Alwan Pyay on Facebook
My Blog List
Popular Posts
ရေးခဲ့ပြီးသမျှတွေ
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Public Critic
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စံပယ်ချို
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- အလှသစ္စာ ပန်းပွင့်များ
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
- မြသွေးနီ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
လာလည်တာ ကျေးဇူးနော်..
ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..
ပျော်ရွှင်ပါစေ..
ခင်မင်မှု ခြေရာလေးများ...
မြန်မာ စံတော်ချိန်
Followers
To Download Zaw Gyi Font
Powered by Blogger.
Friday, January 30, 2009
အလွမ်းတွေ.......
9:56 AM | Posted by
အလွမ်းပြေ |
Edit Post
အလွမ်းတွေရယ်..
အတောင်ပံတွေပါရင်
ပျံသွားကြပါတော့..
လွမ်းဖို့ …
အားအင်တွေမရှိအောင်
နှလုံးသားက ချိနဲ့နေလို့ပါ..
အပြာရောင်ညတွေကို
အမှောင်တွေပိန်းအောင်
ထိန်းမထားပါနဲ့တော့..
ကြယ်တွေဆီက
ရယ်သံတွေ နားထောင်ရင်း..
တောင်တန်းတွေကြားက
ရေစီး သံစဉ်တွေနားထောင်ရင်း..
လေပြေတွေရဲ့
သီချင်းသံတွေကို နားထောင်ရင်း..
ကြည်နူးခွင့် ရချင်တယ်..
(ကျေးဇူးပြုပြီး)
ပျံသွားကြပါတော့..
(ငါ့ဆီက..)
ပြန်သွားကြပါတော့..
အလွမ်းတွေရယ်…။
အလွမ်းပြေ
၃၁.၁.၂၀၀၉
Labels:
ကဗျာ
|
3
comments
Monday, January 26, 2009
ရွှေပြည်တော် မျှော်လေတိုင်းလွမ်း…
5:02 AM | Posted by
အလွမ်းပြေ |
Edit Post

ဒီလ အစပိုင်းမှာ ကျမ ကျောင်းနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း မဲခေါင်မြစ်တစ်လျှောက် Filed Trip ထွက်ရပါတယ်။ Chiang Khong ၊Chiang Sean နဲ့ Doi Patang ဆိုတဲ့ တောင်ပေါ်ဒေသတွေကို ရောက်ပါတယ်။
Sydney University က ကျောင်းသား ၂၆ ယောက်ပါတဲ့ အဖွဲ့ရယ် ကျွန်မတို CMU က ၂၄ ယောက်ရယ် ပေါ့။ မဲခေါင်ဒေသရဲ့ စီးပွားရေး လူမှုရေးအခြေအနေတွေကို လေ့လာရတဲ့ Filed Trip ပါ။ လမ်းတစ်လျှောက် ဆရာတွေက မနားရအောင် ခိုင်းတတ်လွန်းပါတယ်။ အင်တာဗျူးတွေလုပ် ညနေဆို presentation တွေလုပ်နဲ့ မနက် ၆နာရီကနေ ညနေ ၇ နာရီလောက်အထိ တစ်ခါမှ မနားလိုက်ရအောင် အကွက်စေ့စေ့မောင်းတာပါ။ ညစာစားပြီးရင်လည်း ကျောင်းပြန်ရောက်ရင် Field Trip Report တင်ရမှာမို့ စောစော မအိပ်ရဲပဲ ကိုယ်အဖွဲ့နဲ့ကိုယ် meeting လုပ်ရတယ်လေ.. ဒါပေမယ့် ခရီးတစ်လျှောက် လှပတဲ့ ရှုခင်းလေးတွေက အမောပြေစေတာ အမှန်ပဲ..။ ရှုခင်းဓတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ ကျမအဖို့ကတော့ ဘာပြောကောင်းမလဲ ပေါ့..မနားတမ်း ရိုက်တာ ပုံပေါင်းကို မနည်းဘူး ဟီးဟီး ။
လမ်းတစ်လျှောက်မှာ အင်တာဗျူးဖို့ ထိုင်းဘာသာပြန်ပါပါတယ်။ ဒါပေမယ့် တကယ် ဘာသာပြန်ရတော့ ကျမဖြစ်နေတယ်လေ..။ ဘယ်သွားသွား ကျမတို့ ဗမာပြည်သားတွေချည်းပါလား..။ ကျောင်းသားအဖွဲ့မှာ မြန်မာပါမှန်းသိတော့ သူတို့က ဝမ်းသာကြတယ်..။ ကျမနဲ့ စကားတွေ အများကြီးလာပြောကြတယ်..။ အမျိုးတွေ့ တာလေ..။ ကျမလည်းပျော် သူတို့လည်းပျော်ပေါ့..။ တောင်ပေါ်မှာ ဈေးရောင်းတဲ့ အမကြီးဆိုရင် ညဘက် ကျမတို့ တည်းတဲ့ ဟိုတယ်ကို လိုက်လာပြီး သူ့ယောကျာင်္းနဲ့ ခလေးကိုပါခေါ်လာပြီး စကားလာပြောတယ်..။ သူ့ယောင်္ကျားက ရခိုင် သူက ရှမ်း..။ ကျမအတွက် မုန့်တွေ စားစရာတွေ ယူလာပြီး ဒီလိုကျောင်းသားအဖွဲ့မှာ တို့ဗမာပြည်ကပါတာ အမ ဝမ်းသာလို့ ညီမလေး စာများများဖတ်နိုင်အောင် အားရှိအောင်စားနော်တဲ့လေ..။ ကျမ မျက်ရည်တောင် ဝဲမိပါတယ်..။
သူက အမလေ ပြန်ချင်တယ် ဒါပေမယ့် သမီးလေး နှစ်ယောက်ကလည်းရှိဆိုတော့ ဒီမှာလို ငွေရှာရ အဆင်မပြေမှာ စိုးတယ် .. အခုက စားဖို့ နေဖို့ မပူရဘူးလေ တဲ့။ Chiang Sean ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချ အလုပ်သမား အစ်ကိုကြီးကတော့ ငါလာတုန်းကတော့ ပိုက်ဆံစုပြီးရင် ပြန်မယ်ပေါ့ဟာ အခုတော့ ဟိုက လူတွေကလည်း အဆင်မပြေ၊ ဝင်ငွေသာတိုးမလာတာ ဒီမှာလည်း နေစရိတ် စားစရိတ်တွေက အရင်ကထက်ကြီးလာဆိုတော့ အိမ်ပြန်ပို့တာရယ် ငါ့အသုံးစရိတ်ရယ်နဲ့ မစုမိပါဘူးဟာ ဒီရောက်တာ ၄ နှစ်ကျော်ပြီ ဘယ်တော့များမှ ပြန်ဖြစ်မလဲ မသိတော့ပါဘူးဟာလို့ ပင်ပန်းသံကြီးနဲ့ ရင်ဖွင့်ရှာတယ်..။
ကျမ Chiang Sean ကနေ ဟိုးဘက်ကမ်းမှာ ခပ်ပြပြမြင်နေရတဲ့ ကျမတို့မြေကို လှမ်းမျှော်ကြည့်ရင်း ရင်ထဲမှာ လွမ်းမောမောလာတယ်… ။ ကျမကတော့ ကျောင်းပြီးရင် ပြန်မှာ.. ကျမလိုပဲ လွမ်းမောမောနေမယ့် သူတို့ကရော…………။
Wednesday, January 7, 2009
မှော်ဆရာ…!!!!
5:16 AM | Posted by
အလွမ်းပြေ |
Edit Post

လှည့်စားခြင်းဆိုတာ
မာယာတွေပဲ….
လှည့်စားရတဲ့ သူက
ပျော်ချင် ပျော်နေပေမယ့်..
ခံစားရတဲ့ သူ အတွက်က
ခါးသက်လွန်းတယ်…။
အသက်မပါတဲ့
အပြုံးတွေဟာ
ဆားမပါတဲ့ ဟင်းလိုပဲ
ပေါ့ပျက်ပျက်နဲ့…။
ရင်ထဲက စကားတွေ မဟုတ်ရင်
နှုတ်ဖျားက ထွက်လာပေမယ့်
လျှာမပါတဲ့ နားမှာ ခါးသက်..
ရင်ထဲမှာ လည်း ..
ပုတ်အဲ့အဲ့…..
အိုး……….
ဒီခံစားချက်တွေကို..
ကျေးဇူးပြုပြီး
မပေးပါနဲ့……….။
Labels:
ကဗျာ
|
4
comments
Saturday, January 3, 2009
လွတ်လပ်ရေးနေ့
9:19 AM | Posted by
အလွမ်းပြေ |
Edit Post


ဒီကနေ့ ဇန္နဝါရီလ ၄ ရက်နေ့ဟာ ကျမတို့ မြန်မာနိုင်ငံရဲ့ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်တာမို့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ လွတ်လပ်ရေးကိုကြိုးပမ်းမှု သမိုင်းမှာ စွမ်းစွမ်းတမံ တိုင်းပြည်အတွက် ပေးဆပ်ခဲ့ပြီး လွတ်လပ်ရေးကို ရယူပေးခဲ့ကြတဲ့ မြန်မာ့သူရဲကောင်း အပေါင်းကို ဒီနေရာကနေ လေးစားစွာ သတိတရ ကျေးဇူးတင် ဂုဏ်ပြုလိုက်ပါတယ်။
Thursday, January 1, 2009
အိမ်
11:48 PM | Posted by
အလွမ်းပြေ |
Edit Post
မိသားစုကို လုံခြုံမှု အပြည့်အဝ ပေးတဲ့ တည်ငြိမ်အေးချမ်းတဲ့ အပြုံးပိုင်ရှင် သူရယ် ..
တွတ်တီးတွတ်တာ ပြောတတ်တဲ့ .. နူးညံ့ပြီး သိမ်မွေ့တဲ့ မျက်ဝန်းပိုင်ရှင် သမီးလေးရယ် ..
ထက်မြက်သွက်လက်ပြီး အရာရာကို စူးစမ်းချင်စိတ်ရှိတဲ့ သားလေးရယ်….
သူတို့ကို အားလုံးကို သိပ်ချစ်တဲ့ အမြဲ သူတို့နားမှာ ပါရမီဖြည့်ချင်တဲ့ ကျမရယ်….
ကျမတို့ရဲ့ “အိမ်”လေးက အမြဲနွေးထွေးနေပါတယ်…
မနက်ခင်းလေးမှာ…..
မနက်ခင်းနေရောင်ခြည် နွေးနွေးက အိမ်ကလေးကို လွှမ်းခြုံထားပါတယ်…
သားလေးရေ.. ဖေဖေကို သွားနှိုးတော့ .. ကျောင်းလိုက်ပို့တော့လို့…
“ဟုတ်ကဲ့ မေမေ” … သားလေးက အိပ်ခန်းထဲကို အပြေးလေးဝင်သွားသည်..
သမီးရေ.. ကျောင်းသွားဖို့ မေမေပြင်ပေးထားတဲ့ သမီးလွယ်အိတ်နဲ့ မောင်လေးလွယ်အိတ်ကို စစ်တော့ပြီးရင် မေ့မေ့ကို ထမင်းကြော် ပန်းကန်တွေ လာချပေးနော်.. မေမေ ကော်ဖီဖျော်တော့မယ်…
“Good Morning!”
“ဟော ဖေဖေနိုးလာပြီ… ဖေဖေရေ မျက်နှာသစ်ရင်း သားသား မီးမီးတို့နဲ့ တူတူရေချိုးတော့နော် .. ဖြူ ပန်းပင်တွေ ရေလောင်းလိုက်ဦးမယ်… ပြီးရင် ဖြူရေချိုးနေတုန်း ဖေဖေက အလုပ်သွားဖို့ပြင်နော်… ရုံးဝတ်ဖို့ အကျီပြင်ထားပေပြီးပြီနော်..”
“မေမေရေ .. ဖေဖေက ဗိုက်ဆာပြီ မြန်မြန်တဲ့ ဗျို့…”
“လာပြီ သားရေ…”
“စားကြစို့ကွ ဗိုက်ဆာပြီ..”
“ပြီးပါပြီရှင်…”
“သားရေ ကော်ဖီဖြေးဖြေးသောက် သီးမယ်…”
“ဖေဖေရေ.. ညနေစာ ဘာစားချင်လည်း.. ဖြူ ရုံးကအပြန် ဈေးဝင်ခဲ့ချင်လို့…”
“သမီး ပူတင်းစားချင်တယ် .. မနက်ဖြန် မနက်လုပ်ကျွေးနော် မေမေ..”
“ကကတစ်ဟင်း စားချင်တယ်ကွ..”
“ဟုတ် ဝယ်ခဲ့မယ်နော်….”
“မေမေ သားက ပုစွန်ကြော်…”
“ဟုတ်ကဲ့ပါရှင်..”
“ဖေဖေရေ.. ညနေရုံးပြန်စော မလားဟင်.. စောရင် သားတို့ကို ပန်းခြံမှာ ကစားဖို့ လိုက်ပို့ရအောင်..”
“အိုခေ.. ကိုယ် စောစော ပြန်လာခဲ့မယ်နော်….”
“ဟေး ဒါမှ တို့ဖေဖေကွ… !!!”
"သားနဲ့ သမီး ကျောင်းမှာ စာကြိုးစားနော်"
"ဟုတ်ကဲ့ ဖေဖေ"
ညနေခင်းလေးမှာ….
သာယာတဲ့ လေညင်းလေးတွေနဲ့ ပန်းပွင်လေးတွေ ကြားမှာ .. သားနဲ့ သမီး ဟာ ..
လိပ်ပြာလေးတွေလိုပဲ…
လွတ်လပ်စွာ .. ဟိုဟို ဒီဒီ ပြေးလွှားဆော့ကစားနေကြပါတယ်… ကျမက သူ့ပုခုံးပေါ်မှာ မှီရင်း...
သားနဲ့သမီးကို ကြည်နူးစွာ ငေးကြည့်ရင်း ကျမတို့နှစ်ယောက် ဟိုးအရင်က အကြောင်းတွေ… ပြန်ပြော ကြည်နူးကြရင်း…. ရှေ့ရေးအတွက် တိုင်ပင်ရင်း…. သူ့အလုပ်အကြောင်း ကျမအလုပ်အကြောင်း တိုင်ပင်ရင်ဖွင့် ဆွေးနွေးကြရင်း… စကားတွေ ပြောမကုန်အောင် ဖောင်ဖွဲ့လို့ပေါ့….
ဟော…
မိုးတောင် အတော်ချုပ်ပါပေါ့…
တို့ရဲ့ “အိမ်”လေးဆီ.. ပြန်ကြစို့ကွဲ့….. ။
ဟီးဟီး… စိတ်ကူးယဉ်ပြီး… ရှက်တောင်ရှက်တယ်…
ဘာဖြစ်ဖြစ် ကိုဟန်သစ်ငြိမ်ရဲ့တက်ကြွေးတော့ ကျေပြီနော်… ။
ထုံးစံအတိုင်း… တက်ဖို့က အစ်ကို မြိုင်ရာဇာတာဇင်ယော်တေ၊ ကိုကိုဖရီး တို့ကို တက်ပါတယ်ရှင်… စိတ်လိုလက်ရ ရေးချင်စိတ် ဖြစ်ချိန်မှာ ရေးပေးပါလို့ :) ။
Labels:
Tag game
|
7
comments
Subscribe to:
Posts (Atom)