Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။

လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Friday, July 18, 2008
အာဇာနည်နေ့ တို့မမေ့
8:11 AM | Posted by
အလွမ်းပြေ |
Edit Post
ဗိုလ်ချုပ်..
ဒီကနေ့ ဆိုရင် လူယုတ်မာတွေရဲ့  လက်ချက်ကြောင့် ဗိုလ်ချုပ်ချစ်တဲ့ ဗမာပြည်ကြီးနဲ့  ပြည်သူပြည်သားတွေကို စွန်ခွာသွားခဲ့တာ ၆၁နှစ်တောင် ရှိပြီနော်။ ဒါပေမယ့် အားလုံးရဲ့ ရင်ထဲမှာ ဗိုလ်ချုပ်မသေသေးသလို ခံစားနေရတုန်းပဲ။လိုက်သတ်ဖို့ ကြိုးစားတဲ့ သူတွေက လည်း ကြိုးစားနေကြတုန်းပဲ၊။ဒါပေမယ့်သူတို့ဘယ်တော့မှ အောင်မြင်မှာ မဟုတ်တာသေချာတယ်၊ ဘာလို့ လဲဆိုတော့ အားလုံးရဲ့ ရင်ထဲကိုမှ သူတို့ က ဗိုလ်ချုပ်လို ရောက်မှ မရောက်နိုင်တာ သမီးက ဗိုလ်ချုပ်ဆုံးပြီးလို့  နှစ်ပေါင်းများစွာကြာမှ လောကကြီးထဲကို ရောက်လာခဲ့တဲ့ သူပါ ဒါပေမယ့် သမီးရင်ထဲကို ဗိုလ်ချုပ်ရောက်လာတယ်။
သမီးရဲ့ စိတ်ထဲမှာဗိုလ်ချုပ်ရဲ့ ကျေးဇူးတရားတွေကို အမြဲအောက်မေ့နေတယ်။ သမီးရဲ့အာရုံထဲမှာ ဗိုလ်ချုပ်ရဲ့လေးစားဖွယ်ပုံရိပ်၊ လုပ်ဆောင်ချက်တွေ၊ ဟန်ဆောင်မှုကင်းတဲ့စေတနာ စကားသံတွေကို ကြားနေမိတယ်။ ဒါတွေဟာ နှလုံးသားချင်း လက်ဆင့်ကမ်းခဲ့ကြတဲ့ပုံရိပ်တွေပါ။ သမီးရဲ့ အဖိုးအဖွားတွေ ရင်ထဲကနေ သမီးမိဘတွေ ရင်ထဲကို ဗိုလ်ချုပ်ရောက်လာခဲ့တယ်၊ အဲဒီကနေ သမီးရင်ထဲကို ဗိုလ်ချုပ်ရောက်လာခဲ့တဲ့ဖြစ်စဉ်ဟာ ဗိုလ်ချုပ်ရဲ့ခေါင်းဆောင်ကောင်း အရည်အချင်း၊ ဗမာပြည်သားတို့ နဲ့ ဗိုလ်ချုပ်ရဲ့ကြားမှာ ရှိခဲ့ကြတဲ့ လေးစားချစ်ခင် အားကိုးမှု တွေကို သက်သေပြနေတာပါပဲ၊ ဗိုလ်ချုပ်ဟာ နှလုံးသားထဲမှာ ရှိနေတာမို့ ရုပ်ဝတ္ထုတွေဆီ မှာ ဘယ်လောက်ပဲပျောက်ကွယ်ပါစေ ဗိုလ်ချုပ်မသေနိုင်ပါဘူး၊ သမီးတို့ ရင်ထဲမှာ ရှိနေတဲ့ ဗိုလ်ချုပ်ဟာ နောက်မျိုးဆက်တွေဆီကိုလည်း သမီးတို့နှလုံးသားတွေကနေတဆင့် ဆက်ပြီး ရောက်ရှိသွားမှာမလွဲပါဘူး၊ သမီး ကိုယ်ကိုကိုယ် သမီးလို့ ပြောရမှာ ကလေးဆန်တယ် ထင်ခဲ့ပေမယ့် ဗိုလ်ချုပ်နဲ့ တော့သမီးလို့ ပဲသုံးချင်ခဲ့တယ်၊ဘာလို့ လဲဆို တော့ ဗိုလ်ချုပ်က တစ်နိုင်သားလုံးရဲ့ ဖခင်မို့ ပါ… ဗိုလ်ချုပ်ရေ... သမီးတို့ မမြင်နိုင်တဲ့ တစ်နေရာကနေ ချစ်တဲ့ နိုင်ငံကြီးကို ကြည့်ရင်း စိတ်ဆင်းရဲနေမလား၊ ဒါမှမဟုတ် တစ်ချိန်က ရွေးကောက်ပွဲ မဝင်ချင်ခဲ့တဲ့ သခင်နုဆီကို ဖုန်းဆက်တုန်းက ဗိုလ်ချုပ်သုံးခဲ့တဲ့ စကားလေးဖြစ်တဲ့ The country is doomed လို့ ပဲ ရေရွတ်နေမလား ……
လွတ်လပ်ရေးဖခင် နိုင်ငံ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ၊ ၁၉ ဇူလိုင်တွင် ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင် ကြီးများအား ရိုသေစွာ ဦးညွှတ်ဂုဏ်ပြုလျှက်….
အလွမ်းပြေ

Subscribe to:
Post Comments (Atom)
3 comments:
အာဇာနည်နေ့ အထိမ်းအမှတ် ပို့စ်လေးကို လာရောက် ဖတ်ရှု ခံစားသွားပါတယ် ခင်ဗျာ။
ဗိုလ်ချုပ် မသေသေးတာ သိနေတော့လည်း အခုထိ လိုက်သတ်နေတာပေါ့ဗျာ။
ကောင်းတယ်ဗျာ... အတွေးလေးက
ကိုဂျူလိုင် ပြောသလို ဗိုလ်ချုပ်က မသေသေးဘူး ခဏခဏ အသတ်ခံနေရတာ ဆိုတာ မှန်တယ်ဗျာ. ပြည်သူတွေ အားလုံးရင်ထဲမှာ မသေသေးဘူး. ဒါပေမဲ့ လိုက်သတ်ခံနေရတယ်.. လောကပါလ တရားများထွန်းကာလာပါစေလို့ ဆုတောင်းပါတယ်.