My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Thursday, January 1, 2009

အိမ်



မိသားစုကို လုံခြုံမှု အပြည့်အဝ ပေးတဲ့ တည်ငြိမ်အေးချမ်းတဲ့ အပြုံးပိုင်ရှင် သူရယ် ..
တွတ်တီးတွတ်တာ ပြောတတ်တဲ့ .. နူးညံ့ပြီး သိမ်မွေ့တဲ့ မျက်ဝန်းပိုင်ရှင် သမီးလေးရယ် ..
ထက်မြက်သွက်လက်ပြီး အရာရာကို စူးစမ်းချင်စိတ်ရှိတဲ့ သားလေးရယ်….
သူတို့ကို အားလုံးကို သိပ်ချစ်တဲ့ အမြဲ သူတို့နားမှာ ပါရမီဖြည့်ချင်တဲ့ ကျမရယ်….
ကျမတို့ရဲ့ “အိမ်”လေးက အမြဲနွေးထွေးနေပါတယ်…

မနက်ခင်းလေးမှာ…..

မနက်ခင်းနေရောင်ခြည် နွေးနွေးက အိမ်ကလေးကို လွှမ်းခြုံထားပါတယ်…
သားလေးရေ.. ဖေဖေကို သွားနှိုးတော့ .. ကျောင်းလိုက်ပို့တော့လို့…
“ဟုတ်ကဲ့ မေမေ” … သားလေးက အိပ်ခန်းထဲကို အပြေးလေးဝင်သွားသည်..
သမီးရေ.. ကျောင်းသွားဖို့ မေမေပြင်ပေးထားတဲ့ သမီးလွယ်အိတ်နဲ့ မောင်လေးလွယ်အိတ်ကို စစ်တော့ပြီးရင် မေ့မေ့ကို ထမင်းကြော် ပန်းကန်တွေ လာချပေးနော်.. မေမေ ကော်ဖီဖျော်တော့မယ်…
“Good Morning!”
“ဟော ဖေဖေနိုးလာပြီ… ဖေဖေရေ မျက်နှာသစ်ရင်း သားသား မီးမီးတို့နဲ့ တူတူရေချိုးတော့နော် .. ဖြူ ပန်းပင်တွေ ရေလောင်းလိုက်ဦးမယ်… ပြီးရင် ဖြူရေချိုးနေတုန်း ဖေဖေက အလုပ်သွားဖို့ပြင်နော်… ရုံးဝတ်ဖို့ အကျီပြင်ထားပေပြီးပြီနော်..”
“မေမေရေ .. ဖေဖေက ဗိုက်ဆာပြီ မြန်မြန်တဲ့ ဗျို့…”
“လာပြီ သားရေ…”
“စားကြစို့ကွ ဗိုက်ဆာပြီ..”
“ပြီးပါပြီရှင်…”
“သားရေ ကော်ဖီဖြေးဖြေးသောက် သီးမယ်…”
“ဖေဖေရေ.. ညနေစာ ဘာစားချင်လည်း.. ဖြူ ရုံးကအပြန် ဈေးဝင်ခဲ့ချင်လို့…”
“သမီး ပူတင်းစားချင်တယ် .. မနက်ဖြန် မနက်လုပ်ကျွေးနော် မေမေ..”
“ကကတစ်ဟင်း စားချင်တယ်ကွ..”
“ဟုတ် ဝယ်ခဲ့မယ်နော်….”
“မေမေ သားက ပုစွန်ကြော်…”
“ဟုတ်ကဲ့ပါရှင်..”
“ဖေဖေရေ.. ညနေရုံးပြန်စော မလားဟင်.. စောရင် သားတို့ကို ပန်းခြံမှာ ကစားဖို့ လိုက်ပို့ရအောင်..”
“အိုခေ.. ကိုယ် စောစော ပြန်လာခဲ့မယ်နော်….”
“ဟေး ဒါမှ တို့ဖေဖေကွ… !!!”
"သားနဲ့ သမီး ကျောင်းမှာ စာကြိုးစားနော်"
"ဟုတ်ကဲ့ ဖေဖေ"

ညနေခင်းလေးမှာ….

သာယာတဲ့ လေညင်းလေးတွေနဲ့ ပန်းပွင်လေးတွေ ကြားမှာ .. သားနဲ့ သမီး ဟာ ..
လိပ်ပြာလေးတွေလိုပဲ…
လွတ်လပ်စွာ .. ဟိုဟို ဒီဒီ ပြေးလွှားဆော့ကစားနေကြပါတယ်… ကျမက သူ့ပုခုံးပေါ်မှာ မှီရင်း...
သားနဲ့သမီးကို ကြည်နူးစွာ ငေးကြည့်ရင်း ကျမတို့နှစ်ယောက် ဟိုးအရင်က အကြောင်းတွေ… ပြန်ပြော ကြည်နူးကြရင်း…. ရှေ့ရေးအတွက် တိုင်ပင်ရင်း…. သူ့အလုပ်အကြောင်း ကျမအလုပ်အကြောင်း တိုင်ပင်ရင်ဖွင့် ဆွေးနွေးကြရင်း… စကားတွေ ပြောမကုန်အောင် ဖောင်ဖွဲ့လို့ပေါ့….
ဟော…
မိုးတောင် အတော်ချုပ်ပါပေါ့…
တို့ရဲ့ “အိမ်”လေးဆီ.. ပြန်ကြစို့ကွဲ့….. ။







ဟီးဟီး… စိတ်ကူးယဉ်ပြီး… ရှက်တောင်ရှက်တယ်…
ဘာဖြစ်ဖြစ် ကိုဟန်သစ်ငြိမ်ရဲ့တက်ကြွေးတော့ ကျေပြီနော်… ။
ထုံးစံအတိုင်း… တက်ဖို့က အစ်ကို မြိုင်ရာဇာတာဇင်ယော်တေ၊ ကိုကိုဖရီး တို့ကို တက်ပါတယ်ရှင်… စိတ်လိုလက်ရ ရေးချင်စိတ် ဖြစ်ချိန်မှာ ရေးပေးပါလို့ :) ။



7 comments:

Anonymous said...

ဟားဟား.. ရေးတုန်းကရေးပြီး ခုမှရှက်နေတယ် ဟွင်း.. နောက်တားD
စိတ်ကူးက မိုက်တယ်။ တကယ်ဖြစ်ပါစေနော်

ဇင်ယော် said...

ဘာခုမှ ရှက်ပါပြီလဲ ။ အင်း အစားအသောက် ကတော့ သိပ်ပြီးစိတ်ဝင်စားပုံ မရပါလား။ စိတ်ကူးယဉ် တာတောင် မလွတ်ဘူး ဟီးဟီး။ ကလေးတွေ မျောက်ရှုံးအောင် ဆော့တာရော မပါဘူးလားဟေ။ စိတ်ကူးလေးတွေ အမှန်ဖြစ်ပါစေဗျာ ဆုတောင်း ပေးခဲ့ပါတယ်။ တက်ဂ်ကတော့ ထုံးစံအတိုင်းပဲ သိတယ်ဟုတ် လာမယ် ကြာမယ်နော် ငှဲငှဲ။

ဂျူဝသန် said...

မေမေ.. သားကို ပုဇွန်ကြော်ရော .. ဘီယာရော ပေးနော်..။ ဖေဖေနဲ့သောက်ဖို့....။ နှစ်ဂျားနော်... လိုမှထပ်တောင်းမယ်။

Phyu said...

ကိုဇင်ယော် နဲ့ Craton ရေ ဆုတောင်းပေးတာကျေးဇူးပါ..။ အစားအသောက်ကတော့ အစ်ကိုတူ ညီမ မို့ပါနော်..။ ကလေးတွေ မျောက်ရှုံးအောင် ဆော့လည်း ကျမ အစ်ကိုက ထိန်းမှာမို့ ပူစရာမလို :P .. ။ ငညံ့ရေ.. ဘီယာတောင်းသောက်ရင်တော့ ထားဝယ်ကြိမ် နှစ်လုံးပူးနဲ့ အဆော်ခံရမယ် ဟေ့..။း)

ဂျူဝသန် said...

မကြောက်ပေါင်...

Han Thit Nyeim said...

ကျေးဇူးပါပဲဗျို့... တကယ့်ကို ချစ်စရာကောင်းအောင် ရေးတတ်ပါပေ့...။ ကျုပ်တောင် အဲလိုအိမ်မျိုးပိုင်ချင်လာပြီ။

အလွမ်းပြေ said...

ပိုင်ချင်ရင် အချိန် မဖြုန်းနဲ့ ကြိုးစားရှာတော့ ..:P