Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Tuesday, November 24, 2009
လွမ်းတဲ့ည
10:00 AM | Posted by
အလွမ်းပြေ |
Edit Post

သံစဉ်တွေ ဆွံ့အ.
ကြယ်ရောင်တွေ မှုန်ဝါး..
မှောင်ရိပ်တွေဆီ..
တဖြည်း...ဖြည်း..
ခြောက်ကပ်..နာကျင်စွာ..
ရင်ခုန်ခြင်း..
အင်းအားမဲ့စွာ.
နှေး..နှေးလာ..
ရင်ခုန်သံ..
တိုး..တိုး..သွား..
မျှော်လင့်ခြင်း..
ဝေး..ကွာ...
ရင်တစ်လုံး..
တိုးတိတ်စွာ..
ကွဲအက်ကြေမွ...။
အလွမ်းပြေ ( ၂၄.၁၁.၀၉)
Labels:
ကဗျာ
|
0
comments
Wednesday, November 11, 2009
အိမ်
10:55 AM | Posted by
အလွမ်းပြေ |
Edit Post
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်..တဲ့.. ကျမကြိုက်တဲ့ ဒီရာမိုရ်ရဲ့ အိမ် ဆိုတဲ့ သီချင်းလေးထဲက စာသားလေးပါ…
ဒီနေ့ညနေ မြန်မာထမင်းဆိုင်မှာ ထမင်းသွားစားရင်း .. ဆိုင်က အမတွေ .. အစ်ကိုတွေ.. သူငယ်ချင်းတွေနဲ့ အတူတူ.. လွင်မိုး၊ ဦးကင်း၊ ဦးဖြူ တို့ ပါတဲ့ “ သုံးဗုံ တစ်ဗုံ” ပြဇာတ် အတူ ကြည့်ဖြစ်ကြတယ်..
အတူတူ ပါးစပ်မပိတ်အောင် ရယ်ကြရတာ .. အူတက်မတတ်ပါပဲ ..
ရယ်နေရင်း ကျမ စိတ်ထဲမှာ အိမ်ပြန်ရောက်သွားသလိုပဲ..
အိမ်မှာဆို အငြိမ့်တို့ ဒီလို ပြဇာတ်တို့ဆိုရင် သားအမိသားအဖတွေ အတူတူ ကြည့်ရင်း အတူရယ်နေကြ. အမေသုတ်ကျွေးတဲ့ ပဲလှော်သုတ်တို့ လက်ဖက်သုတ်တို့ကို မောင်လေးနဲ့ ကျမ လုစားနေကြပါ…
အခုလည်း အိမ်ပြန်ရောက်သွားသလိုပဲ ရင်ထဲမှာ နွေးထွေးမှုကို ပြန်ခံစားမိတယ်..
ဒီအတိုင်းနေတော့ .. ကိုယ့် အထီးကျန်တာကို .. မသိသလို မခံစားမိသလိုနဲ့.. တကယ်တော့ အထီးကျန်မှုကို မသိစိတ်နဲ့ ခံစားမိနေပါလားလို့ ကျမ သိလိုက်မိတယ်..
ဘာဖြစ်ဖြစ် .. ဒီနေ့ ခံစားလိုက်ရတဲ့ နွေးထွေးမှုဟာ.. ကျမအတွက်.. တန်ဖိုးမဖြတ်နိင်စရာတွေထဲက တစ်ခုလိုပါပဲ..
ကျမက ခံစားချက်တွေကို စာထဲမှာသာ ထည့်ရေးတာ .. တကယ်ဆို နှုတ်နဲ့ ပြောထွက်ဖို့ ဝန်လေးတတ်တယ်..
ဘာဖြစ်ဖြစ် ဒီပို့စ်လေးနဲ့ ..
“မွှေး” မြန်မာထမင်းဆိုင်က ဆိုင်မိသားစု၊ ခင်မင်ရတဲ့ အစ်ကိုတွေ.. အစ်မတွေ..မောင်လေး..ညီမလေး.. တွေ အားလုံးကို ကျေးဇူးတင်တဲ့ အကြောင်း မှတ်တမ်းတင်ထားချင်တာပါ..။
နှလုံးသားတွေ နွေးထွေးစေတဲ့ ..အတွက်.. အိမ်တစ်ခုလိုပါပဲ.. ( အမေ့အိမ်မှာ အမေချက်တဲ့ ထမင်းကို
အပြင်က ပြန်လာရင် လက်ဆေးစားရသလို.. ကိုယ်မချက်ပဲ မြန်မာထမင်းဟင်း စားရလို့တာလဲ ပါမှာပေါ့ ..း)
အင်း အမေ့ကို လကုန်မှ လခထဲက ကန်တော့ရသလို .. ဒီအတိုင်း စားပြီး .. ပိုက်ပိုက် မပေးရရင် ပို နွေးထွေးမလားပဲ ..း) .. အဟိ.. နောက်တာပါနော်..း)
ဒီကဗျာလေးကတော့ ကျမ မနှစ်က ရေးဖူးတဲ့ .. အိမ်လွမ်းချင်းလေးတစ်ခုပါ..
http://alwanpyay.blogspot.com/2008/11/blog-post_17.htmlခင်မင်စွာဖြင့်...
အလွမ်းပြေ ( ၁၂.၁၁.၀၉)
Tuesday, November 10, 2009
ကြယ်ကြွေကောက်သူ..
10:35 PM | Posted by
အလွမ်းပြေ |
Edit Post

တစ်ပွင့်.. နှစ်ပွင့်…သုံးပွင့်…
ကောင်းကင်ကို မော့ကြည့်ရင်း ကြယ်လေးတွေကို ရေတွက်ကြည့်ရတာ ကျွန်မ ဝါသနာ..
ဆောင်းညချမ်းတွေမှာ ကြည်ရတဲ့ ကြယ်တွေဟာ ချစ်စရာ အကောင်းဆုံးပါပဲ.. ကြယ်ကလေးတွေ ပိုပြီး
အရောင်လက်ကြတယ်.. ညတိုင်းလည်း ကြည့်လို့ရတယ်လေ..
စိတ်သိပ်ညစ်တဲ့ အချိန်တွေဆိုရင် အိပ်ရာပေါ်ကနေ ကြယ်တွေကို မေ့ကြည့်ရေတွက်ရင်း.. တဖြေးဖြေး
စိတ်ညစ်တာတွေ လွင့်သွားပြီး… အိပ်ပျော်သွားတတ်တယ်..
အိပ်ပျော်မှာပေါ့လေ.. ကလေးဘဝ စိတ်ညစ်စရာ ဆိုတာ .. စားချင်တာမစားရတာ.. သွားချင်တာ မသွားရတာ..
အမေ အဖေနဲ့ စိတ်ကောက်တာလောက်ကိုး..
ဒီနောက်ပိုင်း လူကြီးဘဝ ရောက်လာတော့ .. စိတ်ညစ်ရင် ကောင်းကင်ကို မော့ကြည့်ဖို့တောင်
မေ့လျှော့နေတတ်ပြန်ရော..
ဒါပေမယ့် ကျွန်မရဲ့ ကြယ်လေးတွေကို တွေ့ရင် ပျော်လာတတ်တဲ့ စိတ်ကတော့ မပြောင်းလဲ သေးတာ အမှန်ပဲ..
ဟော… ကြယ်လေးတစ်ပွင့် ကြွေသွားပြီ… နှမြောလိုက်တာ.. ကြယ်ကြွေရင် ဆုတောင်းပြည့်တယ် ဆိုတာကို
ကျမ ကြယ်ကြွေမြင်တိုင်း မေ့လျှော့ သွားတတ်တယ်..။ ဆုတောင်းရမယ့်အစား နှမြောစိတ်နဲ့ ငေးနေတတ်တာများတာကိုး..
ကြယ်လေးတွေကို ချစ်တယ်.. နောက်.. ချစ်တဲ့ သူကို တွေ့ရင် .. ရင်ခုန်တယ်…
ကြယ်လေးတွေကို တွေ့ရင် ပြုံးလာတတ်သလို.. ချစ်တဲ့သူ အကြောင်းတွေး၇င်.. သူ့အလိုလို ပြုံးလာတတ်တယ်..။ သူများတွေလဲ ဒီလိုပဲ ထင်ပါရဲ့…
ကောင်းကင်မှာ ကြယ်တွေ အများကြီး ရှိသလို.. လောကမှာ လူတစ်ယောက် ချစ်မိတဲ့သူဟာ တစ်ယောက်မက ရှိနိုင်တာပဲပေါ့နော်…
ကောင်းကင်ပေါ်မှာ မြင်ရတဲ့ ကြယ်လေးတိုင်း အရောင် မလက်ကြပါဘူး.. တချို့.. တချို့.. ပဲ အရောင်လက်ကြတာပါ..
ကိုယ့် မျက်လုံးထဲမှာ ပိုပြီးတောက်ပနေတဲ့ ကြယ်လေးတွေကတော့ ကိုယ်နဲ့ ပိုနီးတယ်လို့ ခံစားရသလိုပဲ..
နေ့စဉ်.. လျှောက်နေရတဲ့ ..လမ်းပေါ်မှာ တွေ့ကြုံရတဲ့.. လူတွေ အများကြီးမှာ.. ကိုယ် ချစ်တဲ့သူ ..
ကိုယ့်ချစ်သူရမယ့်သူကို တွေ့ရင်.. အများနဲ့ မတူတဲ့ .. ခံစားချက်တစ်ခုခု .. ရင်ထဲမှာ ဖြစ်လာတတ်တာ..
ဒါကို မသိစိတ်လို့ပဲ ခေါ်မလား…
ဒါပေမယ့်လေ..
တကယ်တော့ အရောင်တောက်နေတဲ့ ကြယ်တွေဟာ နီးနီးလေး လို့ ထင်ရပေမယ့်.. လက်လှမ်းမှီနိုင်တဲ့ ကြယ် ဆိုတာ မရှိမှ မရှိတာ..
ဒီလိုပဲ .. မြေပြင်ပေါ်မှာ ဆုံလာတဲ့ မျက်ဝန်းတစ်စုံဟာ ရင်ထဲရောက်လာပေမယ့် .. အနားရောက်လာဖို့ဆိုတာ.. ကြယ်တွေ ဝေးနေသလိုပါပဲ…
ကြယ်လေးတွေ ကြွေသွားခဲ့ရင် အပိုင်းအစတွေအဖြစ် ကမ္ဘာမြေရဲ့ တစ်နေရာကို ကျလာ သလား… တကယ်လို့ ကျလာခဲ့တယ် ဆိုရင်ရော..
သူ့ကို ချစ်မြတ်နိုးစွာ ငေးကြည့်ဖူးတဲ့ သူတစ်ယောက်ရဲ့ အနီးဆုံး နေရာကို ရောက်လာဖို့ မသေချာသလိုပဲ..
ဆုံလာတဲ့ မျက်ဝန်းပိုင်ရှင် နှစ်ယောက်လုံးရဲ့ ရင်ထဲက ခံစားချက်ချင်း တူခဲ့ရင်တောင်..
ဆုံးဆည်းပေါင်းစပ်နိုင်ဖို့ဆိုတာက...
အဝေးကြီးပဲမို့…
ကိုယ် ချစ်တဲ့သူနဲ့ ဆုံဆည်းခွင့်ဆိုတာက ကြယ်ကြွေစောင့်ပြီး.. ကောက်ရသလိုပါပဲ…
အလွမ်းပြေ ( ၁၁.၁၁.၀၉)
( မျိုးကျော့မြိုင်ရဲ့ အဝေးကြီး သီချင်းအား ခံစား ရေးဖွဲ့ပါသည်)။
Labels:
အက်ဆေး
|
0
comments
Wednesday, November 4, 2009
သခင်သိစေ..
10:06 AM | Posted by
အလွမ်းပြေ |
Edit Post

သခင်..
သင့်နှုတ်ခမ်းဖျားမှာ
အပြုံးများ ဖန်တီးခွင့်
ထာဝရ ရချင်တယ်။
ဒီဇင်ဘာရဲ့
ဆောင်းနှင်းဖြူ
ခပ်ပါးပါးလေးလို
သခင့်ရင်ကို
သိမ်သိမ်မွေ့မွေ့လေး
အေးမြပေးချင်ပါတယ်။
သခင့်အပါးမှာ
လိုရာဖြည့်ဆည်းပေးဖို့
ကိုယ်စောင့် နတ်သမီးတစ်ပါး
(တို့) ဖြစ်ခွင့်ရချင်တယ်။
သခင့်အတွက်
ပျော်ရွှင်ခြင်းတွေ
ယူလာပေးဖို့
တေးသွားလေးလို
ခပ်မြမြလေး
လှပနေချင်တယ်။
လွတ်လပ်ခြင်းတွေ
မြတ်နိုးတဲ့
သခင်အတွက်
အတူလွင့်မျောရာ
ညနေခင်းရဲ့
လေပြည်လေးအဖြစ်
သခင့်အပါး ခစားချင်တယ်။
လွမ်းလှပေါ့..
ကြင်နာပါတော့..
ချစ်တဲ့ သခင်ရယ်..။
အလွမ်းပြေ
(၅.၁၁.၀၉)
Labels:
ကဗျာ
|
0
comments
ကမ္ဘာပျက်ခဲ့ရင်..
1:59 AM | Posted by
အလွမ်းပြေ |
Edit Post
ကိုဟန်သစ်က Tag လာတော့ တစ်ကျောင်းထဲသားချင်း မျက်နှာချင်းဆိုင်တွေ့တိုင်း အကြွေးတောင်းခံနေ ရမှာ စိုးတာနဲ့ မြန်မြန်ပဲဆပ်လိုက် ပါတယ် နော်..း) .. ကဲ ဖြေပြီနော်..
၁)ဘယ်သူတွေနဲ့ရှိနေချင်လဲ။
ဘယ်သူတွေနဲ့ အတူရှိရှိပါ ။ ရှိသင့်တဲ့ လူတွေနဲ့ ရှိနေမှာပေါ့လေ။ လောကကြီးမှာ ကိုယ်ဖြစ်ချင်တဲ့ အတိုင်းဖြစ်မှတော့ ကမ္ဘာပျက်တဲ့နေ့က ရှိပါဦမလား။ ချစ်တဲ့သူတွေအတွက် ရှင်သန်ချိန်မှာ တတ်စွမ်းသလောက်ချစ်ပြခဲ့ပြီးပြီပဲ။သေကာနီးမှတော့ချစ်ပြမနေတော့ဘူးနော်။
(၂)ဘာတွေခံစားနေရမလဲ။
အဲဒီ အချိန်မှတော့ ဘုရားတရားသာ အာရုံပြုနေဖြစ်အောင် ကျိုးစားတော့မယ်။ တစ်ဘဝလုံး ခံစားခဲ့ပြီးပြီပဲ.. တော်ပြီပေါ့။
(၃)ဘာတွေပြင်ဆင်ထားမလဲ။
လူတစ်ယောက် မွေးလာကတည်းက သေရမှာ သိနေတာပဲနော်။ ပြင်ဆင်မယ်ဆို သိတတ်စကတည်းက ပြင်ဆင်နေရမှာပဲ.. ခုမှ ပြင်မှာလား.. “ ဘာအကြွေးမှ မတင်အောင် အသက်ရှင်ဖို့ ကျိုးစားနေပါတယ်၊ အဲဒါ သေဖို့ ပြင်ဆင်တာပါပဲ”။
(၄)ဝမ်းနည်းမိမှာက..
ဝမ်းမနည်းပါဘူးရှင်… သေချာတယ်။ ( ကိုသီဟန်ရေ.. ဒါတော့တူသွားပြီ ထင်တယ်)
(၅)ကြောက်လန့်မိမှာက..
အားလုံးအတူတူ သေပါမယ်ဆိုမှတော့ .. သေဖို့ ကြောက်ရမှာလား.. ဟင့်အင်း.. ။
(၆)ဆောင်ထားချင်တာ..
သတိ .. အသိစိတ်လေးပါ။ သူက အထိန်းရခက်ဆုံး မဟုတ်လား။
(၇)ဘာတွေရေးမိမလဲ..
ကမ္ဘာပျက်ပါတယ်ဆို ..ရေးစရာ မလိုတော့ဘူးလေ..။
(၈)တွေးမိတွေးရာအတွေး..
( မတော်တဆ) ရှင်ကျန်နေမှာကိုတော့ ကြောက်သလိုလိုပဲ..း)
(၉)ဂုဏ်ယူချင်တာက..
(ကျမ အတွက် ကျမ ဂုဏ်ယူရမှာလား) ဂုဏ်ယူရလောက်တာ မရှိသေးဘူးလို့ ထင်တာပဲရှင့်။
(၁၀)ရှာကြံဖြေသိမ့်မိတာက..
ငါ သေဖို့ အသင့်ဖြစ်မယ် ထင်ပါတယ်လေ။
(၁၁)ကျူးရင့်ချင်တဲ့ဥဒါန်း..
အဲချိန်မှာ ဥဒါန်းကျူးနေရဦးမှာလား.. မလို အပ်ဘူးထင်တယ်။
သူငယ်ချင်း ကိုကိုဖရီး ကို လက်ဆင့် ကမ်းချင်ပေမယ့် .. သူက အလုပ်တွေရှုပ် အရှုပ်တွေလုပ် နေတော့ .. အားရင် ရေး ပေးပါ လို့ ပဲ ... ပြောလိုက်မယ်နော်..း)
Labels:
Tag game
|
0
comments
Tuesday, November 3, 2009
Heinrich Boell Foundation call for M.A. Scholarship Program
1:40 AM | Posted by
အလွမ်းပြေ |
Edit Post
Heinrich Boell Foundation, Southeast Asia Regional Office, holds an annual scholarship competition for a small number of students from Myanmar/Burma to study at two Thai premier Universities offering three international Programs specifically designed for younger generation candidates from Myanmar/Burma.
Application forms and entrance qualifications for the international Programs of the respective Universities are available at web links provided below and at HBF Website
http://www.boell-southeastasia.org/web/141.html
The Master of Arts in International Development Studies (MAIDS) Program at Chulalongkorn University's Faculty of Political Science;
http://www.ids.polsci.chula.ac.th/
The Master of Arts in Sustainable Development of the Regional Center for Social Science and Sustainable Development (RCSD) at Chiang Mai University, Faculty of Social Sciences;
http://rcsd.soc.cmu.ac.th/
The International Master of Economics Program of the Faculty of Economics (MEcon) at Chiang Mai University;
http://fuangfah.econ.cmu.ac.th/programs.asp#2
The selection process is highly competitive. Students for the Scholarship Program are selected by both the Foundation and the respective Universities in an open competition.
The Program Coordinator will conduct interviews with interested candidates for the Scholarship Program on December 6th and 7th in Yangon. For further information pls. contact olga@hbfasia.org
PLEASE NOTE:Ms. Olga will leave her position by 31st of December 2009; her emails will be then forwarded to Mr. Rainer Einzenberger (Assistant to the Director). Pls. email any further inquiries after Dec. 2009 to Rainer at rainer@hbfasia.org.
Subscribe to:
Posts (Atom)
