဦးနော်...။ :D

3 comments:

JulyDream said...

အမေ့အိမ်တစ်ခုပဲ လွမ်းတာတော့ မဖြစ်နိုင်ပါဘူးဟာ။ အဲဒါ ညည်း လိမ်တာ။ ကျုပ်တော့ မယုံရေးချ လုံးဝ မယုံဘူး။

အလွမ်းပြေ said...

မပြောပြဘူး အဲဒီအပိုင်းကို ခုတ်ထစ်လှီးဖြတ်ပြီး ခမုတ်ထဲပစ်ချပြီး ရေဆွဲချလိုက်ပြီ..။ မရှိတော့ဘူး သမိုင်းမှာ..။

Han Thit Nyeim said...

အလွေပြမ်းတဲ့ အလွမ်းပြေ... ပေတွေဝန်းလို့ ပန်းတွေနဲ့ဝေပြီး... လေတွေပြန်းလို့ လမ်းတွေလည်းပြေပါစေ... ညီမရေ...။