My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, May 20, 2009

“Honesty and Respect”


ကျမနေတဲ့ အဆောင်ရဲ့ ပထမထပ်မှာ ကျောင်းသားတွေအတွက် သီးသန့် ဘားလေးတစ်ခုရှိပါတယ်.. ဘီယာနဲ့ ဝိုင်က ဝယ်ရပေမယ့် .. ကော်ဖီကိုတော့ အလကားတိုက်ပါတယ်.. တစ်ခါတစ်ရံ မုန့်ကလေးတွေပါ ထားပေးထားပါတယ်.. ပီဇာနဲ့ကိတ်ကိုတော့ ဝယ်ရပါတယ်… ကျောင်းသားတွေရဲ့ မရိုးနိုင်တဲ့ အစီအစဉ်လေးတွေကလည်း ညတိုင်း တစ်ခုမဟုတ် တစ်ခု မရိုအောင်ရှိတတ်ပါတယ်…။
မနေ့ညကတော့ Danish Family Life နဲ့ပတ်သက်လို့ Debate လုပ်ကြတာကို ကျမက အလကားရတဲ့ ကော်ဖီသောက်ရင်း သွားနားထောင်ရင်း အဲဒီအတွက် သူတို့ဖိတ်ထားတဲ့ Ms Britta Lissner ဆိုတဲ့ social worker အဖွားကြီးတစ်ယောက်နဲ့ စကားလက်ဆုံကြခဲ့ပါတယ်။ သူက Family ပြဿနာတွေအတွက် အကြံပေးလည်းလုပ်တဲ့သူပါ..။ သူနဲ့ ဟိုဟိုဒီဒီစကားပြောရင်း ကျမကို သူပြောခဲ့တဲ့ စကားလေးတစ်ခွန်းက သူလူငယ်တွေကို ပြောလေ့ရှိတဲ့စကားတစ်ခွန်းက .....

လူ့လောကမှာ အရေးအကြီးဆုံးက “Honesty and Respect” ပဲ ကိုယ့်ကိုကိုယ်အပေါ် ကိုယ့်လက်တွဲဖော်အပေါ်ရိုးသားပါ၊ လေးစားမှုရှိပါ ၊ မိသားစုဝင်တိုင်းလည်း တစ်ဦးအပေါ် တစ်ဦး ရိုးသားပါ လေးစားပါ..။ ဒါဆို ဝမ်းနည်းစရာ အဆုံးသတ်တွေဆိုတာ ရှိလာမှာမဟုတ်ဘူး.. မင်းသိလား ဒါ ဒီမိုကရေစီရဲ့ အနှစ်သာရပဲ… ။ “Honesty and Respect” ဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါတဲ့..။


ကျမသူနဲ့ စကားပြောပြီး အခန်းပြန်ရောက်တော့ .. တွေးမိတယ်…
ကိုယ့်အပေါ်မရိုးသားခဲ့တဲ့ ချစ်သူကြောင့် ……
အချစ်ကြောင့် မိုးကောင်းကင်တစ်ခုလုံး ကိုယ့်အပေါ်ပြိုကျလာသလို ပြေးစရာမြေမဲ့တဲ့ နေ့တွေကို ဘယ်လိုကျော်ဖြတ်ရမှန်းမသိ…
လောကတစ်ခုလုံး မှောင်နေတဲ့ အခက်ခဲဆုံးနေ့တွေ…
အဲဒီနေ့တွေရဲ့ အဆုံးဆိုတာ ရှိပါ့မလားဆိုပြီး ကြောက်လန့်တကြား အိပ်မရတဲ့ နေ့တွေဟာ အမှောင်အတိပါ…
အဲဒီလို ကြုံဘူးတဲ့သူတွေလည်း လောကမှာ မနည်းဘူးဆိုတာ… ဘယ်လိုမှ ငြင်းနိုင်မယ်မထင်ပါဘူး…
တကယ်တော့ လူရယ်လို့ ဖြစ်လာတဲ့ ဘဝဆိုတဲ့ အချိန်ဟာ တစ်ခဏတာပါ…
လူတွေတွေ့ဆုံကြရတဲ့ အချိန်ဆိုတာကလဲ တကယ့်ကို ခဏလေးပါ…
အချစ်ဆိုတာ တကယ်တော့ ရိုးသားမှုမပါရင် စစ်မှန်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တာ အမှန်ပါ…
အစကတည်းက ကိုယ့်ချစ်သူအပေါ် မရိုးသားခဲ့ရင် လူချင်းဘယ်လိုနီးနေပါစေ စိတ်ချင်းက တစ်ဖြေဖြေး ဝေးဝေးသွားပါလိမ့်မယ်…
ကိုယ့်ချစ်သူအပေါ်ရိုးသားဖို့အပြင် လူတွေဟာ
ကိုယ့်ကိုကိုယ်အပေါ် ကိုယ့်ခံစားချက် .. ကိုယ့် လုပ်ဆောင်ချက်တွေအပေါ်မှာ ရိုးသားဖို့ လိုပါမယ်…
ရိုးသားမှုရှိမှသာ လိပ်ပြာသန့်စွာ အသက်ရှင်နိုင်ပြီး ဘဝဟာ အဓိပါယ်ရှိမယ်လို့ ထင်ပါတယ်…
ရိုးသားမှု မရှိတဲ့သူဟာ လူအသိုင်းဝိုင်းမှာ အရှည်သဖြင့် မအောင်မြင်နိုင်သလို...
ရိုးသားမှုမပါတဲ့ အချစ်ဟာ ပေါ့ပျက်စွာပြီး အချိန်တစ်ခုမှာ ပျောက်ပျက်သွားမှာပါပဲ…
ဒါပေမယ့် ရိုးသားတဲ့ အချစ်ကတော့ စစ်မှန်တဲ့ မေတ္တာတရားရဲ့ အေးချမ်းမှုကိုပါ ခံစားရပြီး ဘဝသက်ဆုံးတိုင် တည်တံ့သွားနိုင်မှာပါ….
တကယ်တော့ လောကမှာ မေတ္တာတရားလောက် အေးချမ်းတဲ့ အရာ ရှိမယ်လို့ မထင်ပါဘူး…
မေတ္တာစစ်ကြောင့်သာ ချစ်သူဘဝရဲ့ နောက်ဆက်တွဲ ပန်းတိုင်လို့ပြောလို့ရတဲ့ နွေးထွေးအောင်မြင်တဲ့ မိသားစုဘဝကို တည်ထောင်နိုင်မှာပါ…
လူတွေ တစ်ယောက်ကို တစ်ယောက် တကယ်တန်ဖိုးထားလေးစားကြရင် မရိုးသားမှုက ရှိလာမှာမဟုတ်ဘူး…
ဟုတ်ပါတယ်…
အမှောင်ဖုံးနေတဲ့ ညတွေအတွက် နံနက်ခင်းရောင်ခြည်ဟာ…. ရောက်လာဖို့ …. မျှော်လင့်ရသလို….
အဖွားပြောတဲ့ ဒီမိုကရေစီကို တစ်ဦးချင်းဘဝ .. မိသားစုဘဝက စပြီး ကျင့်သုံးနိုင်ခဲ့ရင်….
တစ်ဦးချင်းကစ... နောက်ပြီး
မိသားစု... နောက်ပြီး..
လူအသိုင်းအဝိုင်းတစ်ခု... နောက်ပြီး... .... ......

1 comments:

khin oo may said...

ဖတ်သွားသည်။