My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Monday, December 8, 2008

ချစ်သူသို့….



ဒီမြေမှာ …

ချစ်သော ဝါးရနံ့တို့

လင်းသုန်နေကြပြီ….။

ငါဆောင်းချင်တဲ့

ထီးလေးရေ…….

မိုးရာသီအတွက်

မကြာခင်မှာ

တို့တွေ..

ထွန်ရေးဝင်ကြမယ်….။

ရင်ကို တောက်စားတတ်တဲ့

ကောက်ပဲသီးနှံများလို

ငါတို့လည်း အချင်းချင်း

ဝင်းမှည့် တွယ်တာကြမယ်..။

မနက်ဖြန်ဆိုတာ…

နေဝန်းက ထပ်ရေးပေးတဲ့ ကဗျာပဲ

ဘယ်လိုလက်တွေကမှ

ဆွဲမဖြဲ နိုင်ဘူးကွယ့်…..။

သစ်ပင်အိုအောက်က

နတ်ကွန်းမှာ..

ဖယောင်းတိုင် မီးရှူးတစ်တိုင်

ငြိမ်သက်ထွန်းညှိရင်း…

ဒီဆောင်းတွင်းကို

တို့တွေ..

အလင်းခိုပြီး စောင့်မယ်..။

တာရာမင်းဝေ

(ချယ်ရီ- ဖေဖော်ဝါရီ၊ ၂၀၀၀ )

http://taryarminwaimemorial.blogspot.com မှ ကူးယူ ဖော်ပြပါသည်။


သူငယ်ချင်း ငညံ့ရေ.. ငါရေးပြီးပြီနော် .. ဒီနေ့မှ အားတာ.. ငါ လွတ်တယ်နော်.. နင်ကို ခွင့်တိုင်ပြီးသား..း)


6 comments:

Welcome said...

ကဗျာကောင်းလေးကို လာဖတ်သွားတယ်

http://winzaw-mdy.blogspot.com

ဂျူဝသန် said...

မဆိုးဘူးဟ... နင်ငါကြိုက်တဲ့ စာရေးဆရာရဲ့ ကဗျာကို ရအောင် ရှာတင်နိုင်သားပဲ...
တော်တယ်... တော်တယ်။ ဘက်စ်ကားခ အသွားတစ်ကြောင်းစာ ငါပေးလိုက်ပါ့မယ်။

Han Thit Nyeim said...

ခင်ဗျားကလည်း ချစ်သူကိုမှ မလွမ်းရရင် ပို့စ်မတင်တတ်တော့ဘူးလားဗျာ။ :)

Dr Phyo Wai Kyaw said...

ကောင်း၏။
:)

ဇင်ယော် said...

ဆရာတာရာမင်းဝေ ရေးတဲ့စာတွေကဗျာတွေကတော့ အားလုံးကြိုက်ပြီးသားပဲ။ လုပ်လိုက်ကွ။ ရှာရှာဖွေဖွေ တွေ.တတ်တယ်ဗျာ။

kyaw said...

တကယ် အလွမ်းပြေပါတယ်။