My Blog List

ရေးခဲ့ပြီးသမျှတွေ

Life

The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.

~William Arthur Ward

ကူးလူးယှက်သွယ်..

ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..

alwanpyay.ppt@gmail.com

ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။


လာလည်တာ ကျေးဇူးနော်..

ကောင်းသောနေ့ ပါ..
ပျော်ရွှင်ပါစေ..



ခင်မင်မှု ခြေရာလေးများ...

မြန်မာ စံတော်ချိန်

Followers

To Download Zaw Gyi Font

Powered by Blogger.
Friday, June 27, 2008

သက်ငြိမ်...

တိတ်ဆိတ်နေတဲ့ အခန်းငယ်လေးထဲမှာ.. နက်ရှိုင်းတဲ့နေရာကနေလာတဲ့ ရှိုက်သံလေးတစ်သံ သဲ့သဲ့ ကြားနေရတယ်…



Brain: ဟေ့ ဘယ်သူပါလိမ့် ငိုနေတာ...သြော် Heart ကိုး ဘာဖြစ်ရပြန်တာလဲ...



Heartး နာကျင်လွန်းလို့ ပါ...



Eye : နင်နာကျင်တာကို သက်သာအောင် ပေါက်ကွဲပေးရလွန်းလို့ ငါမှာ မျက်ရည်မကျန်တော့ဘူး....အင်း ငါမြင်တာတွေ မှားချင် မှားနေမှာပါ..



Ear : အင်း ..မငိုပါနဲ့ တော့ ငါကြားတာတွေကလည်း မှားချင်မှားနေမှာပါ..



Heart: ငါလေ အကြိမ်ကြိမ် နာကျင်ခဲ့ရတာ... နှစ်ပေါင်းများစွာ...ချစ်ခင် နားလည်ပေးခဲ့ အရှုံးပေးခဲ့ ခွင့်လွှတ်ခဲ့ပြီး မျှော်လင့်ခြင်းတွေကိုသံယောဇဉ်တွေနဲ့ တည်းပြီး နာကျင်မှုတွေကို မေ့ထားနိုင်ဖို့  အရမ်းကို ကျိုးစားခဲ့တာ…သူအသိဆုံးပါ..။



Brain: ငါပြောမယ် …မေ့လိုက်တော့...ဒါနင့်အတွက် အကောင်းဆုံးပဲ…



Lips : ငါပြောလိုက်ရမလာ

(Heart ထံမှ အဖြေစကားပြန် မကြားရသဖြင့် ဘာမှမပြောတော့ဘဲ တင်းတင်းစေ့ပြီး ငြိမ်သက်နေသည်)



Brain: ဟာဒီအတိုင်းဘာမှ မပြောဘဲ နေလို့ လုံးဝမဖြစ်ဘူး...Hand... Email ပို့ လိုက်စမ်းပါကွာ.. အားရပါးရ ပြောပြစ်လိုက်..နောက်ပြီးပြောလိုက်..မေ့လိုက်တော့လို့ ...



Hand: OK!

သူက Gmail ကိုဖွင့်ပြီး စာရိုက်လိုက်တယ်.. ပြီးကာနီးမှာ…



Heart မလုပ်နဲ့  ငါ သေသွားလိမ့်မယ်…



Brain : အိုး ငါ ရှိတာပဲ..



Heart ဒါပေမယ့်.. ဒါပေမယ့်…



Heart ခမျာ ပြောမထွက်နိုင်အောင် အသံလေးတိမ်ဝင်သွားခဲ့တဲ့နောက်မှာ…

ဘာမှဝင်မပြောဘဲ ငြိမ်ပြီး နားထောင်နေခဲ့တဲ့ Nose ဆီက သက်ပျင်းချသံသဲ့သဲ့နဲအတူ Hand ဟာသူရိုက်ထားတဲ့ Mail ကို save လုပ်လိုက်တယ်..



Eye က မျက်လွာနှစ်ခုကို ဖိမှိတ်လိုက် ရင်း ဝေ့သီနေတဲ့ မျက်ရည်စလေးတွေကို ချွေချလိုက်တဲ့နောက်.. အခန်းလေးဟာလည်း ဘာသံမှ မကြားအောင် ဆိတ်ငြိမ်သွားခဲ့ပါတယ်….







Friday, June 13, 2008

ချစ်သူများအတွက်..နှင်းဆီပုံပြင်...

“နှင်းဆီပန်းတွေ မွေ့ ယာခင်း

ဘဝမွေ့ လျော်ခြင်း…

သောကင်းတဲ့ ကမ္ဘာမြေ

မင်းရယ် ကိုယ်ရယ်နေ..

နှင်းဆီ နှင်းဆီအတူပျိုး

သံယောဇဉ်ဖွဲ့  ချစ်နှောင်ကြိုး…“

ဒီကဗျာလေးကို.. အထက်တန်းကျောင်းသူဘဝလောက်တုန်းက မဂ္ဂဇင်းတစ်ခုထဲမှာ ဖတ်ဖူးခဲ့တာလို့ ထင်ပါတယ်..။ ဘယ်သူရေးပြီး ဘယ်မှာဖတ်ဖူးတယ် ဆိုတာမှတ်မိတော့ပေမယ့်.. ကဗျာလေးက ခေါင်းထဲမှာစွဲနေတာမို့ .. တိုက်ဆိုင်မှုတစ်ခုက ဒီကဗျာလေးကိုပြန်ပြီး သတိရစေပြီး.. ဆက်ပြီး အတွေးလေးတွေ ဝင်လာပါတယ်.. တကယ်ချစ်ကြတဲ့ ချစ်သူတွေတိုင်းရဲ့ ပန်းတိုင်ဟာ လက်ထပ်ပြီး သာယာတဲ့ နှစ်ကိုယ်တူဘဝလေး တည်ထောင်နိုင်ဖို့ဆိုတာ မေးကြည့်စရာတောင်လိုမယ်မထင်ပါဘူးနော်.. အဲဒီလို ပန်းခင်းလမ်းကို လျှောက်လှမ်းနိုင်ကြဖို့ .. “နှင်းဆီ နှင်းဆီအတူပျိုး” လို့ ကဗျာရှင်က ဆိုခဲ့သလို.. ချစ်သူနှစ်ဦး စလုံးက တက်ညီလက်ညီ ကြိုးစားကြရမှာပါ..။ ဒီနေရာမှာ…. အဓိက က ကြိုးစားနေချိန်ပါ..အဲဒီအချိန်ဟာ တစ်ချို့ တစ်ချို့ အတွက်လွယ်ကူနိုင်ပေမယ့် အများစု အတွက်တော့ အခက်ခဲဆုံး အချိန်တွေမို့ ..သူတို့ နှစ်ယောက်ရဲ့ အချစ်ကို စာမေးပွဲစစ်ခံရတဲ့ အချိန်လို့ ထင်တာပဲနော်..အဲဒီအချိန်မှာ နားလည်မှုတွေ.. သံယောဇဉ်တွေ..သစ္ဓာတွေ..ရှိမှသာ လက်တွဲမြဲလို့ “သံယောဇဉ်ဖွဲ့ ချစ်နှောင်ကြိုး“ ဟာ ခိုင်မြဲကာ.. ပန်းခင်းထားတဲ့ အနာဂတ်ကို ရောက်နိုင်မှာမို့ …………………………………….

အချစ်စစ်နဲ့ ချစ်ကြသူတိုင်းရဲ့ ဘဝတွေ…လက်တွဲမြဲနိုင်ကြပါစေ……။
Wednesday, June 11, 2008

ကလေးငယ်တွေကို ကူညီစို့ ...

လှိုင်သာယာက ဒုက္ခသည် ကလေးငယ်တွေ ကျောင်းတက်ခွင့်ရ အောင်ကြိုးစားပေးနေတဲ့
လူငယ်အဖွဲ.လေးတစ်ဖွဲ့ ပါ.. အဲဒီ အဖွဲ.လေးအကြောင်းကို..စိတ်ကူးကပြောပြလာပြီး..သူကိုယ်တိုင်ပါဝင် ကြိုးစားနေတယ်..နင်လည်းတတ်နိုင်သလောက် ကူပြီး အလှူငွေကောက်ပေးဦးလို့  ရာဇသံပေးရင်း ဒီလင့်ကို သွားကြည့့်ဆိုလာလို့ ကျမလည်းကြည့်ပြီး..တစ်ဖက်တစ်လမ်းက ကူဖို့ ကြိုးစားနေပါပြီ....သူငယ်ချင်းတို့ လည်း သွားကြည်.ပြီး .. ကူညီနိုင်သလောက်..ကူလိုက်ပါဦးနော်.. သူတို့ အဖွဲ့ ရဲ့  လင့်က... http://hopeformyanmar.co.nr/

fresher welcome ...Lanar skyle party




ချစ်စရာ..ကြိုဆိုသူလေး...
လာနာ ဖက်ရှင်..

လာနာ ထမင်းပွဲ

ဆိုတော့ဆိုပြတယ်..နားမလည်ဘူး.. နားထောင်လို့ တော့ ကောင်းသား..


အားလူးဖုတ်ကြတယ်..

ပွဲသိမ်း..မီးပုံးပျံလွှတ်ကြတာ..ပျော်စရာ..
Monday, June 9, 2008

ပြန်လည် ထူထောင်ရေးဟာ ခရီးရှည်မို့ … သွေးမအေးစေချင်ပါ..

မနေ.က Friend of Burma အဖွဲ့  နဲ့  အတူ ကျွန်မတို့  CMU က ကျောင်းသားတွေ ထုံးစံအတိုင်း walking street မှာ Nargis Victims တွေ အတွက် အလှူငွေကောက်ကြပါတယ်..ဒါက Sunday တိုင်းလုပ်နေကြပါ…
မနေ့ ညက ထိုင်းသူငယ်ချင်းက ပြောလာတာက လုတွေသွေးအေးလာပြီနော်..တစ်လတောင်ရှိလာပြီကိုး..တဲ့..
ဟုတ်ပါတယ်.. အချိန်အတိုင်းအတာတစ်ခုက သွေးအေးစေတာမှန်ပေမယ့် အဲဒီအချိန်အတိုင်းအတာမှာ ပြန်ထူထူထောင်ထောင် ဖြစ်သင့်ပေမယ့် ဖြစ်သင့်သလောက် မဖြစ်တာ ကျမတို့  အမြင်ပဲမို့ .. Nargis ကြောင့် သုညအောက် ဘဝရောက်ခဲ့ရတဲ့ ကျမတို့  မြန်မာပြည်သူပြည်သားတွေ…
ဆာလောင်စွာ ငိုကြွေးနေတဲ့ ကလေးငယ်တွေ…
အားကိုးရာမဲ့ နေတဲ့ အဖွားအို..အဖိုးအိုတွေ…
ဘဝလမ်းပျောက်နေတဲ့ ..သားသမီး နဲ့  ခင်ပွန်းဆုံးရှူံးခဲ့ရတဲ့ မုဆိုးမတွေ…
မျှော်လင့်ချက်ပျောက်နေတဲ့ ကျမတို့  မြန်မာပြည်သူပြည်သားတွေ…
အခု တစ်လဆိုတဲ့ အချိန်က..သူတို့ မျက်ရည်တွေ ကို သုတ်လို့ မကုန်သေးသလို..
သူတို့ ငိုသံတွေ တိတ်မသွားသေးပါဘူး..

Nargis က အချိန်နည်းနည်းလေး အတွင်းမှာဖျက်ဆီးသွားပေ့မယ့်..
ပြန်လည်ထူထောင်ရေး အတွက် ခက်ခက်ခဲခဲ ကြိုးစားနေရတဲ့ ..
ကူညီဖို့ တောင် ..ကူညီခွင့်ရဖို့ ..မနည်းကြိုးစားကူနေရတဲ့ အချေအနေမှာ..
သွေးအေးသွားလို့ မဖြစ်တာမို့ .. အချင်းချင်း သွေးအေးမသွားဖို့ ..နှိးဆော်ရင်း..
အားလုံးလက်တွဲပြီး…
အခု အချိန်မှာ ကယ်ဆယ်ကူညီရေး..ရှေ့ ဆက်ပြီး ပြန်လည်ထူထောင်ရေး ခရီးရှည်ကို ဆက်ကြပါစို့ လို့ ..

The Largest Disaster is NOT the Storm, Cyclone Nargis!!!
Sunday, June 8, 2008

ချင်းမိုင်က နာဂစ် ရံပုံငွေပွဲလေးပါ...

Friday, June 6, 2008

အလွမ်းနေ့ ရက်ရှည်များ......

ကျမဘဝမှာ..တစ်ယောက်တည်း နေရတာ..ပထမဆုံးမို့ အခုအချိန်မှာ ..ကျမ စိတ်တွေ မတည်ငြိမ်တာ အမှန်ပဲ.. တကယ် ကျမရေးချင်တာက .. လူထုအကျိုးပြု .. ကျမ တို့ အမိမြန်မာပြည်ကို တစုံတရာ အကျိုးရှိစေမယ့်စာမျိုး.... ဒါပေမယ့် အလွမ်းနာကျနေတဲ့ အချိန်မို့  လူက ကဗျာခပ်ဆန်ဆန် ဖြစ်နေတာမို့ ... ရေးကျင်.ရရင် ပြီးရော ဆိုပြီး..ဒီ ဒိုင်ရာရီလေး ကို စရေးလိုက်တာ...