My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Wednesday, December 31, 2008

HAPPY NEW YEAR 2009 !!!!!



We will open the book. Its pages are blank. We are going to put words on them ourselves. The book is called Opportunity and its first chapter is New Year's Day.

by Edith Lovejoy Pierce




To All Friends, Brothers and sisters,

Have a very happy and joyous coming New Year 2009.
May The Year 2009 Bring for You Happiness, Success and filled with Peace & Hope....
Wishing You a...

*HAPPY NEW YEAR*

with love ,

အလွမ်းပြေ
Tuesday, December 30, 2008

နေ့သစ်များဆီသို့….


















တစ်နှစ်တာ ကုန်ဆုံးလို့ နှစ်သစ်ရောက်တော့မည်… ဒီတစ်ညလုံး တွေးမိနေတာက ဟောင်းခဲ့တဲ့ ရက်တွေ အကြောင်း ….. ကိုယ့်ကိုကိုယ် ပြန်မေးမိတာ ငါဘာတွေလုပ်ခဲ့ သလဲ..။ ဘာတွေလုပ်ဖို့ ကျန်သေးလဲ ။ ဘာတွေလုပ်ချင်တာလဲ။ ဘာတွေကရော ဖြစ်သင့်သလဲ။ နောက် မေးခွန်းတွေ ပေါင်းများစွာ…. တစ်ကယ်တော့ ဒီနှစ် ၂၀၀၈ ထဲမှာ ကျွန်မအတွက် အဖြစ်ပျက် အပြောင်းလဲ အသစ်တွေ အများကြီး…. ……. အမြဲမခွဲပဲ နေခဲ့တဲ့ မိသားစုရဲ့ အဝေးမှာ တစ်ယောက်တည်း လာနေရတယ်…။ ကျမဆည်းပူးချင်တဲ့ ပညာကို လေ့လာ သင်ယူခွင့်ရတယ် ။ အမြဲတွဲလာခဲ့တဲ့ သူငယ်ချင်းတွေ တော်တော်များများ အိမ်ထောင်ကျသွားကြတယ်… ။ ဒါအချစ်လို့ စသိကတည်းက တစ်ယောက်တည်းပဲ ရှိခဲ့တဲ့ ကျမရဲ့ ချစ်သူကို ကျမရဲ့ ကိုယ်ပွား ၊ တနည်းအားဖြင့် ကျမဟာ သူရဲ့ ကိုယ်ပွားတစ်ခုလို နှစ်ကိုယ့်တစ်စိတ်လို့ နှစ်ပေါင်းများစွာ အယူသီးခဲ့တဲ့ ကျမဟာ သူဟာ ငါမဟုတ်တဲ့ တစိမ်းတစ်ယောက်ပါလား ငါဘာလို့ အဲဒီလို ခံယူထားခဲ့ မိပါလိမ့်လို့ အကျွတ်တရား ရပြီး သူ့ကို “သူ” လို့ပဲ မြင်တတ်လာခဲ့တယ်။ နောက်ပြီး တစ်ခြား တစ်ခြားသော အပြောင်းအလွဲတွေ…. မြန်ဆန်လွန်းတဲ့ အပြောင်းအလဲတွေ ကြားမှာ လူဟာ နှုန်းခွေပြီး ကျန်ခဲ့တာ အမှန်ပဲ..။

ဒါပေမယ့် တစ်ခါတစ်ခါ ခက်ခဲလွန်းတဲ့ အခြေအနေတွေကြားက မိတ်ဆွေကောင်းတွေ ရတတ်ပြန်ရော…. ဘာပဲဖြစ်ဖြစ် ၂၀၀၈ ဟာ ကောင်းသောနှစ် တစ်ခုပါ… ကျမကို ရင့်ကျက်မှုတွေ ပိုပေးစွမ်းစေခဲ့တယ်.. လာမယ့်အောင်မြင်မှုအတွက် ရင်းနှီးရတဲ့ နှစ်လို့ပဲ ဆိုပါတော့ … စွန့်စားရတာတွေ ဆုံးဖြတ်ရတာတွေ.. ငိုကြွေးမှုတွေ ပျော်ရွှင်မှုတွေ ရောပွန်းနေတဲ့ အသက်ဝင်တဲ့ နှစ်တစ်နှစ်ပါ…

ဘာပဲ ဖြစ်ဖြစ် ၂၀၀၈ ရေ… နှုတ်ဆက်ခဲ့ ပါတယ်… …

မင်းဆီက ရလိုက်တဲ့ သင်ခန်းစာတွေနဲ့အတူ ပျော်ရွှင် အောင်မြင်တဲ့ နေ့သစ်တွေ ဆီကို ရောက်ဖို့ ၂၀၀၉ ကို တို့ သွားတော့မယ်….. နှစ်သစ်မှာ နေ့သစ်ရဲ့ နေရောင်နွေးနွေးမှာ ငါ အားအင်တွေ ဆက်မွေးပြီ လှပတဲ့ နေ့ရက်တွေကို အသက်သွင်းနိုင်ဖို့ ဆုတောင်းပေးပါနော်….


Friday, December 26, 2008

ကရင် နှစ်သစ်ကူး...

နှစ်တိုင်းတော့ မိသားစုနဲ့ အတူ ... နှစ်သစ်ကူးနေကြ... သူငယ်ချင်း တွေ.. မောင်နှမညီအမတွေအတူ အလိန်ငါးဆင့်မှာ မနက်စောစော အလံတင်ပွဲ သွားနေကြပါ... ဒီနှစ်တော့ ဘလော့ ပေါ်ကပဲ နှစ်ကူးလိုက်ပါတယ်... လာလည်ကြတဲ့ သူငယ်ချင်းအားလုံး... ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ...း)




ကရင် ရိုးရာ..အကလေး ကြည့်ပြီး....




ကောက်ညင်းပေါင်းနဲ့ ငါးကြော် စားသွားပါနော်...း)










Monday, December 22, 2008

ပြန်မလာတော့ ဘူးကွယ်…

ထူးအိမ်သင်




ပြန်မလာတော့ဘူးကွယ်.. ကိုယ်ထွက်သွားတော့မယ် .. ကြင်နာသူနဲ့ ဝေးရာ.. အဝေး.. အဝေး….ဝေး… နှလုံးသားက နာကြင်စွာနဲ့… နောက်ဆုံး… နှုတ်ဆက်ခဲ့တယ်…။

ကိုယ် အလိုချင်ခဲ့ဆုံးအရာ.. ဘဝမှာ.. ချစ်ခြင်းမေတ္တာ… ရယူ ပိုင်ဆိုင်ခွင့် မရှိတော့
အဆွေး….. အဆွေး……ဆွေး……..
မမေ့တတ်ခဲ့သူသာ ရင်ထဲ အို…တမ်းတနေမယ်…။

ရင်ဆိုင်ရင်း ရှုံးနိမ့်ရင်း… ကိုယ့်ဘဝမှာ ဖျောက်ဖျက်မရတဲ့ အမှားများ…
မျှော်လင့်ရင်း.. ဆုံးရှုံးရင်း
နှလုံးသားမှာ ဒဏ်ရာတွေသာ ပြည့်နှက်ခဲ့တယ်… ကြေကွဲ…။

ပန်မဆုံနိုင်တော့ ဘူးကွယ် .. မင်းကို ကိုချစ်ခဲ့လည်း… တို့ ရင်ခုန်သံများ အဝေးမှာ ဝေးမြဲ.. ဝေးဆဲ.. အေးခဲ…. ရက်စက်တဲ့ ကံကြမ္မာကိုပဲ သိပ်စိတ်နာတယ်…။

နောက်ဆုံး နှုတ်ဆက်ခဲ့ပါတယ်.. အချစ်ရယ်… ကိုယ် သွားပြီကွယ်…..
Saturday, December 20, 2008

ဘဝ နဲ့ ဆန္ဒ





ဘဝဆိုတာ

မြစ်တစ်စင်းဆိုရင်

ငါက …. ပင်လယ်ဆီ..

ဆက်စီးဆင်းနေရဦးမှာပဲ

ကျန်ခဲ့တဲ့…

ဘဝ အပိုင်း အစတွေက

မြစ်ကြိုးအင်းတွေပေါ့…။

ဒါဟာ နှလုံးသား က

အပိုင်းစမို့… (ခွဲခွာလို့ )

ဘယ်သူ ကျန်ခဲ့စေချင်ပါ့မလဲကွယ်.. ။

ကွေ့ကောက်ခြင်း

မာယာတွေသာမရှိခဲ့ရင်…

တို့ဘဝဆိုတာ

တစ်သားတည်း…

ပင်လယ်ပြင်ဆီ

အတူတူပေါ့………။


Friday, December 19, 2008

ကျမ ထိုင်နေကြ ကော်ဖီဆိုင်လေး...



ကော်ဖီသိပ်ကြိုက်တဲ့ အထဲမှာ ကျမလည်းပါပါတယ်။ စာဖတ်တော့မယ်ဆိုရင် အရင်စလုပ်တဲ့ အလုပ်က ကော်ဖီ ဖျော်တာပါ.. ကျမနေတဲ့အဆောင်ပတ်ဝန်းကျင်တလျှောက်မှာ ကော်ဖီဆိုင်အလွန်ပေါသလို .. နာမည်ကြီးကော်ဖီဆိုင်တွေလည်း များတဲ့ကြားမှာ ကျမ အမြဲထိုင်နေကြ ဆိုင်လေးကတော့ ရိုးရိုးလေးနဲ့ နွေးထွေးမှု ရှိတယ်လို့ စထိုင်မိတဲ့ နေ့ကစပြီး ခံစားရပါတယ်။ ဒါကြောင့် အခု ကျမ အမြဲလိုလို အိမ်မှာ စာဖတ်ရမှာ ပျင်းတဲ့ နေ့ဆိုရင် အဲဒီမှာ စာသွားဖတ်ပါတယ်..။ ဆိုင်လေးရဲ့ အခင်းအကျင်းက ရိုးရှင်းသလို အဲကွန်းနဲ့ မအေးစက်နေပဲ သဘာဝအတိုင်းရှိနေပါတာကြာင့် လည်းပါပါတယ်။ ဆိုင်ရှင် ( ချစ်သူ စုံတွဲလေးကလည်း) ဆက်ဆံရေး အရမ်းကောင်းပါတယ်..။ လာထိုင်လေ့ရှိတဲ့ ပတ်ဝန်းကျင် အဆောင်က ကျောင်းသူ ကျောင်းသား အဖွဲ့ လေးတွေကလည်း ကိုယ့် အဖွဲ့နဲ့ကိုယ် အေးအေးဆေးဆေး စာဖတ်တတ်ကြတယ်.. ဆူညံလေ့ မရှိသလို.. English love song အေးအေးလေးတွေ ဖွင့်တတ်တဲ့ ဆိုင်လေး က အခုတော့ ကျမအမြဲ သွားလေ့ရှိတဲ့ နေရာလေးပေါ့...







ဆိုင်ရှင်ကောင်မလေးပါ.. သူ့ကောင်လေးကိုတော့ မရိုက်ခဲ့ဘူး...း) သိတတ်တာပါ..





ကျမရဲ့ ကော်ဖီ...



ပန်းစက်ဘီးလေး...



ခွက်ကလေးတွေနဲ့ အလှဆင်ထားတာ ..





ပရိဘောဂ အဟောင်းလေးတွေနဲ့လည်း ဆိုင်လေးကို ပြင်ထားတယ်..




စာအုပ်စင်လေး...





black and white ပုံလေးတွေ... ဒုက္ခရောက်နေတဲ့ ..ငတ်မွတ်ဆာလောင်နေတဲ့ ကလေးတွေရဲ့ ပုံလေးတွေပါ.. ထားထားတဲ့ ရည်ရွယ်ချက်လေးကို တွေးကြည့်လို့ ရပါတယ်...



ချက်ကစားနေတဲ့ သူတွေ...



စာဖတ်လို့ ပျင်းရင် သူလေးနဲ့ ကစားလို့ ရတယ်...




စာလာဖတ်နေတဲ့ ကျောင်းသူအဖွဲ့လေး...




အပြင်ဘက် ပန်းခြံလေး...


( အဟီး... အခုတလော ခံစားချက်တွေ မရေးချင်လို့ ပေါ့ပေါ့ပါးပါးလေး.. ဆားချက်တာပါ..း) )
Thursday, December 11, 2008

တို့ ကမ္ဘာသာယာဖို့
နှစ်ယောက်လုံးနဲ့
ဆိုင်တာမို့
နှစ်ယောက်လုံးက
ထိန်းသိမ်းရမယ်…
မင်းအတွက် ငါ
အရာရာပေးဆပ်ခဲ့ပေမယ့်
အနားမှာ ..
မပျော်ဘူးလား
သွားလိုက်ပါကွယ်…
ဟိုတစ်ဘက်မှာ..
မင်းပျော်မယ်ဆို
ငါကြိုးစားပြီး
ပြုံးနေပါ့မယ်..
ခုတော့..
လှောင်ရယ်ခံရတဲ့
ငါ့ယုံကြည်မှုတွေ အတွက်
ရင်မှာ အနေရခက်လွန်းလို့….။
Wednesday, December 10, 2008

I hate about myself



၁. ပြတ်သားဖို့ ကြိမ်ကြိမ်ကြိုးစားရင်း မပြတ်သားနိုင်တဲ့ သူ
၂. အကြိမ်ကြိမ် နာကျင်စေပေမယ့် အဲဒီသူကို ခွင့်လွှတ်ချင်တဲ့ စိတ်ကရှိနေတတ်တဲ့သူ
၃.အားနာလွန်းတတ်တဲ့သူ
၎.စာတွေများတဲ့ကြားက အီးယောင်ဝါးလုပ်ချင်တဲ့သူ
၅.သူများတွေအတွက် ပူပင်ဖြည့်ဆည်းရင်း ကိုယ့်အတွက် မေ့နေတတ်တဲ့သူ
၆.တစ်ယောက်တည်း ကြိတ်ခံစားတတ်တဲ့သူ
၇.တာဝန်ကျေချင်လွန်းတဲ့သူ
၈.လုပ်ချင်တာနဲ့ လုပ်သင့်တာ ကြားမှာ အမြဲ ဗျာများတတ်တဲ့သူ
၉.တစ်ခါ တစ်ခါ ဂျစ်တစ်တစ်နိုင်တဲ့သူ
၁၀.ရက်စက်ဖို့ တွန့်ဆုတ်တတ်လွန်းတဲ့သူ…
အဲဒီ ”သူ” ကို မုန်းပါတယ်.. အဲဒီ သူ က ကျွန်မ ကိုယ်တိုင်ပါပဲ…။
Monday, December 8, 2008

ချစ်သူသို့….



ဒီမြေမှာ …

ချစ်သော ဝါးရနံ့တို့

လင်းသုန်နေကြပြီ….။

ငါဆောင်းချင်တဲ့

ထီးလေးရေ…….

မိုးရာသီအတွက်

မကြာခင်မှာ

တို့တွေ..

ထွန်ရေးဝင်ကြမယ်….။

ရင်ကို တောက်စားတတ်တဲ့

ကောက်ပဲသီးနှံများလို

ငါတို့လည်း အချင်းချင်း

ဝင်းမှည့် တွယ်တာကြမယ်..။

မနက်ဖြန်ဆိုတာ…

နေဝန်းက ထပ်ရေးပေးတဲ့ ကဗျာပဲ

ဘယ်လိုလက်တွေကမှ

ဆွဲမဖြဲ နိုင်ဘူးကွယ့်…..။

သစ်ပင်အိုအောက်က

နတ်ကွန်းမှာ..

ဖယောင်းတိုင် မီးရှူးတစ်တိုင်

ငြိမ်သက်ထွန်းညှိရင်း…

ဒီဆောင်းတွင်းကို

တို့တွေ..

အလင်းခိုပြီး စောင့်မယ်..။

တာရာမင်းဝေ

(ချယ်ရီ- ဖေဖော်ဝါရီ၊ ၂၀၀၀ )

http://taryarminwaimemorial.blogspot.com မှ ကူးယူ ဖော်ပြပါသည်။


သူငယ်ချင်း ငညံ့ရေ.. ငါရေးပြီးပြီနော် .. ဒီနေ့မှ အားတာ.. ငါ လွတ်တယ်နော်.. နင်ကို ခွင့်တိုင်ပြီးသား..း)